Skip to main content
“ ျပည္သူေတြကခုိင္းလုိ႔ေကာင္းတဲ့ႏြားႀကီးျဖစ္ေအာင္ကြ်န္ေတာ္တုိ႔ကေတာ့လုပ္ရမွာေပါ့” ဟု ျပည္ခိုင္ၿဖိဳးပါတီမွ ေဒါက္တာနႏၵာလွျမင့္ ေျပာ
Ads Block

“ ျပည္သူေတြကခုိင္းလုိ႔ေကာင္းတဲ့ႏြားႀကီးျဖစ္ေအာင္ကြ်န္ေတာ္တုိ႔ကေတာ့လုပ္ရမွာေပါ့” ဟု ျပည္ခိုင္ၿဖိဳးပါတီမွ ေဒါက္တာနႏၵာလွျမင့္ ေျပာ

ႏိုင္ငံေရးပါတီတိုင္း၏ ရည္ရြယ္ခ်က္မွာ ေရြးေကာက္ပြဲအႏိုင္ရေရးျဖစ္ေသာ္လည္း ျပည္သူမ်ား၏ မဲေပးေရြးခ်ယ္မႈ အေပၚမူတည္ေၾကာင္း ျပည္ေထာင္စု ၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။

“ ျပည္သူေတြကခုိင္းလုိ႔ေကာင္းတဲ့ႏြားႀကီးျဖစ္ေအာင္ကြ်န္ေတာ္တုိ႔ကေတာ့လုပ္ရမွာေပါ့” ဟု ျပည္ခိုင္ၿဖိဳးပါတီမွ ေဒါက္တာနႏၵာလွျမင့္ ေျပာ


ေနျပည္ေတာ္တြင္ ဇြန္လ ၅ ရက္ကက်င္းပေသာ ျပည္ခုိင္ၿဖိဳးပါတီဦးေဆာင္သည့္ ႏုိင္ငံေရးပါတီမ်ား သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ႏုိင္ငံေရးပါတီေတြရဲ႕အႏၱိမရည္မွန္းခ်က္က အနီးစပ္ဆုံးေရြးေကာက္ပြဲမွာအႏုိင္ရရွိေရးပဲ။ အဲဒီအႏုိင္ရရွိေရးကလည္း ကြ်န္ေတာ္တုိ႔ ႏုိင္ခ်င္တုိင္းလည္းႏုိင္လုိ႔မရဘူး။ ကြ်န္ေတာ္တုိ႔ကုိ မဲဆႏၵရွင္ျပည္သူေတြက မဲေပးေရြးခ်ယ္ၿပီးခုိင္းမွ ကြ်န္ေတာ္တုိ႔ကလုပ္လုိ႔ရတာ။ ဒါေၾကာင့္ ကြ်န္ေတာ္တုိ႔ ပါတီအႏုိင္ရရွိေရးအတြက္ကုိေတာ့ ျပည္သူေတြယုံၾကည္လာေအာင္ ျပည္သူေတြက ခုိင္းလုိ႔ေကာင္းတဲ့ ႏြားႀကီးျဖစ္ေအာင္ ကြ်န္ေတာ္တုိ႔ကေတာ့လုပ္ရမွာေပါ့” ဟု ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။
ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီသည္ ၂၀၁၀ ေရြးေကာက္ပြဲတြင္အႏုိင္ရရွိခဲ့ၿပီး သမၼတဦးသိန္းစိန္ ေခါင္းေဆာင္ေသာအစုိးရအဖြဲ႔မွ ၂၀၁၁ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ အုပ္ခ်ဳပ္ေရးတာ၀န္မ်ားထမ္းေဆာင္ခဲ့သည္။
ထို႔ေနာက္ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ NLD မွ လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာအမ်ားအျပားအႏိုင္ရရွိခဲ့ၿပီး အစိုးရဖြဲ႕ႏုိင္ခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

နိုင်ငံရေးပါတီတိုင်း၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲအနိုင်ရရေးဖြစ်သော်လည်း ပြည်သူများ၏ မဲပေးရွေးချယ်မှု အပေါ်မူတည်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
နေပြည်တော်တွင် ဇွန်လ ၅ ရက်ကကျင်းပသော ပြည်ခိုင်ဖြိုးပါတီဦးဆောင်သည့် နိုင်ငံရေးပါတီများ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ နိုင်ငံရေးပါတီတွေရဲ့အန္တိမရည်မှန်းချက်က အနီးစပ်ဆုံးရွေးကောက်ပွဲမှာအနိုင်ရရှိရေးပဲ။ အဲဒီအနိုင်ရရှိရေးကလည်း ကျွန်တော်တို့ နိုင်ချင်တိုင်းလည်းနိုင်လို့မရဘူး။ ကျွန်တော်တို့ကို မဲဆန္ဒရှင်ပြည်သူတွေက မဲပေးရွေးချယ်ပြီးခိုင်းမှ ကျွန်တော်တို့ကလုပ်လို့ရတာ။ ဒါကြောင့် ကျွန်တော်တို့ ပါတီအနိုင်ရရှိရေးအတွက်ကိုတော့ ပြည်သူတွေယုံကြည်လာအောင် ပြည်သူတွေက ခိုင်းလို့ကောင်းတဲ့ နွားကြီးဖြစ်အောင် ကျွန်တော်တို့ကတော့လုပ်ရမှာပေါ့” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန် ခေါင်းဆောင်သောအစိုးရအဖွဲ့မှ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ရေးတာဝန်များထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD မှ လွှတ်တော် ကိုယ်စားလှယ်နေရာအများအပြားအနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။