Skip to main content
၂၀၂၀ ေရြးေကာက္ပြဲတရားမွ်တရန္အာမခံသည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ဦးျမင့္ႏုိင္ ေျပာ
Ads Block

၂၀၂၀ ေရြးေကာက္ပြဲတရားမွ်တရန္အာမခံသည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ဦးျမင့္ႏုိင္ ေျပာ

လာမည့္ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲ တရားမွ်တရန္ အာမခံေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွအဖြဲ႔၀င္ ဦးျမင့္ႏုိင္က ေျပာလုိက္သည္။

၂၀၂၀ ေရြးေကာက္ပြဲတရားမွ်တရန္အာမခံသည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ဦးျမင့္ႏုိင္ ေျပာ


ဇြန္လ ၉ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ေျဖၾကားေပးျခင္း ျဖစ္သည္။
“ ႏုိင္ငံေရးပါတီအခ်ိဳ႕က စြပ္စြဲသလုိမဟုတ္ဘူးဆုိတာလည္း တုံ႔ျပန္ေျပာဆုိရွင္းလင္းၿပီးျဖစ္တယ္။ အခုလည္း လြတ္လပ္တယ္ဆိုတာ ေကာ္မရွင္ကအာမခံတယ္။ ႏုိင္ငံေရးပါတီ ၂၆ ပါတီကုိ တာ၀န္ခံတာမဟုတ္ဘူး။ ေကာ္မရွင္က ၉၈ ပါတီကုိတာ၀န္ခံတာျဖစ္တယ္။ အခု ၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲစာရင္းက နံပါတ္တစ္ အေရးႀကီးတယ္။အဲဒါကုိဘယ္လုိေကာက္ယူမယ္ဆုိတာကုိအခုမဟာဗ်ဴဟာေရးဆြဲေနတယ္။ၿပီးရင္ သင္တန္းေတြစမယ္။ ေနာက္ၿပီးေျပာခ်င္တာက ေကာ္မရွင္က အဖြဲ႔၀င္တစ္ဦးခ်င္းစီတုိင္းဟာ သမုိင္းမွာ ေကာ္မရွင္နဲ႔ေကာ္မရွင္အဖြဲ႔၀င္ေတြဟာ ဂုဏ္သိကၡာညုိးႏြမ္းထိခုိက္မယ့္အလုပ္ကုိေဆာင္ရြက္မွာ မဟုတ္ဘူး။ ၂၀၂၀ ကုိ တာ၀န္ယူတယ္။ အာမခံတယ္။ တရားမွ်တေစရမယ္” ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ အဖြဲ႔၀င္ ဦးျမင့္ႏုိင္က ေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲတရားမွ်တမႈရွိေရးႏွင့္ပတ္သက္၍ စုိးရိမ္ေၾကာင္း ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေဒါက္တာနႏၵာလွျမင့္က ေျပာဆိုမႈမ်ားရွိထားသည္။
၂၀၁၅ ခုႏွစ္၊ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒မွာ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ဦးတင္ေအးျဖစ္၍ လက္ရွိဥကၠ႒မွာ ဦးလွသိန္းျဖစ္သည္။

၂၀၂၀ ေရြးေကာက္ပြဲတရားမွ်တရန္အာမခံသည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ဦးျမင့္ႏုိင္ ေျပာ


ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလအတြင္း က်င္းပခဲ့ေသာ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီသည္ လူထုေထာက္ခံမႈဆႏၵမဲထက္၀က္ေက်ာ္ျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ အမ်ားအျပား အႏိုင္ရရွိခဲ့ကာ အစိုးရဖြဲ႕စည္းႏုိင္ခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ တရားမျှတရန် အာမခံကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ဝင် ဦးမြင့်နိုင်က ပြောလိုက်သည်။
ဇွန်လ ၉ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားပေးခြင်း ဖြစ်သည်။
“ နိုင်ငံရေးပါတီအချို့က စွပ်စွဲသလိုမဟုတ်ဘူးဆိုတာလည်း တုံ့ပြန်ပြောဆိုရှင်းလင်းပြီးဖြစ်တယ်။ အခုလည်း လွတ်လပ်တယ်ဆိုတာ ကော်မရှင်ကအာမခံတယ်။ နိုင်ငံရေးပါတီ ၂၆ ပါတီကို တာဝန်ခံတာမဟုတ်ဘူး။ ကော်မရှင်က ၉၈ ပါတီကိုတာဝန်ခံတာဖြစ်တယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းက နံပါတ်တစ် အရေးကြီးတယ်။အဲဒါကိုဘယ်လိုကောက်ယူမယ်ဆိုတာကိုအခုမဟာဗျူဟာရေးဆွဲနေတယ်။ပြီးရင် သင်တန်းတွေစမယ်။ နောက်ပြီးပြောချင်တာက ကော်မရှင်က အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းဟာ သမိုင်းမှာ ကော်မရှင်နဲ့ကော်မရှင်အဖွဲ့ဝင်တွေဟာ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်မယ့်အလုပ်ကိုဆောင်ရွက်မှာ မဟုတ်ဘူး။ ၂၀၂၀ ကို တာဝန်ယူတယ်။ အာမခံတယ်။ တရားမျှတစေရမယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတရားမျှတမှုရှိရေးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုမှုများရှိထားသည်။
၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဖြစ်၍ လက်ရှိဥက္ကဋ္ဌမှာ ဦးလှသိန်းဖြစ်သည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် လူထုထောက်ခံမှုဆန္ဒမဲထက်ဝက်ကျော်ဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ အများအပြား အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့စည်းနိုင်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။