Skip to main content
“ လူေတြရဲ႕ဝင္ေငြေကာင္းရင္ ကားေစ်းကြက္ေကာင္းမယ္” ဟု ေဒါက္တာစိုးထြန္း ေျပာ
Ads Block

“ လူေတြရဲ႕ဝင္ေငြေကာင္းရင္ ကားေစ်းကြက္ေကာင္းမယ္” ဟု ေဒါက္တာစိုးထြန္း ေျပာ

ျမန္မာႏိုင္ငံသို႔ ကားစက္ရံုအမ်ားအျပားဝင္ေရာက္လာပါက ျပည္တြင္းထုတ္ကားမ်ားေနရာပိုရႏိုင္ၿပီး ျပည္သူမ်ား ၀င္ေငြေကာင္းပါက ကားေစ်းကြက္ပိုမိုေကာင္းမြန္လာမည္ဟု ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ တင္သြင္းျဖန္႔ျဖဴး ေရာင္းခ်ေရးအသင္းမွ ဥကၠ႒ ေဒါက္တာစိုးထြန္းက  ေျပာသည္။

“ လူေတြရဲ႕ဝင္ေငြေကာင္းရင္ ကားေစ်းကြက္ေကာင္းမယ္” ဟု ေဒါက္တာစိုးထြန္း ေျပာ


လက္ရွိတြင္ ေမာ္ေတာ္ယာဥ္အစိတ္အပိုင္းမ်ားတင္သြင္းၿပီး ျပည္တြင္း၌တပ္ဆင္ထုတ္လုပ္သည့္(SKD)စနစ္ျဖင့္ ထုတ္လုပ္ေၾကာင္း၊ ယင္းစနစ္ျဖင့္ ထုတ္လုပ္သည့္ ကားစက္ရံုေပါင္း (၇) ခုဝန္းက်င္ရွိေၾကာင္း သိရသည္။
“ ကားစက္ရံုေတြ ထပ္လာမယ္။ ကားသစ္ေတြထပ္လာမယ္ဆိုရင္ ျပည္တြင္းမွာထုတ္လုပ္တဲ့ ကားေတြက ေနရာပိုရလာမယ္။ လူေတြရဲ႕ ဝင္ေငြေကာင္းရင္ ကားေစ်းကြက္ေကာင္းမယ္။ တိုင္းျပည္ရဲ႕ဝင္ေငြတိုးရင္လည္း ကားေစ်းကြက္ေကာင္းမယ္”ဟုျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္တင္သြင္းျဖန္႔ျဖဴးေရာင္းခ်ေရးအသင္းမွ ဥကၠ႒ ေဒါက္တာစိုးထြန္းက ေျပာသည္။
လက္ရွိတြင္ Toyota ကားစက္ရံုမွလည္း ျပည္တြင္း၌ ကားစက္ရံုဖြင့္ကာ Hilux ယာဥ္မ်ားတပ္ဆင္ထုတ္လုပ္ရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“လက္ရွိ ၁၀၀ မွာ ၇၀ ေလာက္က ကားေဟာင္းကိုပဲဝယ္ၾကတယ္။ ေစ်းလည္းသက္သာတယ္။ အပိုပစၥည္း ရွာရတာလည္းလြယ္တယ္။ ျပန္ေရာင္းလည္းမရံႈးဘူး။ အရံႈးမခံခ်င္တဲ့သူေတြက ကားေဟာင္းကိုပဲ ဝယ္ၾကတယ္။ ကးအသစ္ရဲ႕အားသာခ်က္ကေတာ့ အာမခံရတယ္။ ၇ ႏွစ္အရစ္က်နဲ႔ ဝယ္လို႔ရတယ္။ ေနာက္ ၅ ႏွစ္ေနမွ ကားသစ္ရဲ႕ေစ်းကြက္က အားေကာင္းမယ္။ ၃ ႏွစ္ေလာက္အထိကေတာ့ ကားေဟာင္းေစ်းကြက္က အားသာေနဦးမွာပဲ” ဟု Automobile ဂ်ာနယ္မွ အမႈေဆာင္အယ္ဒီတာ ကိုၿဖိဳးက ေျပာသည္။
၂၀၁၁ ခုႏွစ္မွစတင္ကာ တစ္ဦးခ်င္းကားတင္သြင္းခြင့္ျပဳခဲ့ၿပီး တစ္ႏွစ္လွ်င္ ျမန္မာႏိုင္ငံ၏ကားတင္သြင္းမႈမွာ အစီးေရ တစ္သိန္းေက်ာ္အထိရွိခဲ့ကာ အစိုးရသစ္လက္ထက္တြင္ ကားတင္သြင္းခြင့္ကိုကန္႔သတ္ခဲ့သျဖင့္ တစ္ႏွစ္လွ်င္ အစီးေရ ၆၂၀၀ ေက်ာ္သာတင္သြင္းႏိုင္ခဲ့ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

