Skip to main content
“ အခုအစိုးရအနေနဲ့ ပြီးခဲ့တဲ့ကိစ္စတွေကိုသင်ပုန်းချေပါ၊ လက်စားချေဖို့ကိုမလုပ်ပါနဲ့” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးပိုက်ထွေး ပြောပြီ
Ads Block

“ အခုအစိုးရအနေနဲ့ ပြီးခဲ့တဲ့ကိစ္စတွေကိုသင်ပုန်းချေပါ၊ လက်စားချေဖို့ကိုမလုပ်ပါနဲ့” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးပိုက်ထွေး ပြောပြီ


“ အခုအစိုးရအနေနဲ့ ပြီးခဲ့တဲ့ကိစ္စတွေကိုသင်ပုန်းချေပါ၊ လက်စားချေဖို့ကိုမလုပ်ပါနဲ့” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးပိုက်ထွေး ပြောပြီ



“ အခုအစိုးရအနေနဲ့ ပြီးခဲ့တဲ့ကိစ္စတွေကိုသင်ပုန်းချေပါ၊ လက်စားချေဖို့ကိုမလုပ်ပါနဲ့” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးပိုက်ထွေး ပြောပြီ


ထို့အပြင် ယခုအစိုးရကို လက်ရှိဖြစ်ပေါ်နေသောပြဿနာရပ်များနှင့်ပတ်သက်ပြီး အကြံပြုချက်များ၊ ကြေညာချက်များနှင့်ကူညီခဲ့သော်လည်း လက်မခံခဲ့ဟု ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။


Unicode Version

 

လက်ရှိအစိုးရအနေဖြင့် အတိတ်တွေဖြစ်ပျက်ခဲ့သည်များကိုမေ့ပြီး လက်ရှိတွင် မည်ကဲ့သို့ကောင်းအောင် လုပ်မည်ဆိုခြင်းကိုသာ စဉ်းစားပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးပိုက်ထွေးကပြောသည်။
နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်တွင် ဇွန်လ (၅)ရက်ကကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့အတူလက်တွဲပြီး နိုင်ငံကိုတည်ဆောက်ဖို့ လိုနေပါပြီ။ အခုအစိုးရအနေနဲ့ ချေနှစ်ချေရှိတဲ့အနက် ပြီးခဲ့တဲ့ကိစ္စတွေကိုသင်ပုန်းချေပါ၊ လက်စားချေဖို့ကိုမလုပ်ပါနဲ့။ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အကုန်လုံးကို မေ့ပြီး လက်ရှိမှာဘယ်လိုကောင်းအောင်လုပ်ရမယ်ဆိုတာကိုပဲစဉ်းစားပါလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဗဟိုအလုပ်မှုဆောင် ဦးပိုက်ထွေးက ပြောသည်။
ထို့အပြင် ယခုအစိုးရကို လက်ရှိဖြစ်ပေါ်နေသောပြဿနာရပ်များနှင့်ပတ်သက်ပြီး အကြံပြုချက်များ၊ ကြေညာချက်များနှင့်ကူညီခဲ့သော်လည်း လက်မခံခဲ့ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ပြီးခဲ့သော ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်မှ၂၀၁၅ ခုနှစ်အထိ သမ္မတဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရအဖွဲ့မှ အုပ်ချုပ်ခဲ့သည်။
ယင်းနောက် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ နေရာ အများအပြားတွင် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။