Skip to main content
လာမည့္ေရြးေကာက္ပြဲတြင္ ႏုိင္ငံေတာ္သမၼတႏွင့္အတုိင္ပင္ခံပုဂၢိဳလ္တို႔၀င္ၿပိဳင္မည္ဆိုျခင္းႏွင့္ပတ္သက္၍ အေၾကာင္းၾကားထားျခင္းမရွိေသးဟု ဆုိ
Ads Block

လာမည့္ေရြးေကာက္ပြဲတြင္ ႏုိင္ငံေတာ္သမၼတႏွင့္အတုိင္ပင္ခံပုဂၢိဳလ္တို႔၀င္ၿပိဳင္မည္ဆိုျခင္းႏွင့္ပတ္သက္၍ အေၾကာင္းၾကားထားျခင္းမရွိေသးဟု ဆုိ

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ႏုိင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တို႔ ၀င္ေရာက္ ယွဥ္ၿပိဳင္မည္ဆိုျခင္းႏွင့္ပတ္သက္၍ လက္ရွိအထိ အတိအက်ဆံုးျဖတ္ထားျခင္း၊ အေၾကာင္းၾကားထားျခင္းမ်ိဳး မရွိေသးေၾကာင္း NLD ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။

လာမည့္ေရြးေကာက္ပြဲတြင္ ႏုိင္ငံေတာ္သမၼတႏွင့္အတုိင္ပင္ခံပုဂၢိဳလ္တို႔၀င္ၿပိဳင္မည္ဆိုျခင္းႏွင့္ပတ္သက္၍ အေၾကာင္းၾကားထားျခင္းမရွိေသးဟု ဆုိ


ဇြန္လ ၉ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။
“ ကြ်န္ေတာ္တုိ႔ေျပာလုိက္တာက သမၼတႀကီးနဲ႔ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္က ကြ်န္ေတာ္တုိ႔အဖြဲ႔ရဲ႕ ဒုဥကၠ႒- ၁ နဲ႔ ဥကၠ႒လည္းျဖစ္တယ္ေလ။အဲဒီေတာ့ဒီထုံးစံအရ ကြ်န္ေတာ္တုိ႔ကေတာ့ ဒါ၀င္ၿပိဳင္ဖုိ႔အစဥ္အလာတုိင္း ေျပာလုိက္တာ။ ဒါေပမဲ့ဘယ္ၿမိဳ႕နယ္က၀င္ၿပဳိင္မယ္။ ဘယ္ပုံစံဆုိတာ အတိအက်ဆုံးျဖတ္ထားတာ၊ အေၾကာင္းၾကားထားတာမရွိဘူး။ ၀င္ၿပိဳင္မယ္ဆုိရင္ေတာ့လုပ္ထုံးလုပ္နည္းေတြအရလုပ္ရမွာပါ” ဟု NLD ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔ကေျပာသည္။

လာမည့္ေရြးေကာက္ပြဲတြင္ ႏုိင္ငံေတာ္သမၼတႏွင့္အတုိင္ပင္ခံပုဂၢိဳလ္တို႔၀င္ၿပိဳင္မည္ဆိုျခင္းႏွင့္ပတ္သက္၍ အေၾကာင္းၾကားထားျခင္းမရွိေသးဟု ဆုိ


ထို႔အျပင္ မဲဆြယ္ကာလအတြင္း ႏုိင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္တို႔မွာ နယ္ေျမကန္႔သတ္ခ်က္မရွိဘဲမဲဆြယ္ႏုိင္ေၾကာင္း ေရြးေကာက္ပြဲဥပေဒမ်ားႏွင့္ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္ဟု ၄င္းက ဆက္ေျပာသည္။
NLD ပါတီသည္ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလအတြင္း က်င္းပခဲ့ေသာ ပါတီစုံဒီမုိကေရစီ အေထြေထြ ေရြးေကာက္ပြဲတြင္ လူထုေထာက္ခံမႈဆႏၵမဲထက္၀က္ေက်ာ္ျဖင့္ အႏုိင္ရရွိခဲ့သည္။
အဆိုပါေရြးေကာက္ပြဲ၌ လက္ရွိသမၼတႀကီး ဦး၀င္းျမင့္သည္ တာေမြၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ ၀င္ေရာက္ယွဥ္ၿပိဳင္အႏုိင္ရခဲ့ၿပီး ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွာ ေကာ့မွဴးၿမိဳ႕နယ္မွ ယွဥ္ၿပိဳင္အႏုိင္ရရွိခဲ့ျခင္း ျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဆိုခြင်းနှင့်ပတ်သက်၍ လက်ရှိအထိ အတိအကျဆုံးဖြတ်ထားခြင်း၊ အကြောင်းကြားထားခြင်းမျိုး မရှိသေးကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဇွန်လ ၉ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ပြောလိုက်တာက သမ္မတကြီးနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်တော်တို့အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ- ၁ နဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်လေ။အဲဒီတော့ဒီထုံးစံအရ ကျွန်တော်တို့ကတော့ ဒါဝင်ပြိုင်ဖို့အစဉ်အလာတိုင်း ပြောလိုက်တာ။ ဒါပေမဲ့ဘယ်မြို့နယ်ကဝင်ပြိုင်မယ်။ ဘယ်ပုံစံဆိုတာ အတိအကျဆုံးဖြတ်ထားတာ၊ အကြောင်းကြားထားတာမရှိဘူး။ ဝင်ပြိုင်မယ်ဆိုရင်တော့လုပ်ထုံးလုပ်နည်းတွေအရလုပ်ရမှာပါ” ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။
ထို့အပြင် မဲဆွယ်ကာလအတွင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ နယ်မြေကန့်သတ်ချက်မရှိဘဲမဲဆွယ်နိုင်ကြောင်း ရွေးကောက်ပွဲဥပဒေများနှင့် ထုတ်ပြန်ချက်များအရ သိရသည်ဟု ၎င်းက ဆက်ပြောသည်။
NLD ပါတီသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုဆန္ဒမဲထက်ဝက်ကျော်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါရွေးကောက်ပွဲ၌ လက်ရှိသမ္မတကြီး ဦးဝင်းမြင့်သည် တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ကော့မှူးမြို့နယ်မှ ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။