Skip to main content
လူမႈကြန္ရက္ေပၚက သတင္းေတြကို ေခါင္းထဲအမ်ားႀကီး မထည့္မထားႏိုင္ဘူးဆိုတဲ့ သရုပ္ေဆာင္ ပြင့္နဒီေမာင္
Ads Block

လူမႈကြန္ရက္ေပၚက သတင္းေတြကို ေခါင္းထဲအမ်ားႀကီး မထည့္မထားႏိုင္ဘူးဆိုတဲ့ သရုပ္ေဆာင္ ပြင့္နဒီေမာင္

Facebook လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရးသားေ၀ဖန္ေနတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေခါင္းထဲကို အမ်ားႀကီးထည့္မထားႏိုင္ဘူးလို႔ သရုပ္ေဆာင္ ပြင့္နဒီေမာင္က ေျပာလာပါတယ္။
ပြင့္နဒီေမာင္ဟာဆိုရင္ ၿပီးခဲ့တဲ့လအတြင္းက လွ်ပ္စစ္မီးျပတ္ေတာက္တာေတြနဲ႔ ပတ္သက္ၿပီး သူမရဲ႕ လူမႈကြန္ရက္မွာ ေရးသား ခဲ့တာေၾကာင့္ Facebook လူမႈကြန္ရက္စာမ်က္ႏွာ အသံုးျပဳသူေတြၾကား ျပစ္တင္ေ၀ဖန္မႈေတြ မ်ားစြာခံခဲ့ရသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။
“ကိုယ့္ရဲ႕အေကာင့္မွာေတာ့ လြတ္လြတ္လပ္လပ္ တင္တယ္္။ ရင္းႏွီးတဲ့ သူေတြက ေ၀ဖန္တာေတြလည္း ရွိတယ္။ ေကာင္းတာ ေတြ  ေထာက္ျပတာေတြလည္း ရွိတယ္။ ေပ့ခ်္မွာက်ေတာ့ ဆင္ဆင္ျခင္ျခင္တင္ရတယ္။ အရင္တုန္းက Facebook က ၇ ရက္ အခုေတာ့ တစ္မနက္ပဲ ခံေတာ့တယ္။  ကိုယ့္ထက္ အရာအားလံုးက ေျပာင္းလဲလာတယ္။   ေခါင္းထဲကို အမ်ားႀကီး မထည့္ႏိုင္ ဘူး။ ကိုယ့္အတြက္ ေကာင္းတာေတြလည္းရွိမယ္။ ဆိုးတာေတြလည္းရွိတယ္။ အရာအားလံုးက ေျပာင္းလဲေနတယ္”လို႔ သူမက ဆိုပါတယ္။
သရုပ္ေဆာင္ ပြင့္နဒီေမာင္ဟာ အႏုပညာအလုပ္ေတြ ရပ္နားထားရာကေန အခုအခ်ိန္မွာေတာ့ တစ္ေက်ာ့ျပန္ ျပန္လည္ ၀င္ ေရာက္လာၿပီး ရုပ္ရွင္ဇာတ္လမ္းတဲြေတြ ရိုက္ကူးေနတာပါတယ္။
ၿပီးခဲ့တဲ့လအတြင္းက ရန္ကုန္ၿမိဳ႕မွာ လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ေနတာနဲ႔ ပတ္သက္ၿပီး သူမရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ “အေမ” ဆိုတဲ့ အသံုးအႏႈန္းကို သံုးႏႈန္းၿပီး ေ၀ဖန္ေရးသားခဲ့တာေၾကာင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ရည္ညႊန္းေရးသားတယ္ဆိုၿပီး NLD ေထာက္ခံသူေတြရဲ႕ ေ၀ဖန္မႈေတြ ခံခဲ့ရပါတယ္။
ဒါေပမဲ့ အဲဒီလို ေရသားတာဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ရည္ညႊန္းေရးသားတာ မဟုတ္ဘဲ သူမရဲ႕ မိခင္ကို ရည္ညႊန္းေရး သားတာ ျဖစ္တယ္လို႔ သူမက ျပန္လည္ ေျဖရွင္းခဲ့ပါတယ္။
သရုပ္ေဆာင္ ပြင့္နဒီေမာင္ဟာ လက္ရွိမွာ  “မ်က္လံုးမွာ အလြမ္း၊ ႏႈတ္ခမ္းမွာ မာန” ဇာတ္လမ္းတြဲကို သရုပ္ေဆာင္ ေအာင္မင္း ခန္႔၊ ထက္ျမက္၊ ေကာင္းဆက္ႏုိင္၊ ေနျခည္ရႊန္းလဲ့၊ ဂရိတ္ခ်မ္း၊ ၀ိုင္းေရႊရည္၊ အကယ္ဒမီဇင္၀ိုင္း၊ ညီနႏၵ၊ ခိုင္ႏွင္းေ၀တို႔နဲ႔ ရိုက္ကူး ေနတာ ျဖစ္ပါတယ္။   

