Skip to main content
ပိုက္ဆံရရွိၿပီး ၂ ႏွစ္အတြင္း GNP စံႏႈန္းႏွင့္အညီစက္ရုံမျဖစ္ပါကအလုပ္ထြက္မည္ဟု က်န္းမာေရး/အားကစား ျပည္ေထာင္စုဝန္ႀကီး စိန္ေခၚ
Ads Block

ပိုက္ဆံရရွိၿပီး ၂ ႏွစ္အတြင္း GNP စံႏႈန္းႏွင့္အညီစက္ရုံမျဖစ္ပါကအလုပ္ထြက္မည္ဟု က်န္းမာေရး/အားကစား ျပည္ေထာင္စုဝန္ႀကီး စိန္ေခၚ

ပုိက္ဆံအလုံအေလာက္ရရွိၿပီး ၂ ႏွစ္အတြင္း GNP စံႏႈန္းႏွင့္အညီစက္ရုံမျဖစ္ပါက အလုပ္ထြက္မည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျပာလုိက္သည္။
ဇြန္လ ၆ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ ၁၂ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ၁၆ ရက္ေျမာက္အစီအဥ္တြင္ သနပ္ပင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ဦးမွ မႏၱေလးၿမိဳ႕ GNP တုိင္းရင္းေဆးဝါးစက္ရုံအေဆာက္အဦႏွင့္ တပ္ဆင္ထားေသာစက္ပစၥည္းမ်ားသည္ GNP စံႏႈန္းသတ္မွတ္ခ်က္ ရွိမရွိစက္ရုံႀကီးၿပီးသြားပါကလုိအပ္ေသာေဆးဝါးမ်ားကိုအရည္အေသြးျပည့္မီစြာထုတ္လုပ္ေပးႏုိင္မည့္ အေျခအေန ရွိ/မရွိႏွင့္ပတ္သက္ၿပီးေမးျမန္းရာတြင္ ထည့္သြင္းေျပာၾကားလုိက္ျခင္းျဖစ္သည္။
“ ဒီေမးခြန္းကေတာ့ လြယ္လြယ္ေလးပါ။ ကၽြန္ေတာ့္ကိုပိုက္ဆံေပးလုိက္ပါ။ ေဒၚလာ ၅၀ ဘီလ်ံေပးလုိက္ပါ။ ၂ ႏွစ္အတြင္း GNP စက္ရုံႀကီးျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္ GNP စက္ရုံမျဖစ္ႏုိင္တဲ့အတြက္ GNP ဆုိတဲ့ စာလံုးကိုဖယ္ၿပီးေတာ့ တုိင္းရင္းေဆးဝါးစက္ရုံလုပ္ျခင္းျဖစ္ပါတယ္။ ကၽြန္ေတာ့္ကိုပိုက္ဆံရေအာင္ လုပ္ေပးပါ။  ၂ ႏွစ္အာမခံပါတယ္။ ၂ ႏွစ္နဲ႔မရရင္အလုပ္ထြက္ေပးပါ့မယ္” ဟု ေဒါက္တာျမင့္ေထြးကေျပာသည္။
အဆုိပါ မႏၱေလးတုိင္းရင္းေဆးဝါးစက္ရုံကိုလြန္ခဲ့သည့္အစိုးရမွ၂၀၁၂-၁၃ ခုႏွစ္ကGNP တုိင္းရင္းေဆးဝါး စက္ရုံအျဖစ္ စတင္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး တည္ေဆာက္ေရးအတြက္ ၃.၆၅ ဘီလ်ံ၊ စက္ႏွင့္စက္ပစၥည္းအတြက္ ၁.၀၂ ဘီလီယံ ၄.၆၇ က်ပ္ဘီလ်ံသံုးစြဲၿပီးတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္ႏွင့္ မႏၱေလးတုိင္းရင္းေဆးဝါးစက္ရုံမွ တုိင္းရင္းေဆး ၂၅မ်ိိဳးကိုထုတ္လုပ္လ်က္ရွိၿပီး အမ်ားအားျဖင့္ ေဆးမႈန္႔မ်ားျဖင့္သာထုတ္လုပ္ေနျခင္းျဖစ္ေၾကာင္းသိရသည္။
“ စံမီွအဆင့္ျမင့္ေဆးဝါးေတြထုတ္လုပ္ႏုိင္ဖုိ႔ ႏုိင္ငံတကာအဆင့္မီ GNP တုိင္းရင္းေဆးဝါးစက္ရုံ တည္ေဆာက္ဖုိ႔ကို တုိင္းျပည္အလြန္ခ်ိဳ႕တဲ့တဲ့ ဘ႑ာေငြထဲကေန ၅ ဘီလ်ံနီးပါးကို ရည္ရြယ္ခ်က္ႀကီးမားေအာင္ ခ်ထားေပးခဲ့တာ ျဖစ္ပါတယ္။ လူေနအိမ္ေတြထဲမွာေဆာက္လုပ္တာ။ ေရဆုိးစြန္႔ပစ္စနစ္မက်တာ၊ စက္ထားရွိခန္းမ်ား အခ်ိဳးအစားမက်တာ၊စေဆာက္ကတည္းက GNP စံကိုက္အတုိင္းမဟုတ္တာ၊ အလြဲအမွား မ်ားစြာျဖစ္ခဲ့တာ၊ စံုစမ္းစစ္ေဆးေရးဖြဲ႔ၿပီးအႀကိမ္ႀကိမ္ စစ္ေဆးခဲ့ေပမယ့္ အေျဖမထြက္တာ အလြန္စိတ္ပ်က္စရာ၊ စိုးရိမ္စရာျဖစ္ပါတယ္” သနပ္ပင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ဦးက ေျပာသည္။
မႏၱေလးၿမိဳ႕ GNP တုိင္းရင္းေဆးဝါးစက္ရုံကို ၂၀၁၉ ခုႏွစ္၊ မတ္လတြင္ ဖြင့္လွစ္ခဲ့ၿပီး တုိင္းရင္းေဆး ၅ မ်ိဳး ထုတ္လုပ္ေနေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

