Skip to main content
တပ္မေတာ္မွတရားစြဲဆိုထားသည္ဆိုျခင္းႏွင့္ပတ္သက္၍ လက္ရွိအထိအေၾကာင္းၾကားျခင္းမရွိေသးဟု မာန္(ေတာင္လံုးျပန္) ေျပာ
Ads Block

တပ္မေတာ္မွတရားစြဲဆိုထားသည္ဆိုျခင္းႏွင့္ပတ္သက္၍ လက္ရွိအထိအေၾကာင္းၾကားျခင္းမရွိေသးဟု မာန္(ေတာင္လံုးျပန္) ေျပာ

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ေဟာေျပာခဲ့သည့္အေပၚ တပ္မေတာ္ဘက္မွ ထိခိုက္ နစ္နာခဲ့သည္ဟုဆိုကာ တရားစြဲဆိုထားျခင္းႏွင့္ပတ္သက္၍ လက္ရွိအထိ တရားရံုးမွအေၾကာင္းၾကားျခင္း မရွိေသးေၾကာင္း မာန္(ေတာင္လုံးျပန္)က ေျပာသည္။
ၿပီးခဲ့သည့္ေမလ ၉ ရက္က ၿမိတ္ၿမိဳ႕နယ္တြင္ျပဳလုပ္ခဲ့သည့္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး လူထုေဟာေျပာပြဲတြင္ စာေရးဆရာမာန္(ေတာင္လုံးျပန္)၏ ေဟာေျပာမႈမ်ားသည္ တပ္မေတာ္ကို ေဝဖန္ပုတ္ခတ္မႈသက္ေရာက္ေစခဲ့ဟုဆိုကာ ပုဒ္မ-၅၀၅(က) ျဖင့္ တပ္မေတာ္မွ တရားစြဲဆိုလိုက္ေၾကာင္း သတင္းမ်ားထြက္ေပၚေနျခင္းႏွင့္ပတ္သက္၍ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ကြ်န္ေတာ္လည္း ဒီေန႔သတင္းစာမွာပါလာလို႔ ဖတ္လိုက္ရတယ္။ တပ္မေတာ္အရာရွိကေတာ့ ဘယ္လို အေၾကာင္းအရာေၾကာင့္ ပုဒ္မ-၅၀၅(က)နဲ႔ စြဲပါတယ္လို႔ေျပာထားတာကို ဖတ္ရပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ဟိုဘက္ကေတာ့တစ္ခုမွဆက္သြယ္လာတာမ်ဳိး မရွိေသးပါဘူး။ သူတို႔ကေတာ့ ဥပေဒအေၾကာင္းအရေတာ့ သြားမွာေပါ့။ တရားရုံးကို သူတို႔ေလွ်ာက္မယ္။ တရားရုံးကဒါကိုလက္ခံၿပီး ကြ်န္ေတာ့္ဆီကို လွမ္းအေၾကာင္းၾကားမွာေပါ့။ အဲဒီအဆင့္အထိကို ေရာက္မလာေသးတဲ့အတြက္ ကြ်န္ေတာ္လည္း ေစာင့္ေနတုန္းပဲရွိပါေသးတယ္” ဟု စာေရးဆရာမာန္(ေတာင္လုံးျပန္)က အကုန္သိသတင္းဌာနသို႔ ဇြန္လ ၆ ရက္၊ ညေနပိုင္းတြင္ ေျပာသည္။
“တပ္မေတာ္အစိုးရလက္ထက္ ႏွစ္ေပါင္း ၂၀ အုပ္ခ်ဳပ္ၿပီးေနာက္ တိုင္းျပည္နိမ့္က်ၿပီးအုပ္ခ်ဳပ္သူမ်ား ထားစရာမရွိေအာင္ ခ်မ္းသာသြား”ဟု ေဟာေျပာသည့္အတြက္ စာေရးဆရာမာန္(ေတာင္လုံးျပန္)ကို တပ္မေတာ္ကတရားစြဲဆိုျခင္းျဖစ္ေၾကာင္း ကမ္း႐ိုးတန္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီးဗိုလ္မွဴးႀကီးသန္႔ဇင္ဦးက သတင္းဌာနတစ္ခုသို႔ ေျဖၾကားထားသည္။
