Skip to main content
ဇာတ္ကားတစ္ကားလွ်င္ ေဒၚလာသန္းခ်ီရပါက ဇာတ္ကားအမ်ားအျပားရိုက္ၾကေတာ့မည္မဟုတ္ဟု ဒါရိုက္တာေမာင္မ်ိဳးမင္း ေျပာ
Ads Block

ဇာတ္ကားတစ္ကားလွ်င္ ေဒၚလာသန္းခ်ီရပါက ဇာတ္ကားအမ်ားအျပားရိုက္ၾကေတာ့မည္မဟုတ္ဟု ဒါရိုက္တာေမာင္မ်ိဳးမင္း ေျပာ

လက္ရွိ ျမန္မာ့ရုပ္ရွင္ေလာကတြင္ ဇာတ္ကားတစ္ကားလွ်င္ က်ပ္သိန္း ၁၀၀၀ ခန္႔(သို႔) ေဒၚလာသန္းခ်ီ ရပါက သရုပ္ေဆာင္မ်ားအေနျဖင့္ ဇာတ္ကားအမ်ားအျပားရိုက္ကူးေတာ့မည္မဟုတ္ေၾကာင္း ဒါရိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ေျပာလိုက္သည္။

ဇာတ္ကားတစ္ကားလွ်င္ ေဒၚလာသန္းခ်ီရပါက ဇာတ္ကားအမ်ားအျပားရိုက္ၾကေတာ့မည္မဟုတ္ဟု ဒါရိုက္တာေမာင္မ်ိဳးမင္း ေျပာ


လက္ရွိတြင္ ၀ါရင့္သရုပ္ေဆာင္မ်ားမွ ဇာတ္ကားအမ်ားအျပားရိုက္ကူးေနၾကသည့္အေပၚ ယခုကဲ့သို႔ သံုးသပ္ေျပာဆိုျခင္း ျဖစ္သည္။
“ ရုပ္ရွင္ရံုမွာ ေနတုိး၊ ေျပတီဦး၊ ျမင့္ျမတ္၊ ေအာင္ရဲလင္းရယ္ ဒီလူေတြရဲ႕ဇာတ္ကားေတြပဲလွည့္တင္ေနတာ။ တစ္ခါတစ္ရံမင္းေမာ္ကြန္းတို႔ ထြန္းထြန္း၊ ခန္႔စည္သူတို႔ပါလာတာလည္းရွိတယ္။ ဒီလူေတြနဲ႔လုပ္မွပဲ ေအာင္ျမင္တာဆိုေတာ့ ဒီလူေတြနဲ႔ပဲလုပ္ေနတာေပါ့။ သူတို႔လည္းဒါကိုလုပ္ခ်င္လို႔လုပ္ေနတာမဟုတ္ဘူး။ တကယ္လို႔သာ ဇာတ္ကားတစ္ကားကိုသိန္း ၁၀၀၀ ေလာက္ ဒါမွမဟုတ္ ေဒၚလာသန္းနဲ႔ခ်ီရမယ္ဆိုရင္ သူတို႔လည္းအမ်ားႀကီးရိုက္မွာမဟုတ္ဘူး။ ေနာက္တစ္မ်ိဳးစဥ္းစားမွာေပါ့။ အခုကအဲဒီလိုမဟုတ္ေတာ့ အေရအတြက္မ်ားမ်ားရိုက္ေနရတယ္။ အဲဒီလိုရိုက္ေနရတဲ့အတြက္လည္း ၾကည့္ရတဲ့ပရိသတ္ကရိုးလာၿပီ။ ျမန္မာ့ရုပ္ရွင္ေလာကမွာသရုပ္ေဆာင္အသစ္ေတြကို ေနရာေပးလာတယ္ဆိုတာ သရုပ္ေဆာင္ေကာင္းလို႔ ဆိုတာထက္ ၀ါရင့္သရုပ္ေဆာင္ႀကီးေတြကိုၾကည့္ရတာၿငီးေငြ႔လာလို႔သာျဖစ္တယ္” ဟု ဒါရိုက္တာေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္)က ေျပာသည္။
ယခင္က ျမန္မာ့ရုပ္ရွင္ေလာကတြင္ ဗီဒီယိုေစ်းကြက္ အခိုင္အမာရွိခဲ့ၿပီး ယခုေနာက္ပိုင္းတြင္ ဗီဒီယုိေစ်းကြက္ က်ဆင္းလာသျဖင့္ ဇာတ္ပို႔၊ ဇာတ္ရံမ်ားမွာမူ အခက္အခဲႀကံဳေတြ႕လာရေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။
သို႔ေသာ္ ယခုေနာက္ပိုင္းတြင္ ရုပ္သံဇာတ္လမ္းတြဲေတြ အစားထိုး၀င္ေရာက္လာသျဖင့္ အႏုပညာရွင္မ်ား အဆင္ေျပေနေၾကာင္းလည္း သိရသည္။
 “တခါတရံမွာအသစ္ေတြကိုတင္လိုက္တယ္။ အသစ္ကနည္းနည္းေလးပဲေကာင္းတယ္။ ဒါေပမဲ့ အသစ္ကိုအမွတ္အမ်ားႀကီးေပးလိုက္တယ္။ ဘာျဖစ္လို႔လည္းဆိုရင္ သူတို႔ကိုၾကည့္ရတာ ၿငီးေငြ႕လာလို႔ ဒါလည္းသဘာ၀က်တယ္။သရုပ္ေဆာင္ႀကီးေတြနဲ႔တကယ္ယွဥ္လုပ္မယ္ဆိုရင္ အိုက္တင္အရသူတို႔ကိုတစ္ေယာက္မွမမွီေသးဘူး။ ဒါကေတာ့ ရွင္းတယ္။ ပီျပင္တဲ့ေနရာမွာမမီဘူး” လို႔ ဒါရိုက္တာေမာင္မ်ိဳးမင္းကေျပာပါတယ္။
လို႔ အကုန္သိသတင္းဌာနရဲ႕ေမးျမန္းမႈအေပၚ ဆက္လက္ေျဖၾကားခဲ့ပါတယ္။

