Skip to main content
သမ္မတဦးသိန်းစိန်လက်ထက်တွင် ဓားအထိုးခံပြီး စည်းလုံးညီညွတ်ရေးလုပ်ခဲ့ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့်ပြော
Ads Block

သမ္မတဦးသိန်းစိန်လက်ထက်တွင် ဓားအထိုးခံပြီး စည်းလုံးညီညွတ်ရေးလုပ်ခဲ့ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့်ပြော


သမ္မတဦးသိန်းစိန်လက်ထက်တွင် ဓားအထိုးခံပြီး စည်းလုံးညီညွတ်ရေးလုပ်ခဲ့ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့်ပြော




Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမှာရာထူးအကြီးဆုံးဖြစ်သောကြောင့် “သမ္မတကြီးလက်ထက်တွင် စည်းလုံးညီညွတ်ရေးလုပ်ခဲ့သည်” ဟုသမိုင်းတွင်စေရန် ဆောင်ရွက်ပေးပါဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာနန္ဒာလှမြင့်က ပြောလိုက်သည်။
နေပြည်တော်တွင် ဇွန်လ ၅ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်လို့ရအောင်လုပ်ပေးခဲ့တယ်။ အားလုံးစည်းလုံးညီညွတ်ဖို့ ကိုယ့်ရင်ဘတ်ကို ဓားနဲ့အထိုးခံပြီး စည်းလုံးညီညွတ်ရေးကိုလုပ်ခဲ့တယ်။ ဒီကနေ့ ဒီအခြေအနေမှာ နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကြီးဆုံးဖြစ်တယ်။ဒါကြောင့် သမိုင်းမှာစည်းလုံးညီညွတ်မှုကို သမ္မတကြီးက ဦးဆောင်လုပ်ခဲ့တယ်ဆိုတာမျိုးဖြစ်ဖို့ အခုချိန်ကနေစပြီးတော့ ညီညွတ်ရေးကိုလုပ်ဆောင်ပေးပါ’’ဟု ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။
၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲတွင်အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်မှ၂၀၁၅ ခုနှစ်အထိ သမ္မတဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရအဖွဲ့မှ အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အား လက်မှတ်ရေးထိုးစေနိုင်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။