Skip to main content
၂၀၀၈ ဖြဲ႔စည္းပုံကို ႏုိင္ငံေရးသမားမ်ားကသာျပင္ခ်င္ေနျခင္းျဖစ္ဟု ေပ်ာ္ဘြယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးေျပာ
Ads Block

၂၀၀၈ ဖြဲ႔စည္းပုံကို ႏုိင္ငံေရးသမားမ်ားကသာျပင္ခ်င္ေနျခင္းျဖစ္ဟု ေပ်ာ္ဘြယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးေျပာ

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ျပည္သူလူထုက ျပင္ဆင္လိုျခင္းမဟုတ္ဘဲ ႏုိင္ငံေရးသမားမ်ား ျပင္ခ်င္ျခင္းျဖစ္ေၾကာင္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေသာင္းေအးက ေျပာသည္။

၂၀၀၈ ဖြဲ႔စည္းပုံကို ႏုိင္ငံေရးသမားမ်ားကသာျပင္ခ်င္ေနျခင္းျဖစ္ဟု ေပ်ာ္ဘြယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးေျပာ


ေနျပည္ေတာ္တြင္ ဇြန္လ ၄ ရက္ကက်င္းပေသာ လူထုေတြ႔ဆုံပြဲတြင္ ယခုကဲ့သို႔ ေျပာလိုက္ျခင္း ျဖစ္သည္။
အခုဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ျပင္/မျပင္ျပင္ ကံတဲရြာဘာထိခုိက္သလဲ၊ ဘာမွမထိခုိက္ဘူး။ စာအုပ္ထဲမွာ ဘာေတြပါမွန္းလည္းမသိဘူး။ စာအုပ္ေတာင္မျမင္ဖူးတဲ့သူေတြအမ်ားႀကီးပဲ။ ဒါေၾကာင့္မုိ႔ ကြ်န္ေတာ္ေျပာေနတာ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးဆုိတာ ႏုိင္ငံေရးသမားေတြေျပာေနတာ။ ျပည္သူေတြက ဘာမွမေတာင္းဆုိဘူး’’ဟု ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေသာင္းေအးက ေျပာသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ရန္ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္တြင္ NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ျပည္ေထာင္စုလႊတ္ေတာ္တြင္ အေရးႀကီးအဆုိတင္သြင္းခဲ့သည္။
“ ဖြဲ႔စည္းပုံျပင္ဖုိ႔ ျပည္သူေတြကမေတာင္းဆုိဘူးဆုိတာအလကားေပါက္ကရေတြ ေလွ်ာက္ေျပာေနတာ။ အတုိက္အခံဆုိတာအေလးအနက္ အျပဳသေဘာေဆာင္တာျဖစ္ဖုိ႔လုိတယ္။ သိကၡာရွိဖုိ႔လုိတယ္။ ဒါပဲ ကြ်န္ေတာ္ေျပာခ်င္တယ္ဗ်ာ။ တကယ္တမ္း ျပင္ဖုိ႔ေတာင္းဆုိတာမွာဘယ္သူေတြပါသလဲ။ သူကေရာ ႏုိင္ငံေရးသမားမဟုတ္ဘူးလား’’ဟု NLD ပါတီဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္က ေျပာသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္ အခန္းေပါင္း ၁၅ ခန္း၊ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ၿပီး ၂၀၀၈ ခုႏွစ္၊ ေမလတြင္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပကာ ေထာက္ခံဆႏၵမဲေပးသူရာခုိင္နႈန္း ၉၉ ဒႆမ ၀၇ ရာခုိင္နႈန္းရရွိခဲ့ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ပြင်ဆင်လိုခြင်းမဟုတ်ဘဲ နိုင်ငံရေးသမားများ ပြင်ချင်ခြင်းဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။
နေပြည်တော်တွင် ဇွန်လ ၄ ရက်ကကျင်းပသော လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။
“ အခုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပြင်/မပြင်ပြင် ကံတဲရွာဘာထိခိုက်သလဲ၊ ဘာမှမထိခိုက်ဘူး။ စာအုပ်ထဲမှာ ဘာတွေပါမှန်းလည်းမသိဘူး။ စာအုပ်တောင်မမြင်ဖူးတဲ့သူတွေအများကြီးပဲ။ ဒါကြောင့်မို့ ကျွန်တော်ပြောနေတာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ နိုင်ငံရေးသမားတွေပြောနေတာ။ ပြည်သူတွေက ဘာမှမတောင်းဆိုဘူး’’ဟု ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့သည်။
“ ဖွဲ့စည်းပုံပြင်ဖို့ ပြည်သူတွေကမတောင်းဆိုဘူးဆိုတာအလကားပေါက်ကရတွေ လျှောက်ပြောနေတာ။ အတိုက်အခံဆိုတာအလေးအနက် အပြုသဘောဆောင်တာဖြစ်ဖို့လိုတယ်။ သိက္ခာရှိဖို့လိုတယ်။ ဒါပဲ ကျွန်တော်ပြောချင်တယ်ဗျာ။ တကယ်တမ်း ပြင်ဖို့တောင်းဆိုတာမှာဘယ်သူတွေပါသလဲ။ သူကရော နိုင်ငံရေးသမားမဟုတ်ဘူးလား’’ဟု NLD ပါတီဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ပြီး ၂၀၀၈ ခုနှစ်၊ မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ထောက်ခံဆန္ဒမဲပေးသူရာခိုင်နှုန်း ၉၉ ဒဿမ ၀၇ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။