- အိျဖဴသိမ့္ (အကုန္သိသတင္းဌာန)

Unicode Version

 

လက်ရှိ မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်ကားတစ်ကားလျှင် ကျပ်သိန်း ၁၀၀၀ ခန့်(သို့) ဒေါ်လာသန်းချီ ရပါက သရုပ်ဆောင်များအနေဖြင့် ဇာတ်ကားအများအပြားရိုက်ကူးတော့မည်မဟုတ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောလိုက်သည်။
လက်ရှိတွင် ဝါရင့်သရုပ်ဆောင်များမှ ဇာတ်ကားအများအပြားရိုက်ကူးနေကြသည့်အပေါ် ယခုကဲ့သို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
“ ရုပ်ရှင်ရုံမှာ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ အောင်ရဲလင်းရယ် ဒီလူတွေရဲ့ဇာတ်ကားတွေပဲလှည့်တင်နေတာ။ တစ်ခါတစ်ရံမင်းမော်ကွန်းတို့ ထွန်းထွန်း၊ ခန့်စည်သူတို့ပါလာတာလည်းရှိတယ်။ ဒီလူတွေနဲ့လုပ်မှပဲ အောင်မြင်တာဆိုတော့ ဒီလူတွေနဲ့ပဲလုပ်နေတာပေါ့။ သူတို့လည်းဒါကိုလုပ်ချင်လို့လုပ်နေတာမဟုတ်ဘူး။ တကယ်လို့သာ ဇာတ်ကားတစ်ကားကိုသိန်း ၁၀၀၀ လောက် ဒါမှမဟုတ် ဒေါ်လာသန်းနဲ့ချီရမယ်ဆိုရင် သူတို့လည်းအများကြီးရိုက်မှာမဟုတ်ဘူး။ နောက်တစ်မျိုးစဉ်းစားမှာပေါ့။ အခုကအဲဒီလိုမဟုတ်တော့ အရေအတွက်များများရိုက်နေရတယ်။ အဲဒီလိုရိုက်နေရတဲ့အတွက်လည်း ကြည့်ရတဲ့ပရိသတ်ကရိုးလာပြီ။ မြန်မာ့ရုပ်ရှင်လောကမှာသရုပ်ဆောင်အသစ်တွေကို နေရာပေးလာတယ်ဆိုတာ သရုပ်ဆောင်ကောင်းလို့ ဆိုတာထက် ဝါရင့်သရုပ်ဆောင်ကြီးတွေကိုကြည့်ရတာငြီးငွေ့လာလို့သာဖြစ်တယ်” ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။
ယခင်က မြန်မာ့ရုပ်ရှင်လောကတွင် ဗီဒီယိုဈေးကွက် အခိုင်အမာရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ဗီဒီယိုဈေးကွက် ကျဆင်းလာသဖြင့် ဇာတ်ပို့၊ ဇာတ်ရံများမှာမူ အခက်အခဲကြုံတွေ့လာရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
သို့သော် ယခုနောက်ပိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲတွေ အစားထိုးဝင်ရောက်လာသဖြင့် အနုပညာရှင်များ အဆင်ပြေနေကြောင်းလည်း သိရသည်။
 “တခါတရံမှာအသစ်တွေကိုတင်လိုက်တယ်။ အသစ်ကနည်းနည်းလေးပဲကောင်းတယ်။ ဒါပေမဲ့ အသစ်ကိုအမှတ်အများကြီးပေးလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုရင် သူတို့ကိုကြည့်ရတာ ငြီးငွေ့လာလို့ ဒါလည်းသဘာဝကျတယ်။သရုပ်ဆောင်ကြီးတွေနဲ့တကယ်ယှဉ်လုပ်မယ်ဆိုရင် အိုက်တင်အရသူတို့ကိုတစ်ယောက်မှမမှီသေးဘူး။ ဒါကတော့ ရှင်းတယ်။ ပီပြင်တဲ့နေရာမှာမမီဘူး” လို့ ဒါရိုက်တာမောင်မျိုးမင်းကပြောပါတယ်။
လို့ အကုန်သိသတင်းဌာနရဲ့မေးမြန်းမှုအပေါ် ဆက်လက်ဖြေကြားခဲ့ပါတယ်။

- အိဖြူသိမ့် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။