Skip to main content
ယခုရက္ပိုင္း ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသမ်ားတြင္ ေနရာကြက္ၾကား မိုးႀကီးမည္
Ads Block

ယခုရက္ပိုင္း ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသမ်ားတြင္ ေနရာကြက္ၾကား မိုးႀကီးမည္


ယခုရက္ပိုင္းမ်ားတြင္ မုတ္သံုေလစတင္၀င္ေရာက္ခ်ိန္ျဖစ္သျဖင့္ ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသမ်ားတြင္ ပံုမွန္ထက္ ေနရာကြက္မိုးႀကီးျခင္းမ်ား ျဖစ္ေပၚလာႏုိင္ေၾကာင္း မိုးေလ၀သႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာမိုးေက်ာ္ဦးက ေျပာသည္။
ယေန႔ ဇြန္လ(၄)ရက္၌ အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းမႈကို အထက္ပါအတိုင္း ျပန္လည္ေျဖၾကားေပးခဲ့ျခင္းျဖစ္သည္။
အခုရက္ပိုင္းမွာေတာ့ မုတ္သံုက ျမစ္၀ကၽြန္းေပၚေဒသေတြျဖစ္တဲ့ ရန္ကုန္၊ ဧရာ၀တီ၊ မြန္၊ ကရင္ စတဲ့ ေဒသေတြမွာ ၀င္ေရာက္သြားၿပီျဖစ္တဲ့အတြက္ မိုးကေတာ့ ပံုမွန္ပါပဲ၊ ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသေတြျဖစ္တဲ့ မေကြး၊ မႏၱေလး၊ စစ္ကိုင္းစတဲ့ေဒသေတြမွာေတာ့ မုတ္သံု၀င္ေရာက္မႈ စတင္ေနတဲ့အတြက္ ေနရာကြက္ မိုးႀကီးမႈေတြရွိႏုိင္မယ္။ ဘဂၤလားပင္လယ္ေအာ္မွာေတာ့ မုတ္သံုေလအားနည္းေနပါတယ္။ ဘာမွေတာ့ ထူးထူးျခားျခားေလထုမၿငိမ္တာတို႔၊ ဘာတို႔မရွိပါဘူး” ဟုမိုးေလ၀သႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာမိုးေက်ာ္ဦးက ေျပာသည္။

ယခုရက္ပိုင္း ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသမ်ားတြင္ ေနရာကြက္ၾကား မိုးႀကီးမည္


ထို႔အျပင္ ေရႀကီးေရလွ်ံမႈမ်ားမွာ ဇူလိုင္လႏွင့္ ၾသဂုတ္လမ်ားတြင္ အျဖစ္မ်ားေလ့ရွိၿပီး ေရႀကီးမႈျဖစ္ပြားႏုိင္ေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာျမစ္အလိုက္ ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ၄င္းက ဆက္ေျပာသည္။
မိုးေလ၀သႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနမွ ယေန႔(ဇြန္လ မနက္ပိုင္းကထုတ္ျပန္ခ်က္အရ ကပၸလီ ပင္လယ္ျပင္၊ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းတို႔တြင္ မုတ္သုံေလအားအနည္းငယ္မွ အားအသင့္အတင့္ရွိေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနေၾကာင္း သိရသည္။

ယခုရက္ပိုင္း ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသမ်ားတြင္ ေနရာကြက္ၾကား မိုးႀကီးမည္


ထို႔အျပင္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပားမိုးထစ္ခ်ဳန္း႐ြာမည္ျဖစ္ကာ႐ြာရန္ရာႏႈန္းျပည့္ျဖစ္ေၾကာင္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version



ယခုရက်ပိုင်းများတွင် မုတ်သုံလေစတင်ဝင်ရောက်ချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပုံမှန်ထက် နေရာကွက်မိုးကြီးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်ဦးက ပြောသည်။
ယနေ့ ဇွန်လ(၄)ရက်၌ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
“အခုရက်ပိုင်းမှာတော့ မုတ်သုံက မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင် စတဲ့ ဒေသတွေမှာ ဝင်ရောက်သွားပြီဖြစ်တဲ့အတွက် မိုးကတော့ ပုံမှန်ပါပဲ၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်းစတဲ့ဒေသတွေမှာတော့ မုတ်သုံဝင်ရောက်မှု စတင်နေတဲ့အတွက် နေရာကွက် မိုးကြီးမှုတွေရှိနိုင်မယ်။ ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေအားနည်းနေပါတယ်။ ဘာမှတော့ ထူးထူးခြားခြားလေထုမငြိမ်တာတို့၊ ဘာတို့မရှိပါဘူး” ဟုမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်ဦးက ပြောသည်။
ထို့အပြင် ရေကြီးရေလျှံမှုများမှာ ဇူလိုင်လနှင့် သြဂုတ်လများတွင် အဖြစ်များလေ့ရှိပြီး ရေကြီးမှုဖြစ်ပွားနိုင်သော အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာမြစ်အလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့(ဇွန်လ မနက်ပိုင်းကထုတ်ပြန်ချက်အရ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်ဖြစ်ကာရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။