Skip to main content
လုပ္ငန္းရွင္မ်ား၏ ေထာက္ပ့ံမႈမရေတာ့မည္စိုးသျဖင့္ ပိုက္ေက်ာ္ျခင္းလက္ေရြးစင္ ဇင္မင္းဦးအား သတိေပးခဲ့ျခင္းျဖစ္ဟု ဆို
Ads Block

လုပ္ငန္းရွင္မ်ား၏ ေထာက္ပ့ံမႈမရေတာ့မည္စိုးသျဖင့္ ပိုက္ေက်ာ္ျခင္းလက္ေရြးစင္ ဇင္မင္းဦးအား သတိေပးခဲ့ျခင္းျဖစ္ဟု ဆို

ျမန္မာ့ပိုက္ေက်ာ္ျခင္းလက္ေရြးစင္ ဇင္မင္းဦးအား စည္းမ်ဥ္းစည္းကမ္းႏွင့္အညီသတိေပးခဲ႔ျခင္းျဖစ္ေၾကာင္း ျမန္မာႏုိင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးရဲေအာင္က ေျပာသည္။

လုပ္ငန္းရွင္မ်ား၏ ေထာက္ပ့ံမႈမရေတာ့မည္စိုးသျဖင့္ ပိုက္ေက်ာ္ျခင္းလက္ေရြးစင္ ဇင္မင္းဦးအား သတိေပးခဲ့ျခင္းျဖစ္ဟု ဆို


ျမန္မာႏုိင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္ရုံးတြင အကုန္သိသတင္းဌာနမွ ဇြန္လ ၅ ရက္၌ ေတြ႕ဆံုေမးျမန္းရာတြင္ အထက္ပါအတိုင္းေျဖၾကားျခင္းျဖစ္သည္။
" ကၽြန္ေတာ္တို႔အဖြဲ႕ခ်ဳပ္က ကိုယ္ပိုင္ေငြအင္အားနဲ႔ရပ္တည္ရတာပါ။ ရွိတဲ့ကစားသမားအကုန္လံုးကို ေငြေႀကးေလာက္ငွမႈရွိေအာင္ ေပးခ်င္ပါတယ္။ ေပးဖို႔လည္း အစီအစဥ္ေတြရွိပါတယ္။ ဒါေပမဲ့ ခ်က္ခ်င္းေတာ့ ဘယ္ရမလဲဗ်ာ။ ကၽြန္ေတာ္တို႔မွာ ရွိတဲ့အင္အားေလးနဲ႔မျဖစ္ျဖစ္ေအာင္ လုပ္ေပးေနတာပဲ။ ေနာက္ၿပီး လက္ေရြးစင္ကစားသမားအျဖစ္နဲ႔ Camp သြင္းေတာ့လည္း ခံဝန္ကတိေတာင္းထားတယ္။ သူတို႔အေနနဲ႕ အဖြဲ႕ခ်ဳပ္မွေပးတဲ့အတိုင္း တာဝန္ေက်ပြန္ပါမည္။ ေနာက္ အဖြဲ႕ခ်ဳပ္မွေပးတဲ့ေထာက္ပ့ံမႈကိုလက္ခံပါမည္ ဆိုတဲ့ဟာကိုပါ။ သူ႔အေနနဲ႔က စိတ္ခံစားခ်က္ကို ေရွ႕တန္းတင္ၿပီး ဒီလိုလုပ္လိုက္ေတာ့ ေနာက္လူေတြအတြက္ မေကာင္းဘူးေပါ့။ ေနာက္မ်ိဳးဆက္သစ္ေတြကို လုပ္ငန္းရွင္ေတြက ေထာက္ပ့ံမႈမရွိေတာ့မွာစိုးရိမ္တဲ့အတြက္ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ကၽြန္ေတာ္တို႔ဘက္က သတိေပးလိုက္တာပါ” ဟု ျမန္မာႏုိင္ငံပိုက္ေက်ာ္ျခင္း အဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးရဲေအာင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ပိုက္ေက်ာ္ျခင္းလက္ေရြးစင္ကစားသမားျဖစ္သူ ဇင္မင္းဦးသည္ ၄င္း၏ Facebook account တြင္ “ ဒီေန႔အားကစားဝန္ႀကီးဌာနကေပးတဲ့လက္ေရြးစင္လစာရပါတယ္။ ကိုယ္ကေတာ့ ၈ ေသာင္းပါ။ က်န္တဲ့ကစားသမားအခ်ိဳ႕ရဲ႕လစာကေတာ့ ၃ေသာင္း /၅ေသာင္း /၁သိန္းမ်ိဳးမ်ိဳးေပါ့ တစ္ခ်ိဳ႕ကစားသမားမ်ား လစာကအလြန္နည္းေနပါတယ္ အဲ့အတြက္ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖဲြ႔ခ်ဳပ္အေနနဲ႔ လက္ေရြးစင္ ကစားသမားမ်ားရဲ႕လစာမ်ားကိုေပးဖို႔အစီစဥ္ရိွမရိွကိုတိတိက်က်သိခ်င္ပါတယ္ ဘယ္သူေမးရမလဲမသိလို႔ပါ ဆရာႀကီးလဲမဟုတ္ပါဘူးခံစားခ်က္ကိုေျပာတာပါအျပစ္ရိွရင္ခြင့္လြတ္ၾကပါ” ဟု ေမလ ၃၁ ရက္က ေရးသားခဲ့သည္။
အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ျမန္မာႏုိင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္မွ ဇြန္လ ၃ ရက္ ရက္စြဲျဖင့္ ပိုက္ေက်ာ္ျခင္းလက္ေရြးစင္ကစားသမား ဇင္မင္းဦးအား သတိေပးစာထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
လက္ရွိ ျမန္မာႏုိင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္တြင္ လက္ေရြးစင္ကစားသမားမ်ားအပါအဝင္ အုပ္ခ်ဳပ္သူ နည္းျပ ၇၀ ဦးခန္႔ရွိၿပီး အစိုးရမွအဖြဲ႕ခ်ဳပ္အသိအမွတ္ျပဳသာရွိၿပီး ေထာက္ပံ့မႈမရရွိေၾကာင္းသိရသည္။
ျမန္မာပိုက္ေက်ာ္ျခင္းအားကစားမွာ ဆီးဂိမ္းျပိဳင္ပြဲတြင္သာမက အာရွအဆင့္ၿပိဳင္ပြဲမ်ားတြင္လည္း ေအာင္ျမင္မႈမ်ားရယူေပးေနေသာ အားကစားျဖစ္ကာ ၿပီးခဲ့သည့္ ၂၀၁၈ အာရွအားကစားျပိဳင္ပြဲတြင္ ၿပိဳင္ပြဲအတြင္း အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ဆုတံဆိပ္မရရွိခဲ့ေၾကာင္း သိရသည္။