မြန်မာနိုင်ငံသို့ ကားစက်ရုံအများအပြားဝင်ရောက်လာပါက ပြည်တွင်းထုတ်ကားများနေရာပိုရနိုင်ပြီး ပြည်သူများ ဝင်ငွေကောင်းပါက ကားဈေးကွက်ပိုမိုကောင်းမွန်လာမည်ဟု မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက  ပြောသည်။
လက်ရှိတွင် မော်တော်ယာဉ်အစိတ်အပိုင်းများတင်သွင်းပြီး ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့်(SKD)စနစ်ဖြင့် ထုတ်လုပ်ကြောင်း၊ ယင်းစနစ်ဖြင့် ထုတ်လုပ်သည့် ကားစက်ရုံပေါင်း (၇) ခုဝန်းကျင်ရှိကြောင်း သိရသည်။
“ ကားစက်ရုံတွေ ထပ်လာမယ်။ ကားသစ်တွေထပ်လာမယ်ဆိုရင် ပြည်တွင်းမှာထုတ်လုပ်တဲ့ ကားတွေက နေရာပိုရလာမယ်။ လူတွေရဲ့ ဝင်ငွေကောင်းရင် ကားဈေးကွက်ကောင်းမယ်။ တိုင်းပြည်ရဲ့ဝင်ငွေတိုးရင်လည်း ကားဈေးကွက်ကောင်းမယ်”ဟုမြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
လက်ရှိတွင် Toyota ကားစက်ရုံမှလည်း ပြည်တွင်း၌ ကားစက်ရုံဖွင့်ကာ Hilux ယာဉ်များတပ်ဆင်ထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
“လက်ရှိ ၁၀၀ မှာ ၇၀ လောက်က ကားဟောင်းကိုပဲဝယ်ကြတယ်။ ဈေးလည်းသက်သာတယ်။ အပိုပစ္စည်း ရှာရတာလည်းလွယ်တယ်။ ပြန်ရောင်းလည်းမရှုံးဘူး။ အရှုံးမခံချင်တဲ့သူတွေက ကားဟောင်းကိုပဲ ဝယ်ကြတယ်။ ကးအသစ်ရဲ့အားသာချက်ကတော့ အာမခံရတယ်။ ၇ နှစ်အရစ်ကျနဲ့ ဝယ်လို့ရတယ်။ နောက် ၅ နှစ်နေမှ ကားသစ်ရဲ့ဈေးကွက်က အားကောင်းမယ်။ ၃ နှစ်လောက်အထိကတော့ ကားဟောင်းဈေးကွက်က အားသာနေဦးမှာပဲ” ဟု Automobile ဂျာနယ်မှ အမှုဆောင်အယ်ဒီတာ ကိုဖြိုးက ပြောသည်။
၂၀၁၁ ခုနှစ်မှစတင်ကာ တစ်ဦးချင်းကားတင်သွင်းခွင့်ပြုခဲ့ပြီး တစ်နှစ်လျှင် မြန်မာနိုင်ငံ၏ကားတင်သွင်းမှုမှာ အစီးရေ တစ်သိန်းကျော်အထိရှိခဲ့ကာ အစိုးရသစ်လက်ထက်တွင် ကားတင်သွင်းခွင့်ကိုကန့်သတ်ခဲ့သဖြင့် တစ်နှစ်လျှင် အစီးရေ ၆၂၀၀ ကျော်သာတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။