- အိျႏၵာ (အကုန္သိ သတင္းဌာန)

Unicode Version

 

Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဝေဖန်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ခေါင်းထဲကို အများကြီးထည့်မထားနိုင်ဘူးလို့ သရုပ်ဆောင် ပွင့်နဒီမောင်က ပြောလာပါတယ်။
ပွင့်နဒီမောင်ဟာဆိုရင် ပြီးခဲ့တဲ့လအတွင်းက လျှပ်စစ်မီးပြတ်တောက်တာတွေနဲ့ ပတ်သက်ပြီး သူမရဲ့ လူမှုကွန်ရက်မှာ ရေးသား ခဲ့တာကြောင့် Facebook လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူတွေကြား ပြစ်တင်ဝေဖန်မှုတွေ များစွာခံခဲ့ရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
“ကိုယ့်ရဲ့အကောင့်မှာတော့ လွတ်လွတ်လပ်လပ် တင်တယ်။ ရင်းနှီးတဲ့ သူတွေက ဝေဖန်တာတွေလည်း ရှိတယ်။ ကောင်းတာ တွေ  ထောက်ပြတာတွေလည်း ရှိတယ်။ ပေ့ချ်မှာကျတော့ ဆင်ဆင်ခြင်ခြင်တင်ရတယ်။ အရင်တုန်းက Facebook က ၇ ရက် အခုတော့ တစ်မနက်ပဲ ခံတော့တယ်။  ကိုယ့်ထက် အရာအားလုံးက ပြောင်းလဲလာတယ်။   ခေါင်းထဲကို အများကြီး မထည့်နိုင် ဘူး။ ကိုယ့်အတွက် ကောင်းတာတွေလည်းရှိမယ်။ ဆိုးတာတွေလည်းရှိတယ်။ အရာအားလုံးက ပြောင်းလဲနေတယ်”လို့ သူမက ဆိုပါတယ်။
သရုပ်ဆောင် ပွင့်နဒီမောင်ဟာ အနုပညာအလုပ်တွေ ရပ်နားထားရာကနေ အခုအချိန်မှာတော့ တစ်ကျော့ပြန် ပြန်လည် ဝင် ရောက်လာပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ရန်ကုန်မြို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “အမေ” ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းပြီး ဝေဖန်ရေးသားခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းရေးသားတယ်ဆိုပြီး NLD ထောက်ခံသူတွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီလို ရေသားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းရေးသားတာ မဟုတ်ဘဲ သူမရဲ့ မိခင်ကို ရည်ညွှန်းရေး သားတာ ဖြစ်တယ်လို့ သူမက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
သရုပ်ဆောင် ပွင့်နဒီမောင်ဟာ လက်ရှိမှာ  “မျက်လုံးမှာ အလွမ်း၊ နှုတ်ခမ်းမှာ မာန” ဇာတ်လမ်းတွဲကို သရုပ်ဆောင် အောင်မင်း ခန့်၊ ထက်မြက်၊ ကောင်းဆက်နိုင်၊ နေခြည်ရွှန်းလဲ့၊ ဂရိတ်ချမ်း၊ ဝိုင်းရွှေရည်၊ အကယ်ဒမီဇင်ဝိုင်း၊ ညီနန္ဒ၊ ခိုင်နှင်းဝေတို့နဲ့ ရိုက်ကူး နေတာ ဖြစ်ပါတယ်။   

- အိန္ဒြာ (အကုန်သိ သတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။