Skip to main content
အက်ဥ္းသားမ်ားလႊတ္ေပးျခင္း၏ေနာက္ကြယ္တြင္ရွိေနသည္မွာ လက္မည္းႀကီးမဟုတ္၊ လက္နီႀကီးဟု တ.စ.ညပါတီမွ ေဒါက္တာေက်ာ္ေဆြ ေျပာ
Ads Block

အက်ဥ္းသားမ်ားလႊတ္ေပးျခင္း၏ေနာက္ကြယ္တြင္ရွိေနသည္မွာ လက္မည္းႀကီးမဟုတ္၊ လက္နီႀကီးဟု တ.စ.ညပါတီမွ ေဒါက္တာေက်ာ္ေဆြ ေျပာ

လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရာတြင္ ေသခ်ာစြာစိစစ္ရန္လိုအပ္ၿပီး အက်ဥ္းသားမ်ားလႊတ္ေပးျခင္း၏ ေနာက္ကြယ္တြင္ရွိေနသည္မွာ လက္မည္းႀကီးမဟုတ္ဘဲ လက္နီႀကီးျဖစ္ေၾကာင္း တုိင္းရင္းသား စည္းလုံးညီညြတ္ေရးပါတီမွ ေဒါက္တာေက်ာ္ေဆြက ေျပာသည္။

အက်ဥ္းသားမ်ားလႊတ္ေပးျခင္း၏ေနာက္ကြယ္တြင္ရွိေနသည္မွာ လက္မည္းႀကီးမဟုတ္၊ လက္နီႀကီးဟု တ.စ.ညပါတီမွ ေဒါက္တာေက်ာ္ေဆြ ေျပာ


ေနျပည္ေတာ္တြင္ ဇြန္လ ၅ ရက္ကက်င္းပေသာ ျပည္ခုိင္ၿဖိဳးပါတီသတင္းစာရွင္းလင္းပြဲတြင္ အက်ဥ္းသားမ်ား လႊတ္ေပးျခင္းႏွင့္ပတ္သက္၍ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

အက်ဥ္းသားမ်ားလႊတ္ေပးျခင္း၏ေနာက္ကြယ္တြင္ရွိေနသည္မွာ လက္မည္းႀကီးမဟုတ္၊ လက္နီႀကီးဟု တ.စ.ညပါတီမွ ေဒါက္တာေက်ာ္ေဆြ ေျပာ


