Skip to main content
ေခါင္းတိုင္မွမီးခိုးထြက္ေနေသာစက္ရံုမ်ားကိုသတိေပးထားေၾကာင္း ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ေျပာ
Ads Block

ေခါင္းတိုင္မွမီးခိုးထြက္ေနေသာစက္ရံုမ်ားကိုသတိေပးထားေၾကာင္း ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ေျပာ

ရန္ကုန္တုိင္းေဒသႀကီးတြင္ ပတ္ဝန္းက်င္ထိခုိက္မႈရွိေနသည့္ စက္ရုံမ်ားအခ်ိန္မီျပဳျပင္ေျပာင္းလဲမႈ မလုပ္ပါက ပိတ္သိမ္းမည္ဟု ရန္ကုန္တုိင္းေဒသႀကီးေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာလုိက္သည္။
၂၀၁၉ ခုႏွစ္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးေန႔ အခမ္းအနားတြင္ ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ားေလထုညစ္ညမ္းမႈ ပတ္ဝန္းက်င္ထိခုိက္မႈမ်ားႏွင့္ပတ္သက္ၿပီး ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ေခါင္းတုိင္ေတြကေန မီးခိုးထြက္ေနတာေတြကိုသတိေပးထားပါတယ္။ ဒီစက္ရုံေတြက ကာလအပုိင္းအျခား ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ရပါ့မယ္။ မလုပ္ဘူးဆုိရင္ ဒီစက္ရုံေတြကိုပိတ္ရပါမယ္။ အမ်ားဆံုးစကၠဴစက္ရုံေတြ ေတာ္ေတာ္မ်ားမ်ားဟာ ဘြိဳင္လာစနစ္မီးထုိးတဲ့ေနရာမွာ ရာဘာေတြ၊ တာယာေတြ၊ အမိႈက္ေတြ၊ ပလတ္စတစ္ေတြကိုမီးထုိးေနတာျဖစ္တဲ့အတြက္ ကၽြန္ေတာ္တုိ႔ပတ္ဝန္းက်င္ကိုညစ္ညမ္းေစတဲ့ အေျခအေနေတြပါ” ဟု ရန္ကုန္တုိင္းေဒသႀကီးေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိစက္မႈဇုန္မ်ားသည္ ပတ္ဝန္းက်င္ထိခုိက္မႈအေျခအေနတြင္ရွိေနသည့္ သဘာဝပတ္ဝန္းက်င္ ဦးစီးဌာနမွ တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္ေဆာင္ရြက္ေနေၾကာင္း ၎က ဆက္ေျပာသည္။
ရန္ကုန္တုိင္းေဒသႀကီး၌ စက္မႈဇုန္ ၂၉ ခုရွိၿပီး အထူးစီးပြားေရးဇုန္အျဖစ္ သီလဝါအထူးစီးပြားေရးဇုန္ရွိေၾကာင္း သိရသည္။
ေလထုညစ္ညမ္းမႈေၾကာင့္ ကမၻာေပၚတြင္ ႏွစ္စဥ္ေသဆံုးသူဦးေရ ၃.၇ သန္းရွိၿပီး အဆုိပါေသဆံုးမႈအနက္ ၂.၆သန္းသည္ အေရွ႕ေတာင္အာရွႏွင့္ အေနာက္ပစိဖိတ္ေဒသမ်ားမွျဖစ္ေၾကာင္းသိရသည္။
ကမၻာေပၚရွိ ႏုိင္ငံေပါင္း ၁၉၃ ႏုိင္ငံအနက္ ႏုိင္ငံေပါင္း ၉၀ ႏုိင္ငံတြင္ ေမာ္ေတာ္ယာဥ္မ်ားမွ အခုိ္းအေငြ႔ ထုတ္လႊတ္မႈအတြက္ စံခ်ိန္စံညႊန္းမရွိေသးေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဦးစီးဌာနမွ သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

ရန်ကုန်တိုင်းဒေသကြီးတွင် ပတ်ဝန်းကျင်ထိခိုက်မှုရှိနေသည့် စက်ရုံများအချိန်မီပြုပြင်ပြောင်းလဲမှု မလုပ်ပါက ပိတ်သိမ်းမည်ဟု ရန်ကုန်တိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်သည်။
၂၀၁၉ ခုနှစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များလေထုညစ်ညမ်းမှု ပတ်ဝန်းကျင်ထိခိုက်မှုများနှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ခေါင်းတိုင်တွေကနေ မီးခိုးထွက်နေတာတွေကိုသတိပေးထားပါတယ်။ ဒီစက်ရုံတွေက ကာလအပိုင်းအခြား ပြုပြင်ပြောင်းလဲမှုတွေလုပ်ရပါ့မယ်။ မလုပ်ဘူးဆိုရင် ဒီစက်ရုံတွေကိုပိတ်ရပါမယ်။ အများဆုံးစက္ကူစက်ရုံတွေ တော်တော်များများဟာ ဘွိုင်လာစနစ်မီးထိုးတဲ့နေရာမှာ ရာဘာတွေ၊ တာယာတွေ၊ အမှိုက်တွေ၊ ပလတ်စတစ်တွေကိုမီးထိုးနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ပတ်ဝန်းကျင်ကိုညစ်ညမ်းစေတဲ့ အခြေအနေတွေပါ” ဟု ရန်ကုန်တိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်မှုဇုန်များသည် ပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေတွင်ရှိနေသည့် သဘာဝပတ်ဝန်းကျင် ဦးစီးဌာနမှ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုဇုန် ၂၉ ခုရှိပြီး အထူးစီးပွားရေးဇုန်အဖြစ် သီလဝါအထူးစီးပွားရေးဇုန်ရှိကြောင်း သိရသည်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်သေဆုံးသူဦးရေ ၃.၇ သန်းရှိပြီး အဆိုပါသေဆုံးမှုအနက် ၂.၆သန်းသည် အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသများမှဖြစ်ကြောင်းသိရသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၉၀ နိုင်ငံတွင် မော်တော်ယာဉ်များမှ အခိုးအငွေ့ ထုတ်လွှတ်မှုအတွက် စံချိန်စံညွှန်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။