လက္ရွိတြင္ တပ္မေတာ္မွ ဗိုလ္ႀကီးေဟာင္းေနမ်ဳိးဇင္၊ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီး၊ ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔၊ သရုပ္ေဆာင္ဇာဂနာအပါအဝင္ ‘ဇြဲ’ အၿငိမ့္အဖြဲ႔၊ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူမ်ားႏွင့္ သတင္းမီဒီယာမ်ားကိုတရားစြဲဆိုမႈမ်ားရွိေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ဟောပြောခဲ့သည့်အပေါ် တပ်မတော်ဘက်မှ ထိခိုက် နစ်နာခဲ့သည်ဟုဆိုကာ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ လက်ရှိအထိ တရားရုံးမှအကြောင်းကြားခြင်း မရှိသေးကြောင်း မာန်(တောင်လုံးပြန်)က ပြောသည်။
ပြီးခဲ့သည့်မေလ ၉ ရက်က မြိတ်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် စာရေးဆရာမာန်(တောင်လုံးပြန်)၏ ဟောပြောမှုများသည် တပ်မတော်ကို ဝေဖန်ပုတ်ခတ်မှုသက်ရောက်စေခဲ့ဟုဆိုကာ ပုဒ်မ-၅၀၅(က) ဖြင့် တပ်မတော်မှ တရားစွဲဆိုလိုက်ကြောင်း သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ကျွန်တော်လည်း ဒီနေ့သတင်းစာမှာပါလာလို့ ဖတ်လိုက်ရတယ်။ တပ်မတော်အရာရှိကတော့ ဘယ်လို အကြောင်းအရာကြောင့် ပုဒ်မ-၅၀၅(က)နဲ့ စွဲပါတယ်လို့ပြောထားတာကို ဖတ်ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဟိုဘက်ကတော့တစ်ခုမှဆက်သွယ်လာတာမျိုး မရှိသေးပါဘူး။ သူတို့ကတော့ ဥပဒေအကြောင်းအရတော့ သွားမှာပေါ့။ တရားရုံးကို သူတို့လျှောက်မယ်။ တရားရုံးကဒါကိုလက်ခံပြီး ကျွန်တော့်ဆီကို လှမ်းအကြောင်းကြားမှာပေါ့။ အဲဒီအဆင့်အထိကို ရောက်မလာသေးတဲ့အတွက် ကျွန်တော်လည်း စောင့်နေတုန်းပဲရှိပါသေးတယ်” ဟု စာရေးဆရာမာန်(တောင်လုံးပြန်)က အကုန်သိသတင်းဌာနသို့ ဇွန်လ ၆ ရက်၊ ညနေပိုင်းတွင် ပြောသည်။
“တပ်မတော်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ အုပ်ချုပ်ပြီးနောက် တိုင်းပြည်နိမ့်ကျပြီးအုပ်ချုပ်သူများ ထားစရာမရှိအောင် ချမ်းသာသွား”ဟု ဟောပြောသည့်အတွက် စာရေးဆရာမာန်(တောင်လုံးပြန်)ကို တပ်မတော်ကတရားစွဲဆိုခြင်းဖြစ်ကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီးသန့်ဇင်ဦးက သတင်းဌာနတစ်ခုသို့ ဖြေကြားထားသည်။
လက်ရှိတွင် တပ်မတော်မှ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၊ သရုပ်ဆောင်ဇာဂနာအပါအဝင် ‘ဇွဲ’ အငြိမ့်အဖွဲ့၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာများကိုတရားစွဲဆိုမှုများရှိနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။