“ ျပစ္ဒဏ္လြတ္ၿပီးအိမ္ျပန္လာ၊ သမီးကုိမုဒိမ္းက်င့္တဲ့သူရွိတယ္။ အခုေတာင္တြင္းႀကီးမွာ ခုိးမႈဆုိးမႈနဲ႔ က်တယ္။ေနာက္တစ္ေန႔က် လြတ္လာတယ္။ ဓားထုိးမႈျဖစ္တယ္။ ေနာက္တစ္ႀကိမ္ျပစ္မႈက်ဴးလြန္ရင္ မူလကေလ်ာ့ေပါ့ေပးတာပါခံရမယ္ဆုိတာကုိ မပါတဲ့အတြက္ ဒီလုိက်ဴးလြန္တာျဖစ္တယ္။ အဲဒီခံ၀န္ခ်က္ကုိ မထုိးထားတဲ့အတြက္ ျပစ္ဒဏ္ခ်ဳိးေဖာက္ၿပီး အႀကိမ္ႀကိမ္လုပ္တာ။ ဒါဟာေစတနာရွိတာ၊ ေမတၱာရွိတာမဟုတ္ဘဲ ကြ်န္ေတာ္တုိ႔ျပည္သူအားလုံးကုိ ေခ်ာက္ထဲတြန္းပုိ႔သလုိခံစားရပါတယ္။ အခုကလႊတ္တာ ဘယ္သူမွ မတုိင္ပင္ဘူး။ လႊတ္တယ္။ ဒါသည္ ေနာက္ကြယ္က လက္မည္းႀကီးမဟုတ္ပါဘူး။ လက္နီႀကီးျဖစ္တာပါ’’ ဟု ေဒါက္တာေက်ာ္ေဆြက ေျပာသည္။
ႏုိင္ငံေတာ္သမၼတသည္ ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္အမိန္႔ကို ၂၀၁၉ ခုႏွစ္အတြင္း ၃ ႀကိမ္ထက္မနည္း ေပးခဲ့ၿပီးေနာက္ပုိင္းတြင္ အက်ဥ္းေထာင္မ်ားအသီးသီး၌ အက်ဥ္းသားမ်ားမွ ၄င္းတုိ႔လည္းစာရင္းတြင္ မပါ၀င္ဟုဆုိကာ အက်ဥ္းေထာင္တြင္းဆူပူမႈမ်ားျဖစ္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ ေထာင္ဆူပူမႈမ်ားႏွင့္ပတ္သက္ၿပီး စံုစမ္းစစ္ေဆးသြားမည္ဟုလည္း ႏုိင္ငံေတာ္အစိုးရမွ ထုတ္ျပန္ေၾကညာထားသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် သေချာစွာစိစစ်ရန်လိုအပ်ပြီး အကျဉ်းသားများလွှတ်ပေးခြင်း၏ နောက်ကွယ်တွင်ရှိနေသည်မှာ လက်မည်းကြီးမဟုတ်ဘဲ လက်နီကြီးဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဒေါက်တာကျော်ဆွေက ပြောသည်။
နေပြည်တော်တွင် ဇွန်လ ၅ ရက်ကကျင်းပသော ပြည်ခိုင်ဖြိုးပါတီသတင်းစာရှင်းလင်းပွဲတွင် အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ ပြစ်ဒဏ်လွတ်ပြီးအိမ်ပြန်လာ၊ သမီးကိုမုဒိမ်းကျင့်တဲ့သူရှိတယ်။ အခုတောင်တွင်းကြီးမှာ ခိုးမှုဆိုးမှုနဲ့ ကျတယ်။နောက်တစ်နေ့ကျ လွတ်လာတယ်။ ဓားထိုးမှုဖြစ်တယ်။ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် မူလကလျော့ပေါ့ပေးတာပါခံရမယ်ဆိုတာကို မပါတဲ့အတွက် ဒီလိုကျူးလွန်တာဖြစ်တယ်။ အဲဒီခံဝန်ချက်ကို မထိုးထားတဲ့အတွက် ပြစ်ဒဏ်ချိုးဖောက်ပြီး အကြိမ်ကြိမ်လုပ်တာ။ ဒါဟာစေတနာရှိတာ၊ မေတ္တာရှိတာမဟုတ်ဘဲ ကျွန်တော်တို့ပြည်သူအားလုံးကို ချောက်ထဲတွန်းပို့သလိုခံစားရပါတယ်။ အခုကလွှတ်တာ ဘယ်သူမှ မတိုင်ပင်ဘူး။ လွှတ်တယ်။ ဒါသည် နောက်ကွယ်က လက်မည်းကြီးမဟုတ်ပါဘူး။ လက်နီကြီးဖြစ်တာပါ’’ ဟု ဒေါက်တာကျော်ဆွေက ပြောသည်။
နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်အမိန့်ကို ၂၀၁၉ ခုနှစ်အတွင်း ၃ ကြိမ်ထက်မနည်း ပေးခဲ့ပြီးနောက်ပိုင်းတွင် အကျဉ်းထောင်များအသီးသီး၌ အကျဉ်းသားများမှ ၎င်းတို့လည်းစာရင်းတွင် မပါဝင်ဟုဆိုကာ အကျဉ်းထောင်တွင်းဆူပူမှုများဖြစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောင်ဆူပူမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဟုလည်း နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ကြေညာထားသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။