Skip to main content
အရင်လိုပေါတောတောကားတွေ မရိုက်တော့ဘူးဆိုတဲ့ နေဒွေး
Ads Block

အရင်လိုပေါတောတောကားတွေ မရိုက်တော့ဘူးဆိုတဲ့ နေဒွေး


အရင်လိုပေါတောတောကားတွေ မရိုက်တော့ဘူးဆိုတဲ့ နေဒွေး




Unicode Version

 

ပရိသတ်ကိုအရင်လိုညာလို့မရတော့တဲ့အတွက် ပေါတောတောဇာတ်ကားတွေ မရိုက်တော့ဘူးလို့ သရုပ်ဆောင်နေဒွေးက ပြောလာပါတယ်။
လက်ရှိ မြန်မာ့ရုပ်ရှင်လောကပြောင်းလဲလာပုံနဲ့ပတ်သက်ပြီး အခုလို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။
“ နေဒွေးဆိုတဲ့လူတစ်ယောက်ပြောင်းလဲသွားမှာပါ။ ခန္ဓာကိုယ်ကအစ၊ အိုက်တင်ပိုင်းတွေကအစ ပြောင်းလဲသွားမှာပါ။ ပရိသတ်ကိုကြည့်ရတာတန်မယ့်ကားလေးတွေဖြစ်မှာပါ။ ပေါကားတွေ၊ ပေါတောတောကားတွေမဖြစ်တော့တာသေချာတယ်။ ပရိသတ်တွေကို အရင်လိုညာလို့မရတော့ဘူး” လို့ သရုပ်ဆောင်နေဒွေးက ပြောပါတယ်။
သရုပ်ဆောင်နေဒွေးကတော့ Sky Net Pay Per View က ထုတ်လွင့်ပြသမယ့် “ငယ်ပါသေးတယ်” ဆိုတဲ့ ဇာတ်ကားမှာ ရန်အောင်၊ ရဲအောင် ၊ ထွန်းထွန်း ၊ မိုးယံဇွန် ၊ နေနော်၊ သင်ဇာဝင့်ကျော် ၊ ရတနာဗိုလ် စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
မြန်မာ့ရုပ်ရှင်လောကမှာ ယခုနောက်ပိုင်း ဗီဒီယိုဈေးကွက် ကျဆုံးလာပြီး ဇာတ်ပို့၊ ဇာတ်ရံတွေအနေနဲ့ အတော်လေး ဒုက္ခရောက်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

- အိန္ဒြာ(အကုန်သိသတင်းဌာန)

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။