Skip to main content
ေနေရႊေသြးေအာင္ရဲ႕ ပတ္သက္တဲ့ ဓာတ္ပံုတစ္ပံုကို ျပန္လည္ေျပာျပခဲ့တဲ့ Miss Universe Myanmar 2019 1st Runner Up ဆုရွင္ ေမႊးသက္
Ads Block

ေနေရႊေသြးေအာင္ရဲ႕ ပတ္သက္တဲ့ ဓာတ္ပံုတစ္ပံုကို ျပန္လည္ေျပာျပခဲ့တဲ့ Miss Universe Myanmar 2019 1st Runner Up ဆုရွင္ ေမႊးသက္

ေမလ ၃၁ ရက္ေန႔မွာက်င္းပတဲ့ Miss Universe Myanmar 2019 Grand Final ပဲြႀကီးမွာ ေနေရႊေသြးေအာင္ နဲ႔ အလွမယ္ေမႊးသက္ရဲ႕ ဓာတ္ပံုတစ္ပံုက ပ၇ိသတ္ၾကားေ၀ဖန္ေျပာဆိုမႈေတြရွိလာတဲ့အတြက္ ျပန္လည္ေျဖရွင္းေျပာျပလာပါတယ္။

ေနေရႊေသြးေအာင္ရဲ႕ ပတ္သက္တဲ့ ဓာတ္ပံုတစ္ပံုကို ျပန္လည္ေျပာျပခဲ့တဲ့ Miss Universe Myanmar 2019 1st Runner Up ဆုရွင္ ေမႊးသက္

Miss Universe Myanmar 2019 Grand Final မွာေနေရႊေသြးေအာင္ က ေတးသီခ်င္းမ်ားနဲေဖ်ာ္ေျဖခဲ့ၿပီး အလွမယ္ မ်ား လမ္းေလွ်ာက္ အလွျပစဥ္ ပ၇ိသတ္ၾကား သတိထားမိေစတဲ့ ဓာတ္ပံုတစ္ပံု နဲ႕ ပတ္သက္ၿပီး အကုန္သိသတင္းဌာနရဲ႕ေမးျမန္းမႈကို အလွမယ္ေမႊးသက္ကေျဖၾကားခဲ့ပါတယ္။ “ထိုင္းက ေလ့က်င့္ေပးတဲ့ အကဆရာေတြနဲ႕ အကေတြတုိက္တဲ့အခါမွာ ကိုယ္က ကတတ္တဲ့သူျဖစ္တဲ့အတြက္ ေရွ႕ဆံုးကိုပုိ႕လိုက္တာပါ။ ေရွ႕ဆံုးမွာပို႕လိုက္ေတာ့ ကတဲ့အခ်ိန္မွာ ကိုေနေရႊေသြးေအာင္ ေဘးနားမွာ ျဖစ္သြားၿပီး တိုက္ဆိုင္သြားတာပါ။ ၿပီးေတာ့ မီဒီယာေတြလည္း ဓါတ္ပံုရိုက္တာ ကြက္တိျဖစ္သြားေတာ့ အဲ့ပံုကုိ ပိုေပါက္သြားတာပါ။ ဘာပဲေျပာေျပာေပါက္သြားတဲ့အတြက္ ေက်နပ္ပါတယ္။” လို႕Miss Universe Myanmar 2019 ရဲ႕ 1st Runner Up ရရိွခဲ့တဲ့ ၿမိတ္ၿမိဳ႕နယ္ ကိုယ္စားျပဳအလွမယ္ ေမႊးသက္ က ေျပာျပခဲ့ပါတယ္။ အလွမယ္ေမႊးသက္ Miss Universe Myanmar2015 မွာယွဥ္ၿပိဳင္ခဲ့ၿပီး Top 10 အထိ ၀င္ေရာက္ခဲ့သလို ၄ ႏွစ္တာကာလမွာ ျပန္လည္ျပင္ဆင္ၿပီးေတာ့ Miss Universe Myanmar 2019 ပဲြႀကီးကို ျပန္လည္ဝင္ျပိဳင္ခဲ့တာလည္း ျဖစ္ပါတယ္လို႔ သိရပါတယ္။

