Skip to main content
“ အာဏာရွင္စနစ္မွာ ဗမာမုိ႔လုိ႔ခ်မ္းသာေပးတာမရွိဘူး” ဟု ဦးကိုကိုႀကီးေျပာ
Ads Block

“ အာဏာရွင္စနစ္မွာ ဗမာမုိ႔လုိ႔ခ်မ္းသာေပးတာမရွိဘူး” ဟု ဦးကိုကိုႀကီးေျပာ

အာဏာရွင္စနစ္တြင္လူမ်ိဳးခြဲျခားၿပီး ခ်မ္းသာေပးျခင္းမရွိဘဲ မည္သူမဆို အာဏာကိုထိပါးလာပါက ေခ်မႈန္းခံရေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကိုႀကီးက ေျပာသည္။
ဇြန္လ ၄ ရက္၌ အကုန္သိသတင္းဌာန၏ ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။
“ အာဏာရွင္စနစ္မွာဗမာမုိ႔လုိ႔ ခ်မ္းသာေပးတာမရွိဘူး။ သူ႔အာဏာကိုလာထိရင္ ဗမာထိထိ၊ ကရင္ထိထိ၊ မြန္ ထိထိ သူကေခ်မႈန္းတာပဲ။ အဲဒီဟာကို ႏုိင္ငံေရးစနစ္ကုိေသခ်ာနားလည္ဖုိ႔လုိတယ္။ ကၽြန္ေတာ္တုိ႔ ကိုယ္တုိင္လည္းလံုးဝလက္မခံပါဘူး။ ဒီလုိမ်ိဳးလူမ်ိဳးႀကီးဝါဒက်င့္သံုးတဲ့ကိ္စၥဟာ ကၽြန္ေတာ္တုိ႔လုိ လူမ်ိဳးေပါင္းစံု ေနထုိင္တဲ့ ႏုိင္ငံမွာလံုးဝမျဖစ္တဲ့ကိစၥျဖစ္ပါတယ္။ ဒါေၾကာင့္အားလံုးတန္းတူညီမွ်ေရးကိုပဲအေလးထားပါတယ္” ဟု ဦးကိုကိုႀကီးက ေျပာသည္။
ျမန္မာႏုိင္ငံ၏ လူမ်ားစုမွာ ဗမာလူမ်ိဳးမ်ားျဖစ္ၿပီး လူမ်ိဳးေရးအရလည္း လႊမ္းမိုးမႈရွိေၾကာင္း ၈၈ ေက်ာင္းသား ေခါင္းေဆာင္ ကိုျမေအးကလည္း ေျပာၾကားထားဖူးသည္။
ျမန္မာႏုိင္ငံတြင္ တုိင္းရင္းသားလူမ်ိဳး ၁၃၅မ်ိဳးေနထိုင္ၿပီးလူဦးေရ ၅၃ သန္းေက်ာ္ရွိကာ ဗမာလူမ်ိဳး ၆၈ ရာခုိင္ႏႈန္း၊ ရွမ္း ၉ ရာခုိင္ႏႈန္း၊ ကယား ၇ ရာခုိင္ႏႈန္း၊ ရခုိင္ ၄ ရာခိုင္ႏႈန္း၊ မြန္ ၂ ရာခုိင္ႏႈန္းႏွင့္ အျခားတုိင္းရင္းသားလူမ်ိဳးမွာ ၁၀ ရာခုိင္ႏႈန္းရွိေၾကာင္းသိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

အာဏာရှင်စနစ်တွင်လူမျိုးခွဲခြားပြီး ချမ်းသာပေးခြင်းမရှိဘဲ မည်သူမဆို အာဏာကိုထိပါးလာပါက ချေမှုန်းခံရကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ဇွန်လ ၄ ရက်၌ အကုန်သိသတင်းဌာန၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“ အာဏာရှင်စနစ်မှာဗမာမို့လို့ ချမ်းသာပေးတာမရှိဘူး။ သူ့အာဏာကိုလာထိရင် ဗမာထိထိ၊ ကရင်ထိထိ၊ မွန် ထိထိ သူကချေမှုန်းတာပဲ။ အဲဒီဟာကို နိုင်ငံရေးစနစ်ကိုသေချာနားလည်ဖို့လိုတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်းလုံးဝလက်မခံပါဘူး။ ဒီလိုမျိုးလူမျိုးကြီးဝါဒကျင့်သုံးတဲ့ကိစ္စဟာ ကျွန်တော်တို့လို လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံမှာလုံးဝမဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်အားလုံးတန်းတူညီမျှရေးကိုပဲအလေးထားပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
မြန်မာနိုင်ငံ၏ လူများစုမှာ ဗမာလူမျိုးများဖြစ်ပြီး လူမျိုးရေးအရလည်း လွှမ်းမိုးမှုရှိကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးကလည်း ပြောကြားထားဖူးသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅မျိုးနေထိုင်ပြီးလူဦးရေ ၅၃ သန်းကျော်ရှိကာ ဗမာလူမျိုး ၆၈ ရာခိုင်နှုန်း၊ ရှမ်း ၉ ရာခိုင်နှုန်း၊ ကယား ၇ ရာခိုင်နှုန်း၊ ရခိုင် ၄ ရာခိုင်နှုန်း၊ မွန် ၂ ရာခိုင်နှုန်းနှင့် အခြားတိုင်းရင်းသားလူမျိုးမှာ ၁၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။