Skip to main content
ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ ရင်းနှီးခဲ့လို့ လူအခွင့်အရေးလူ့ဂုဏ်သိက္ခာပွဲတော်မှာ ပါဝင်ဖြစ်တယ်ဆိုတဲ့သရုပ်ဆောင် အကယ်ဒမီ လူမင်း
Ads Block

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ ရင်းနှီးခဲ့လို့ လူအခွင့်အရေးလူ့ဂုဏ်သိက္ခာပွဲတော်မှာ ပါဝင်ဖြစ်တယ်ဆိုတဲ့သရုပ်ဆောင် အကယ်ဒမီ လူမင်း


ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ ရင်းနှီးခဲ့လို့ လူအခွင့်အရေးလူ့ဂုဏ်သိက္ခာပွဲတော်မှာ ပါဝင်ဖြစ်တယ်ဆိုတဲ့သရုပ်ဆောင် အကယ်ဒမီ လူမင်း




Unicode Version

 

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အရင်ကတည်းက ရင်းနှီးခဲ့တဲ့အတွက်ကြောင့် လူအခွင့်ရေးလူ့ ဂုဏ်သိက္ခာ ပွဲတော်မှာ လူအခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) လူတိုင်းလွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိသည် ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာ ပါဝင်ဖြစ်ခဲ့တဲ့အကြောင်းကို လူမင်း က ပြောပါတယ်။
ဒီဇာတ်လမ်းတိုမှာ အကယ်ဒမီလူမင်းနဲ့ အတူ ဖြိုးဇေယျာကျော် ၊ မိုးသစ်ဆက်ထွန်း အဖွဲ့ နဲ့အတူရိုက်ကူးခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာပွဲတော်မှာ ဇာတ်လမ်းတို ၃၀ ပါဝင်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူးဖြစ်တာနဲ့ ပတ်သတ်ပြီး ခုလိုပဲ ပြောထားပါတယ်။
 “ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ က အရင်ကတည်းကရင်းနှီးခဲ့တဲ့ အတွက်ကြောင့် ခုလို ပါဝင်ပြီးသရုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ လူအချင်းချင်းအတူတူ ဆိုပေမယ့်လည်း လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးဘာလို့ ပြောနေရသလည်းဆိုတော့ တိုင်းပြည်အတွက် ခုလိုပြောဖို့ တကယ်လိုအပ်နေလို့ ပွဲတော်တွေလုပ်ပြီး အသိပေးနေရတာပါ။အဓိက ကတော့ ကိုမင်းထင်ကိုကို ကြီးနဲ့ ကရင်းနှီးတာကြာပြီလေ လူ့အခွင့် အရေးလူ့ဂုဏ်သိက္ခာ ပွဲတော်တွေ လည်း အစဉ်အဆက် မပြတ်ဆောင်ရွက် နေတာတွေလည်း နှစ်စဉ်နဲ့ နှစ်တိုင်းဆိုသလို အားပေးခဲ့တယ်။နောက်ပြီး လူ့ အခွင့်အရေး လူ့ဂုဏ်သိက္ခာ အချက်အလက်တွေ ကို ပြည်သူတွေ ကိုလည်း ပိုမိုရင်းနှီးနားလည်သိရှိ စေချင်တဲ့ စိတ်ကြောင့် ပါဝင်ဖြစ်တာပါ ။ လူလူချင်းအတူတူ ဘာကြောင့် လူ့ရဲ့ အခွင့်အရေး လူဂုဏ်သိက္ခာ တွေကြောင့် ပြောနေရသေးလဲ ဆိုတော့ အထူးသဖြင့် တိုင်းပြည်အ တွက်ပြောဖို့တကယ်လိုအပ်နေသေးလို့ပြောဖို့ လိုအပ်နေလို့ ခုလိုပွဲတော်တွေ လုပ်ပြီးတော့ အနုပညာရှင်တွေက ဝိုင်းဝန်းရိုက်ကူးပြီးတော့ ပြည်သူတွေကို အသိပေးနေရ သေးတယ်ဆိုတာ တကယ်ကိုလိုအပ်ချက်ကြီးမားနေသေးလို့ပါ” လို့လူမင်း က ပြောပါတယ်။
လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ပွဲတော်မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သလို ကလေးသူငယ်နဲ့ ပတ်သက်တဲ့ ပညာပေးဇာတ်လမ်းတွေကိုကြည့်ရင်း ဖခင်တစ်ယောက် အနေနဲ့ ခံစားချက်တွေ ဖြစ်ပေါ်ခဲ့သလို ကလေးသူငယ်နဲ့ ပတ်သက်ပြီးအရေးယူဆောင်ရွက်မှုတွေ အများကြီးလိုနေသေးတယ်လို့လည်းပြောပြခဲ့ပါတယ်။
ယခုလက်ရှိမှာတော့ သရုပ်ဆောင် အကယ်ဒမီလူမင်း က ဇာတ်ကားရိုက်ကူးမှုတွေကို ခေတ္တနားထားပြီး ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားတစ်ခုကို သာ သေချာအာရုံစိုက်ပြင်ဆင်ဖြစ်နေတယ်လို့ သိရပါတယ်။

- ကေကေခင် (အကုန်သိသတင်းဌာန)

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။