ေနေရႊေသြးေအာင္ရဲ႕ ပတ္သက္တဲ့ ဓာတ္ပံုတစ္ပံုကို ျပန္လည္ေျပာျပခဲ့တဲ့ Miss Universe Myanmar 2019 1st Runner Up ဆုရွင္ ေမႊးသက္

အခုလက္ရိွမွာေတာ့ အလွမယ္ေမႊးသက္ က လာမယ့္ ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ဗင္နီဇဲြလား မွာ က်င္းပမယ့္ Miss Grand International ၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ ဖို႕ ႀကိဳတင္ျပင္ဆင္မႈ ေတြကိုျပဳလုပ္ေနတယ္လို႕ သိရပါတယ္။

- မ်ဳိးေကခိုင္(အကုန္သိသတင္းဌာန)

Unicode Version

 

မေလ ၃၁ ရက်နေ့မှာကျင်းပတဲ့ Miss Universe Myanmar 2019 Grand Final ပွဲကြီးမှာ နေရွှေသွေးအောင် နဲ့ အလှမယ်မွှေးသက်ရဲ့ ဓာတ်ပုံတစ်ပုံက ပရိသတ်ကြားဝေဖန်ပြောဆိုမှုတွေရှိလာတဲ့အတွက် ပြန်လည်ဖြေရှင်းပြောပြလာပါတယ်။
Miss Universe Myanmar 2019 Grand Final မှာနေရွှေသွေးအောင် က တေးသီချင်းများနဲဖျော်ဖြေခဲ့ပြီး အလှမယ် များ လမ်းလျှောက် အလှပြစဉ် ပရိသတ်ကြား သတိထားမိစေတဲ့ ဓာတ်ပုံတစ်ပုံ နဲ့ ပတ်သက်ပြီး အကုန်သိသတင်းဌာနရဲ့မေးမြန်းမှုကို အလှမယ်မွှေးသက်ကဖြေကြားခဲ့ပါတယ်။
 “ထိုင်းက လေ့ကျင့်ပေးတဲ့ အကဆရာတွေနဲ့ အကတွေတိုက်တဲ့အခါမှာ ကိုယ်က ကတတ်တဲ့သူဖြစ်တဲ့အတွက် ရှေ့ဆုံးကိုပို့လိုက်တာပါ။ ရှေ့ဆုံးမှာပို့လိုက်တော့ ကတဲ့အချိန်မှာ ကိုနေရွှေသွေးအောင် ဘေးနားမှာ ဖြစ်သွားပြီး တိုက်ဆိုင်သွားတာပါ။ ပြီးတော့ မီဒီယာတွေလည်း ဓါတ်ပုံရိုက်တာ ကွက်တိဖြစ်သွားတော့ အဲ့ပုံကို ပိုပေါက်သွားတာပါ။ ဘာပဲပြောပြောပေါက်သွားတဲ့အတွက် ကျေနပ်ပါတယ်။” လို့Miss Universe Myanmar 2019 ရဲ့ 1st Runner Up ရရှိခဲ့တဲ့ မြိတ်မြို့နယ် ကိုယ်စားပြုအလှမယ် မွှေးသက် က ပြောပြခဲ့ပါတယ်။
အလှမယ်မွှေးသက် Miss Universe Myanmar2015 မှာယှဉ်ပြိုင်ခဲ့ပြီး Top 10 အထိ ဝင်ရောက်ခဲ့သလို ၄ နှစ်တာကာလမှာ ပြန်လည်ပြင်ဆင်ပြီးတော့ Miss Universe Myanmar 2019 ပွဲကြီးကို ပြန်လည်ဝင်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ အလှမယ်မွှေးသက် က လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ဗင်နီဇွဲလား မှာ ကျင်းပမယ့်  Miss Grand International ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် ဖို့ ကြိုတင်ပြင်ဆင်မှု တွေကိုပြုလုပ်နေတယ်လို့ သိရပါတယ်။

- မျိုးကေခိုင်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။