Skip to main content
Ads Block
ဟာသ သရုပ်ဆောင် ဦးမိုးဒီ က လက်ရှိမှာတော့ ပုပ္ပါး မှာ ဆူးပန်းခွေနွယ်ဘယက်နဲ့ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပြီး ကျန်းမာရေးမကောင်းပေမယ့် အနုပညာအလုပ်တွေကို မနားဘဲလုပ်ကိုင်ဖြစ်နေတယ်လို့ သိရပါတယ်။
Unicode version
ဟာသ သရုပ်ဆောင်ဦးမိုးဒီ အသက်ရှုကျပ် တယ်ဆိုတဲ့ကောလဟာလတွေကို သားဖြစ်သူ ကောင်းစံ ပြန်လည်ဖြေရှင်း
ဟာသ သရုပ်ဆောင် လူရွှင်တော် မိုးဒီ ယနေ့ နံနက် ပုပ္ပါး မှာ ဇာတ်ကားရိုက်ကူးနေရင်း အသက်ရှုကျပ်အမောဖောက်တာ မဟုတ်ဘူးလို့ ဦးမိုးဒီရဲ့ သားဖြစ်သူ ကောင်းစံက အကုန်သိသတင်းဌာနကိုပြောပါတယ်။
ယနေ့ နံနံနက်ပိုင်း လူမှုကွန်ယက်စာမျက်နှာမှာ ဟာသ သရုပ်ဆောင် ဦးမိုးဒီ ရိုက်ကွင်းမှာ အမောဖောက်ပြီး နီးစပ်ရာဆေးရုံကို ပို့ဆောင်နေတယ်လို့ သတင်းများ ထွက်ပေါ်လာတဲ့ အတွက် သားဖြစ်သူ ကေကာင်းစံကိုဆက်သွယ်မေးမြန်းခဲ့ရာ အခုလိုပြောပြခဲ့တာပါ။
“အမောဖောက်တာ မဟုတ်ပါဘူး။ ရိုက်ကွင်းမှာ နည်းနည်းနေပြင်းလို့ပါ။ ခုတော့သက်သာနေပါပြီ။ အခုတော့ရန်ကုန်ပြန်ပြီးဆေးကုရမယ်။ ပြန်ပြီးအနားယူမယ်။ စိတ်ပူစရာမရှိပါဘူး။ ဒီညနေ လေယာဉ်နဲ့ ရန်ကုန်ကိုပြန်မှာပါ။ အခုရိုက်နေတဲ့ ဇာတ်ကားကတော့ဆက်မရိုက်နိုင်တော့ဘူး။” လို့ လူရွှင်တော်ကောင်းစံ ကပြောပါတယ်။
ဟာသ သရုပ်ဆောင် ဦးမိုးဒီ က လက်ရှိမှာတော့ ပုပါး မှာ ဆူးပန်းခွေနွယ်ဘယက်နဲ့ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပြီး ကျန်းမာရေးမကောင်းပေမယ့် အနုပညာအလုပ်တွေကို မနားဘဲလုပ်ကိုင်ဖြစ်နေတယ်လို့ သိရပါတယ်။
- နွယ်ဏီ(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။