Skip to main content
“ အစုိးရကုိျဖဳတ္ခ်ဖုိ႔ဆုိတာ စိတ္ကူးယဥ္လြန္းတယ္လုိ႔ပဲေျပာခ်င္တယ္” ဟု NLD ပါတီမွ မုံရြာဦးေအာင္ရွင္ေျပာ
Ads Block

“ အစုိးရကုိျဖဳတ္ခ်ဖုိ႔ဆုိတာ စိတ္ကူးယဥ္လြန္းတယ္လုိ႔ပဲေျပာခ်င္တယ္” ဟု NLD ပါတီမွ မုံရြာဦးေအာင္ရွင္ေျပာ

NLD အစိုးရျပဳတ္က်ရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ေဆာင္ရြက္ေနမႈမ်ားကို လူထုအင္အားျဖင့္ခုခံသြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီမွအတြင္းေရးမွဴး မံုရြာဦးေအာင္ရွင္က ေျပာလိုက္သည္။

“ အစုိးရကုိျဖဳတ္ခ်ဖုိ႔ဆုိတာ စိတ္ကူးယဥ္လြန္းတယ္လုိ႔ပဲေျပာခ်င္တယ္” ဟု NLD ပါတီမွ မုံရြာဦးေအာင္ရွင္ေျပာ


ဇြန္လ ၅ ရက္၌ အကုန္သိသတင္းဌာနဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။
“ အခု ၂၄ ပါတီကစာတင္တယ္တုိ႔၊ စာထြက္တယ္တုိ႔ဆုိတာလည္းမျဖစ္သင့္ပါဘူးဗ်ာ။ ဘာမွေျခေျချမစ္ျမစ္ ရွိတာလည္းမဟုတ္ဘူး။ ကြ်န္ေတာ္တုိ႔ကုိလူထုက တင္ေျမွာက္ထားတာျဖစ္တယ္။ လူထုကုိယုံၾကည္တယ္။ ဒါေၾကာင့္အစုိးရကုိ အျပဳသေဘာေ၀ဖန္တာမဟုတ္ဘဲ တုိက္ခုိက္တာေတြကုိ တစ္ဖန္ျပန္တုံ႔ျပန္ဖုိ႔ သီးျခားအစီအစဥ္ေတာ့ ကြ်န္ေတာ္တုိ႔မွာမရွိပါဘူး။ အဲဒီေတာ့ လူထုအားနဲ႔ပဲခုခံသြားမွာပါ။ အစုိးရကုိ ျဖဳတ္ခ်ဖုိ႔ဆုိတာ စိတ္ကူးယဥ္လြန္းတယ္လုိ႔ပဲေျပာခ်င္တယ္” ဟု မုံရြာဦးေအာင္ရွင္ကေျပာသည္။
လက္ရွိတုိင္းျပည္မွာ အဘက္ဘက္တြင္ယုိယြင္းေနၿပီး အဆုိးဘက္တြင္ဂုဏ္ထူးထြက္ေနေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက ေမလအတြင္း ရန္ကုန္ၿမိဳ႕ရွိဂႏၶာမာဟုိးေဆးတြင္က်င္းပခဲ့ေသာ စာေပၿပိဳင္ပြဲဆုေပးအပ္ပြဲအခမ္းအနားတြင္ ေျပာၾကားထားသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္၊ႏုိ၀င္ဘာလကက်င္းပေသာ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္  NLD ပါတီသည္ လူထု၏ဆႏၵမဲေထာက္ခံမဲထက္၀က္ေက်ာ္ျဖင့္ လႊတ္ေတာ္ကုိယ္စားလွယ္ေနရာအမ်ားစုရရွိခဲ့ကာ အစုိးရသစ္တစ္ရပ္ဖြဲ႕စည္းႏုိင္ခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

NLD အစိုးရပြုတ်ကျရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်နေမှုများကို လူထုအင်အားဖြင့်ခုခံသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှအတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောလိုက်သည်။
ဇွန်လ ၅ ရက်၌ အကုန်သိသတင်းဌာနဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“ အခု ၂၄ ပါတီကစာတင်တယ်တို့၊ စာထွက်တယ်တို့ဆိုတာလည်းမဖြစ်သင့်ပါဘူးဗျာ။ ဘာမှခြေခြေမြစ်မြစ် ရှိတာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ကိုလူထုက တင်မြှောက်ထားတာဖြစ်တယ်။ လူထုကိုယုံကြည်တယ်။ ဒါကြောင့်အစိုးရကို အပြုသဘောဝေဖန်တာမဟုတ်ဘဲ တိုက်ခိုက်တာတွေကို တစ်ဖန်ပြန်တုံ့ပြန်ဖို့ သီးခြားအစီအစဉ်တော့ ကျွန်တော်တို့မှာမရှိပါဘူး။ အဲဒီတော့ လူထုအားနဲ့ပဲခုခံသွားမှာပါ။ အစိုးရကို ဖြုတ်ချဖို့ဆိုတာ စိတ်ကူးယဉ်လွန်းတယ်လို့ပဲပြောချင်တယ်” ဟု မုံရွာဦးအောင်ရှင်ကပြောသည်။
လက်ရှိတိုင်းပြည်မှာ အဘက်ဘက်တွင်ယိုယွင်းနေပြီး အဆိုးဘက်တွင်ဂုဏ်ထူးထွက်နေကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မေလအတွင်း ရန်ကုန်မြို့ရှိဂန္ဓာမာဟိုးဆေးတွင်ကျင်းပခဲ့သော စာပေပြိုင်ပွဲဆုပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊နိုဝင်ဘာလကကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  NLD ပါတီသည် လူထု၏ဆန္ဒမဲထောက်ခံမဲထက်ဝက်ကျော်ဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာအများစုရရှိခဲ့ကာ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။