ပိုက်ဆံအလုံအလောက်ရရှိပြီး ၂ နှစ်အတွင်း GNP စံနှုန်းနှင့်အညီစက်ရုံမဖြစ်ပါက အလုပ်ထွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောလိုက်သည်။
ဇွန်လ ၆ ရက်ကကျင်းပသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်အစီအဉ်တွင် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးမှ မန္တလေးမြို့ GNP တိုင်းရင်းဆေးဝါးစက်ရုံအဆောက်အဦနှင့် တပ်ဆင်ထားသောစက်ပစ္စည်းများသည် GNP စံနှုန်းသတ်မှတ်ချက် ရှိမရှိစက်ရုံကြီးပြီးသွားပါကလိုအပ်သောဆေးဝါးများကိုအရည်အသွေးပြည့်မီစွာထုတ်လုပ်ပေးနိုင်မည့် အခြေအနေ ရှိ/မရှိနှင့်ပတ်သက်ပြီးမေးမြန်းရာတွင် ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ ဒီမေးခွန်းကတော့ လွယ်လွယ်လေးပါ။ ကျွန်တော့်ကိုပိုက်ဆံပေးလိုက်ပါ။ ဒေါ်လာ ၅၀ ဘီလျံပေးလိုက်ပါ။ ၂ နှစ်အတွင်း GNP စက်ရုံကြီးဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် GNP စက်ရုံမဖြစ်နိုင်တဲ့အတွက် GNP ဆိုတဲ့ စာလုံးကိုဖယ်ပြီးတော့ တိုင်းရင်းဆေးဝါးစက်ရုံလုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ကိုပိုက်ဆံရအောင် လုပ်ပေးပါ။  ၂ နှစ်အာမခံပါတယ်။ ၂ နှစ်နဲ့မရရင်အလုပ်ထွက်ပေးပါ့မယ်” ဟု ဒေါက်တာမြင့်ထွေးကပြောသည်။
အဆိုပါ မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံကိုလွန်ခဲ့သည့်အစိုးရမှ၂၀၁၂-၁၃ ခုနှစ်ကGNP တိုင်းရင်းဆေးဝါး စက်ရုံအဖြစ် စတင်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးအတွက် ၃.၆၅ ဘီလျံ၊ စက်နှင့်စက်ပစ္စည်းအတွက် ၁.၀၂ ဘီလီယံ ၄.၆၇ ကျပ်ဘီလျံသုံးစွဲပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်နှင့် မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံမှ တိုင်းရင်းဆေး ၂၅မျိုးကိုထုတ်လုပ်လျက်ရှိပြီး အများအားဖြင့် ဆေးမှုန့်များဖြင့်သာထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရသည်။
“ စံမှီအဆင့်မြင့်ဆေးဝါးတွေထုတ်လုပ်နိုင်ဖို့ နိုင်ငံတကာအဆင့်မီ GNP တိုင်းရင်းဆေးဝါးစက်ရုံ တည်ဆောက်ဖို့ကို တိုင်းပြည်အလွန်ချို့တဲ့တဲ့ ဘဏ္ဍာငွေထဲကနေ ၅ ဘီလျံနီးပါးကို ရည်ရွယ်ချက်ကြီးမားအောင် ချထားပေးခဲ့တာ ဖြစ်ပါတယ်။ လူနေအိမ်တွေထဲမှာဆောက်လုပ်တာ။ ရေဆိုးစွန့်ပစ်စနစ်မကျတာ၊ စက်ထားရှိခန်းများ အချိုးအစားမကျတာ၊စဆောက်ကတည်းက GNP စံကိုက်အတိုင်းမဟုတ်တာ၊ အလွဲအမှား များစွာဖြစ်ခဲ့တာ၊ စုံစမ်းစစ်ဆေးရေးဖွဲ့ပြီးအကြိမ်ကြိမ် စစ်ဆေးခဲ့ပေမယ့် အဖြေမထွက်တာ အလွန်စိတ်ပျက်စရာ၊ စိုးရိမ်စရာဖြစ်ပါတယ်” သနပ်ပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။
မန္တလေးမြို့ GNP တိုင်းရင်းဆေးဝါးစက်ရုံကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းဆေး ၅ မျိုး ထုတ်လုပ်နေကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။