-ထက္ေဝလင္း(အကုန္သိ သတင္းဌာန)

Unicode Version

မြန်မာ့ပိုက်ကျော်ခြင်းလက်ရွေးစင် ဇင်မင်းဦးအား စည်းမျဉ်းစည်းကမ်းနှင့်အညီသတိပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြောသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရုံးတွင အကုန်သိသတင်းဌာနမှ ဇွန်လ ၅ ရက်၌ တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။
" ကျွန်တော်တို့အဖွဲ့ချုပ်က ကိုယ်ပိုင်ငွေအင်အားနဲ့ရပ်တည်ရတာပါ။ ရှိတဲ့ကစားသမားအကုန်လုံးကို ငွေကြေးလောက်ငှမှုရှိအောင် ပေးချင်ပါတယ်။ ပေးဖို့လည်း အစီအစဉ်တွေရှိပါတယ်။ ဒါပေမဲ့ ချက်ချင်းတော့ ဘယ်ရမလဲဗျာ။ ကျွန်တော်တို့မှာ ရှိတဲ့အင်အားလေးနဲ့မဖြစ်ဖြစ်အောင် လုပ်ပေးနေတာပဲ။ နောက်ပြီး လက်ရွေးစင်ကစားသမားအဖြစ်နဲ့ Camp သွင်းတော့လည်း ခံဝန်ကတိတောင်းထားတယ်။ သူတို့အနေနဲ့ အဖွဲ့ချုပ်မှပေးတဲ့အတိုင်း တာဝန်ကျေပွန်ပါမည်။ နောက် အဖွဲ့ချုပ်မှပေးတဲ့ထောက်ပံ့မှုကိုလက်ခံပါမည် ဆိုတဲ့ဟာကိုပါ။ သူ့အနေနဲ့က စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ဒီလိုလုပ်လိုက်တော့ နောက်လူတွေအတွက် မကောင်းဘူးပေါ့။ နောက်မျိုးဆက်သစ်တွေကို လုပ်ငန်းရှင်တွေက ထောက်ပံ့မှုမရှိတော့မှာစိုးရိမ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်တော်တို့ဘက်က သတိပေးလိုက်တာပါ” ဟု မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
ပိုက်ကျော်ခြင်းလက်ရွေးစင်ကစားသမားဖြစ်သူ ဇင်မင်းဦးသည် ၎င်း၏ Facebook account တွင် “ ဒီနေ့အားကစားဝန်ကြီးဌာနကပေးတဲ့လက်ရွေးစင်လစာရပါတယ်။ ကိုယ်ကတော့ ၈ သောင်းပါ။ ကျန်တဲ့ကစားသမားအချို့ရဲ့လစာကတော့ ၃သောင်း /၅သောင်း /၁သိန်းမျိုးမျိုးပေါ့ တစ်ချို့ကစားသမားများ လစာကအလွန်နည်းနေပါတယ် အဲ့အတွက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေနဲ့ လက်ရွေးစင် ကစားသမားများရဲ့လစာများကိုပေးဖို့အစီစဉ်ရှိမရှိကိုတိတိကျကျသိချင်ပါတယ် ဘယ်သူမေးရမလဲမသိလို့ပါ ဆရာကြီးလဲမဟုတ်ပါဘူးခံစားချက်ကိုပြောတာပါအပြစ်ရှိရင်ခွင့်လွတ်ကြပါ” ဟု မေလ ၃၁ ရက်က ရေးသားခဲ့သည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဇွန်လ ၃ ရက် ရက်စွဲဖြင့် ပိုက်ကျော်ခြင်းလက်ရွေးစင်ကစားသမား ဇင်မင်းဦးအား သတိပေးစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တွင် လက်ရွေးစင်ကစားသမားများအပါအဝင် အုပ်ချုပ်သူ နည်းပြ ၇၀ ဦးခန့်ရှိပြီး အစိုးရမှအဖွဲ့ချုပ်အသိအမှတ်ပြုသာရှိပြီး ထောက်ပံ့မှုမရရှိကြောင်းသိရသည်။
မြန်မာပိုက်ကျော်ခြင်းအားကစားမှာ ဆီးဂိမ်းပြိုင်ပွဲတွင်သာမက အာရှအဆင့်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရယူပေးနေသော အားကစားဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲအတွင်း အခြေအနေအမျိုးမျိုးကြောင့် ဆုတံဆိပ်မရရှိခဲ့ကြောင်း သိရသည်။

-ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။