Skip to main content
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ (၂၀၈၆၈) ဦးအောင်မြင် ဂုဏ်ထူးရသူ (၃၀၀၀) ဦးရှိ
Ads Block

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ (၂၀၈၆၈) ဦးအောင်မြင် ဂုဏ်ထူးရသူ (၃၀၀၀) ဦးရှိ


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ (၂၀၈၆၈) ဦးအောင်မြင် ဂုဏ်ထူးရသူ (၃၀၀၀) ဦးရှိ



Unicode Version

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူ ၂၀၈၆၈ ဦးအောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသူ ၃၀၀၀ ဦး ရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက် နံနက်အစောပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ စာဖြေဌာနများနှင့် မြို့နယ်ပညာ ရေးမှူးရုံး များ၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်စာရင်းများ ကပ်ထားပေးရာ ကျောင်းသား/သူများနှင့် မိဘဆွေမျိုး ညီ အစ်ကိုမောင်နှမများက လာရောက်ကြည့်ရှုခဲ့ကြသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးရှိ စာဖြေဌာန(၁၆၁)ခုတို့တွင် ကျောင်းသား/သူ (၇၅ ၂၂၆) ဦးဝင်ရောက်ဖြေဆိုရာ(၂၀၈၆၈) ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အောင်မြင်သူများအနက်မှ (၆) ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၅၂)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၃၆) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၃၂၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၄၆၄)ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ (၃၀၀၀) ဦး ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ပဲခူးမြို့နယ်အနေဖြင့် ကျောင်းသား/သူ(၈၀၄၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၆၆၉)ဦး အောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် (၃၃.၂၀) ရာခိုင်နှုန်း အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
အောင်မြင်သူများအနက် (၅) ဘာသာဂုဏ်ထူး (၅)ဦး၊ (၄) ဘာသာဂုဏ်ထူး (၁၃)ဦး၊ (၃) ဘာသာဂုဏ်ထူး (၂၈)ဦး၊ (၂) ဘာသာ ဂုဏ်ထူး (၅၅)ဦး၊ (၁) ဘာသာဂုဏ်ထူး (၃၀၆) ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ (၄၀၇) ဦးရှိကြောင်း သိရသည်။

- ဖြိုးကိုလင်း - ညောင်ဝိုင်း (အကုန်သိသတင်းဌာန)

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။