Skip to main content
ဦးအုိက္ထြန္း
Ads Block

ဒီဂ်စ္တယ္နည္းပညာသည္ လုိတရႏုိင္ေသာ အာလာဒင္လုိျဖစ္ေနျပီဟု ေရႊေတာင္လုပ္ငန္းစု ဥကၠ႒ ဦးအုိက္ထြန္းေျပာ

ဒီဂ်စ္တယ္နည္းပညာသည္ ကမၻာေပၚတြင္ လုိတရႏုိင္ေသာ အာလာဒင္လုိမ်ဳိးျဖစ္ေနျပီဟု ေရႊေတာင္လုပ္ငန္းစု ဥကၠ႒ ဦးအုိက္ထြန္းက ေျပာၾကားလုိက္သည္။ 

 

ဦးအုိက္ထြန္း

ရန္ကုန္ျမိဳ ့MICT Park တြင္ ဇြန္လ(၇)ရက္က က်င္းပခဲ့ေသာ Digital Economy Conference Series 2019 ၌ လူငယ္စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ မိတ္ဖက္လုပ္ငန္းရွင္မ်ားကုိ အသိေပးေျပာၾကားလုိက္ျခင္းျဖစ္သည္။ ယေန ့ေခတ္ကမၻာၾကီးအေနျဖင့္ ဒီဂ်စ္တယ္နည္းပညာမ်ား၊ သတင္းအခ်က္အလက္မ်ားႏွင့္သာ စီးဆင္းေနၾကျခင္းျဖစ္ျပီး လုပ္ငန္းမ်ားကုိ ဒီဂ်စ္တယ္နည္းပညာသုိ ့အသြင္ေျပာင္းထားႏုိင္ရန္ လုိအပ္ေနျပီျဖစ္ေၾကာင္းလည္း ဦးအုိက္ထြန္းက ေျပာသည္။ " နည္းပညာအေၾကာင္းေမးရင္ေတာ့ ကၽြန္ေတာ္ဘာမွ မသိဘူး။ ကၽြန္ေတာ္ကုိယ္တုိင္လည္း ရုိးရုိးသာမန္ဖုန္းပဲ သုံးပါတယ္။ ကၽြန္ေတာ္တုိ ့ႏုိင္ငံအေနနဲ ့ေျပာမယ္ဆုိရင္ ကၽြန္ေတာ္တုိ ့ဟာ တုိးတက္ဖြံ ့ျဖိဳးေနတဲ့ႏုိင္ငံေတြနဲ ့၊ အထူးသျဖင့္ အာဆီယံႏုိင္ငံေတြနဲ ့ယွဥ္ရင္ေတာင္ အမ်ားၾကီး ျပတ္က်န္ခဲ့ပါျပီ။ ကၽြန္ေတာ္တုိ ့ရဲ ့လုပ္ငန္းေတြကုိ နည္းပညာေတြနဲ ့ေပါင္းစပ္လုပ္ကုိင္ဖုိ ့လုိေနပါျပီ။ ဒီဂ်စ္တယ္ကုိ ကၽြန္ေတာ္ထင္တာကေတာ့ ကၽြန္ေတာ္ကေလးဘ၀တုန္းက သိခဲ့တဲ့တစ္ခု။ အာလာဒင္လုိမ်ဳိးပါပဲ။ လုိခ်င္တာတစ္ခုခုရွိရင္ ေတာင့္တလုိက္ရုံနဲ ့လုိတရႏုိင္တယ္ေလ " ဟု ဦးအုိက္ထြန္းက ေျပာသည္။ ေရႊေတာင္လုပ္ငန္းစုအေနျဖင့္လည္း လြန္ခဲ့ေသာရက္ပုိင္းအတြင္းက Google ကုမၸဏီမွ တာ၀န္ရွိသူမ်ားႏွင့္ေတြ ့ဆုံခဲ့ျပီး နည္းပညာလုပ္ငန္းကိစၥမ်ားကုိ ေဆြးေႏြးခဲ့ဖူးေၾကာင္း ၄င္းက ဆုိသည္။ ယင္းကဲ့သုိ ့ေဆြးေႏြးခ်ိန္တြင္ ၁၉၉၀ ျပည့္ႏွစ္ကစတင္ခဲ့ေသာ ေရႊေတာင္လုပ္ငန္းစု၏ လက္ရွိတန္ေၾကးေဒၚလာတစ္ဘီလ်ံေက်ာ္ကုိ တုိးတက္ေသာလုပ္ငန္းစုအျဖစ္ Google ဘက္က အသိအမွတ္ျပဳခဲ့ေၾကာင္း ဦးအုိက္ထြန္းက ဆက္လက္ေျပာၾကားသည္။ " Google ရဲ ့တင္ျပမႈကုိ ၾကည့္လုိက္ေတာ့ ၁၉၉၈ ခုႏွစ္က စတင္ခဲ့တဲ့ google က ၂၀၁၄ မွာကတည္းက ေဒၚလာ ၃၉၈ ဘီလ်ံအထိ ရွိေနျပီဆုိေတာ့ ကၽြန္ေတာ္တုိ ့ဘယ္လုိလုပ္ျပီး ႏိႈင္းယွဥ္လုိ ့ရမလဲ " ဟု ၄င္းက ေျပာသည္။

ဦးအုိက္ထြန္း

ဒီဂ်စ္တယ္နည္းပညာကုိ အေျချပဳေသာစီးပြားေရးလုပ္ငန္းမ်ားတြင္ ျမန္မာႏုိင္ငံက ေနာက္က်က်န္ေနခဲ့ျပီဟုဆုိေသာ္လည္း အနာဂတ္လူငယ္မ်ား၌ ပုိေကာင္းေသာအလားအလာမ်ား ရွိေနျပီျဖစ္ေၾကာင္းလည္း ဆိုသည္။ အထူးသျဖင့္ စီးပြားေရးတြင္ ေနာက္က်သြားျပီဆုိေသာ အသိထက္ ပုိေကာင္းေသာအနာဂတ္ရွိသည္ဆုိေသာအခ်က္ကုိသာ လူငယ္မ်ားက ယုံၾကည္ထားသင့္ေၾကာင္းလည္း ဦးအုိက္ထြန္းက တုိက္တြန္းေျပာၾကားသည္။ 

Unicode Version 

ဒီဂျစ်တယ်နည်းပညာသည် ကမ္ဘာပေါ်တွင် လိုတရနိုင်သော အာလာဒင်လိုမျိုးဖြစ်နေပြီဟု ရွှေတောင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ပြောကြားလိုက်သည်။ 

ရန်ကုန်မြို့MICT Park တွင် ဇွန်လ(၇)ရက်က ကျင်းပခဲ့သော Digital Economy Conference Series 2019 ၌ လူငယ်စီးပွားရေးလုပ်ငန်းရှင်များနှင့် မိတ်ဖက်လုပ်ငန်းရှင်များကို အသိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ ယနေ့ခေတ်ကမ္ဘာကြီးအနေဖြင့် ဒီဂျစ်တယ်နည်းပညာများ၊ သတင်းအချက်အလက်များနှင့်သာ စီးဆင်းနေကြခြင်းဖြစ်ပြီး လုပ်ငန်းများကို ဒီဂျစ်တယ်နည်းပညာသို့အသွင်ပြောင်းထားနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ဦးအိုက်ထွန်းက ပြောသည်။ " နည်းပညာအကြောင်းမေးရင်တော့ ကျွန်တော်ဘာမှ မသိဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ရိုးရိုးသာမန်ဖုန်းပဲ သုံးပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ တိုးတက်ဖွံ့ဖြိုးနေတဲ့နိုင်ငံတွေနဲ့၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ယှဉ်ရင်တောင် အများကြီး ပြတ်ကျန်ခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို နည်းပညာတွေနဲ့ပေါင်းစပ်လုပ်ကိုင်ဖို့လိုနေပါပြီ။ ဒီဂျစ်တယ်ကို ကျွန်တော်ထင်တာကတော့ ကျွန်တော်ကလေးဘဝတုန်းက သိခဲ့တဲ့တစ်ခု။ အာလာဒင်လိုမျိုးပါပဲ။ လိုချင်တာတစ်ခုခုရှိရင် တောင့်တလိုက်ရုံနဲ့လိုတရနိုင်တယ်လေ " ဟု ဦးအိုက်ထွန်းက ပြောသည်။ ရွှေတောင်လုပ်ငန်းစုအနေဖြင့်လည်း လွန်ခဲ့သောရက်ပိုင်းအတွင်းက Google ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး နည်းပညာလုပ်ငန်းကိစ္စများကို ဆွေးနွေးခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။ ယင်းကဲ့သို့ဆွေးနွေးချိန်တွင် ၁၉၉၀ ပြည့်နှစ်ကစတင်ခဲ့သော ရွှေတောင်လုပ်ငန်းစု၏ လက်ရှိတန်ကြေးဒေါ်လာတစ်ဘီလျံကျော်ကို တိုးတက်သောလုပ်ငန်းစုအဖြစ် Google ဘက်က အသိအမှတ်ပြုခဲ့ကြောင်း ဦးအိုက်ထွန်းက ဆက်လက်ပြောကြားသည်။ " Google ရဲ့တင်ပြမှုကို ကြည့်လိုက်တော့ ၁၉၉၈ ခုနှစ်က စတင်ခဲ့တဲ့ google က ၂၀၁၄ မှာကတည်းက ဒေါ်လာ ၃၉၈ ဘီလျံအထိ ရှိနေပြီဆိုတော့ ကျွန်တော်တို့ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမလဲ " ဟု ၎င်းက ပြောသည်။

ဒီဂျစ်တယ်နည်းပညာကို အခြေပြုသောစီးပွားရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံက နောက်ကျကျန်နေခဲ့ပြီဟုဆိုသော်လည်း အနာဂတ်လူငယ်များ၌ ပိုကောင်းသောအလားအလာများ ရှိနေပြီဖြစ်ကြောင်းလည်း ဆိုသည်။ အထူးသဖြင့် စီးပွားရေးတွင် နောက်ကျသွားပြီဆိုသော အသိထက် ပိုကောင်းသောအနာဂတ်ရှိသည်ဆိုသောအချက်ကိုသာ လူငယ်များက ယုံကြည်ထားသင့်ကြောင်းလည်း ဦးအိုက်ထွန်းက တိုက်တွန်းပြောကြားသည်။ 

    -   မ်ဳိးေကခုိင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။