Skip to main content
ရန္ကုန္ၿမိဳ႕ရွိတည္ေဆာက္ေရးလုပ္ငန္းမ်ားမွာ လူပုဂၢဳိလ္အေပၚမူတည္ၿပီး ကန္႔သတ္ထားျခင္းမရွိဟု ဦးၿဖိဳးမင္းသိန္း ေျပာ
Ads Block

ရန္ကုန္ၿမိဳ႕ရွိတည္ေဆာက္ေရးလုပ္ငန္းမ်ားမွာ လူပုဂၢဳိလ္အေပၚမူတည္ၿပီး ကန္႔သတ္ထားျခင္းမရွိဟု ဦးၿဖိဳးမင္းသိန္း ေျပာ

ရန္ကုန္ၿမိဳ႕တြင္ အေဆာက္အဦေဆာက္လုပ္မည္ဆိုပါက စည္ပင္သာယာဥပေဒႏွင့္ညီညြတ္ၿပီး ေျမပိုင္ဆိုင္မႈ ကင္းရွင္းပါကေဆာင္ရြက္ႏုိင္ၿပီး လူပုဂၢဳိလ္အေနျဖင့္ ကန္႔သတ္ထားျခင္းမရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းေျပာျပခ်က္အရ သိရသည္။

ရန္ကုန္ၿမိဳ႕ရွိတည္ေဆာက္ေရးလုပ္ငန္းမ်ားမွာ လူပုဂၢဳိလ္အေပၚမူတည္ၿပီး ကန္႔သတ္ထားျခင္းမရွိဟု ဦးၿဖိဳးမင္းသိန္း ေျပာ

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖဲြ႔မွ ႀကီးမွဴး၍ ရန္ကုန္တိုင္းေဒသႀကီးလူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ား အသင္း(YRYEA)မွ ဇြန္လ ၃ ရက္တြင္ စီစဥ္က်င္းပေသာ အနာဂတ္ရန္ကုန္စီမံကိန္းအတြက္ Yangon Project Bank ရွင္းလင္းေဆြးေႏြးပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ “ စြမ္းေဆာင္ႏုိင္ရည္ရွိသူမ်ားအတြက္ ရန္ကုန္မွာရင္းႏွီးျမဳပ္နွံမႈေတြရွိေနမွာျဖစ္ပါတယ္။ အထပ္ျမင့္ အေဆာက္အဦေတြကုိ တည္ေဆာက္ဖုိ႔ပဲျဖစ္ျဖစ္ YCDC ကခ်မွတ္ထားတဲ့ လုပ္ထုံးလုပ္နည္းေတြနဲ႔ ညီညြတ္မယ္။ ေျမပုိင္ဆုိင္မႈေတြနဲ႔ရွင္းလင္းမယ္ဆုိရင္ ရန္ကုန္မွာတည္ေဆာက္ေရးလုပ္ငန္းေတြနဲ႔ပတ္သက္ၿပီး လူပုဂၢဳိလ္အေနနဲ႔ ကန္႔သတ္ထားတာမရွိပါဘူး။ ကန္႔သတ္ထားတယ္လုိ႔ယူဆလုိ႔ရွိရင္ ျပန္သုံးသပ္ၾကည့္လုိ႔ ရပါတယ္။ အဲဒါ တင္ျပမႈေတြထဲကမွားယြင္းမႈတစ္ခုခုရွိမွာျဖစ္ပါတယ္’’ ဟု ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႔မွ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။ လက္ရွိ ရန္ကုန္ၿမိဳ႕တြင္း လမ္းအက်ယ္ ေပ ၃၀ ရွိသည့္လမ္းတြင္ အေဆာက္အအုံ၏ အျမင့္ ၅၂ ေပ (ငါးထပ္) အထိ တည္ေဆာက္ခြင့္ေပးမည္ျဖစ္ကာ စုစုေပါင္းၾကမ္းခင္းဧရိယာႏွင့္ေျမကြက္ဧရိယာအခ်ိဳး (Floor area ratio - FAR) ၄ ဒသမ ၉ ၊ စုစုေပါင္းအေဆာက္အအုံဖုံးလႊမ္းမႈဧရိယာႏွင့္ ေျမကြက္ဧရိယာအခ်ိဳး (BCR) ၉၈ ရာခိုင္ႏွုန္းအထိသာ အေဆာက္အအုံတည္ေဆာက္ခြင့္ျပဳမည္ဟု သိရသည္။ ထို႔အျပင္ ၿမိဳ႕တြင္းရွိ ေတာင္ႏွင့္ေျမာက္သြယ္တန္းေနေသာ အမည္တပ္လမ္းမ်ားတြင္ အေဆာက္အအုံအျမင့္ကို လမ္းအက်ယ္ေပၚမူတည္၍ ၁ အခ်ိဳး ၁ ဒသမ ၂၅ ရာခိုင္ႏႈန္းျဖင့္ တည္ေဆာက္ခြင့္ေပးမည္ျဖစ္ၿပီး အေရွ႕-အေနာက္ သြယ္တန္းေနေသာ အမည္တပ္လမ္းမ်ားတြင္ လမ္းအက်ယ္၏ ၁ အခ်ိဳး ၁ ဒသမ ၅ ရာခိုင္ႏွုန္းျဖင့္ တည္ေဆာက္ခြင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။ ေတာင္-ေျမာက္လားရာ နံပါတ္တပ္ ေပ ၃၀ က်ယ္လမ္းမ်ားတြင္ ေျမကြက္တစ္ကြက္ထက္ ပို၍ေပါင္းၿပီး တည္ေဆာက္ပါက အျမင့္ ၆၂ ေပ (ေျခာက္ထပ္) အထိတည္ေဆာက္ခြင့္ေပးမည္ျဖစ္ၿပီး အေဆာက္အအုံ တည္ေဆာက္ရာတြင္ ေမာ္ေတာ္ယာဥ္ရပ္နားရန္၊ ဘတ္စ္ ကားဂိတ္၊ ပန္းၿခံ၊ အမ်ားပိုင္ေနရာအခ်ိဳ႕ ထည့္သြင္းတည္ေဆာက္ေပးလၽွင္ အထပ္အျမင့္ကို သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားျဖင့္ ညႇိႏွိုင္း၍ အျမင့္ပိုေဆာက္နိုင္ရန္ ခြင့္ျပဳေပးမည္ျဖစ္သည္။ ေျမကြက္ဧရိယာ ႏွစ္ဧကအထက္ ေျမကြက္ေပၚတြင္ လုပ္ငန္းရွင္တစ္ဦးက ပင္မၿမိဳ႕ျပစီမံကိန္းအျဖစ္ ေပါင္းစပ္ထည့္သြင္း စဥ္စားထားေသာ ဖြံ႕ၿဖိဳးမႈစီမံကိန္းကို(ဧရိယာအလိုက္ဖြံ႕ၿဖိဳးမႈစီမံကိန္း) အျဖစ္သတ္မွတ္ၿပီး အထပ္ျမင့္ကန္႔သတ္ခ်က္၊ အေဆာက္အအုံ ဖုံးလႊမ္းမွု ကန္႔သတ္ခ်က္မ်ားအျပင္ စိမ္းလန္းေျမဧရိယာ အနည္းဆုံး ၂၀ ရာခိုင္ႏႈန္းအထိ တည့္သြင္းတည္ေဆာင္ရမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ျပန္ထားသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ရန်ကုန်မြို့တွင် အဆောက်အဦဆောက်လုပ်မည်ဆိုပါက စည်ပင်သာယာဥပဒေနှင့်ညီညွတ်ပြီး မြေပိုင်ဆိုင်မှု ကင်းရှင်းပါကဆောင်ရွက်နိုင်ပြီး လူပုဂ္ဂိုလ်အနေဖြင့် ကန့်သတ်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း(YRYEA)မှ ဇွန်လ ၃ ရက်တွင် စီစဉ်ကျင်းပသော အနာဂတ်ရန်ကုန်စီမံကိန်းအတွက် Yangon Project Bank ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ စွမ်းဆောင်နိုင်ရည်ရှိသူများအတွက် ရန်ကုန်မှာရင်းနှီးမြုပ်နှံမှုတွေရှိနေမှာဖြစ်ပါတယ်။ အထပ်မြင့် အဆောက်အဦတွေကို တည်ဆောက်ဖို့ပဲဖြစ်ဖြစ် YCDC ကချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မယ်။ မြေပိုင်ဆိုင်မှုတွေနဲ့ရှင်းလင်းမယ်ဆိုရင် ရန်ကုန်မှာတည်ဆောက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူပုဂ္ဂိုလ်အနေနဲ့ ကန့်သတ်ထားတာမရှိပါဘူး။ ကန့်သတ်ထားတယ်လို့ယူဆလို့ရှိရင် ပြန်သုံးသပ်ကြည့်လို့ ရပါတယ်။ အဲဒါ တင်ပြမှုတွေထဲကမှားယွင်းမှုတစ်ခုခုရှိမှာဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင်း လမ်းအကျယ် ပေ ၃၀ ရှိသည့်လမ်းတွင် အဆောက်အအုံ၏ အမြင့် ၅၂ ပေ (ငါးထပ်) အထိ တည်ဆောက်ခွင့်ပေးမည်ဖြစ်ကာ စုစုပေါင်းကြမ်းခင်းဧရိယာနှင့်မြေကွက်ဧရိယာအချိုး (Floor area ratio - FAR) ၄ ဒသမ ၉ ၊ စုစုပေါင်းအဆောက်အအုံဖုံးလွှမ်းမှုဧရိယာနှင့် မြေကွက်ဧရိယာအချိုး (BCR) ၉၈ ရာခိုင်နှုန်းအထိသာ အဆောက်အအုံတည်ဆောက်ခွင့်ပြုမည်ဟု သိရသည်။
ထို့အပြင် မြို့တွင်းရှိ တောင်နှင့်မြောက်သွယ်တန်းနေသော အမည်တပ်လမ်းများတွင် အဆောက်အအုံအမြင့်ကို လမ်းအကျယ်ပေါ်မူတည်၍ ၁ အချိုး ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အရှေ့-အနောက် သွယ်တန်းနေသော အမည်တပ်လမ်းများတွင် လမ်းအကျယ်၏ ၁ အချိုး ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်-မြောက်လားရာ နံပါတ်တပ် ပေ ၃၀ ကျယ်လမ်းများတွင် မြေကွက်တစ်ကွက်ထက် ပို၍ပေါင်းပြီး တည်ဆောက်ပါက အမြင့် ၆၂ ပေ (ခြောက်ထပ်) အထိတည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အဆောက်အအုံ တည်ဆောက်ရာတွင် မော်တော်ယာဉ်ရပ်နားရန်၊ ဘတ်စ် ကားဂိတ်၊ ပန်းခြံ၊ အများပိုင်နေရာအချို့ ထည့်သွင်းတည်ဆောက်ပေးလျှင် အထပ်အမြင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်း၍ အမြင့်ပိုဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်သည်။
မြေကွက်ဧရိယာ နှစ်ဧကအထက် မြေကွက်ပေါ်တွင် လုပ်ငန်းရှင်တစ်ဦးက ပင်မမြို့ပြစီမံကိန်းအဖြစ် ပေါင်းစပ်ထည့်သွင်း စဉ်စားထားသော ဖွံ့ဖြိုးမှုစီမံကိန်းကို(ဧရိယာအလိုက်ဖွံ့ဖြိုးမှုစီမံကိန်း) အဖြစ်သတ်မှတ်ပြီး အထပ်မြင့်ကန့်သတ်ချက်၊ အဆောက်အအုံ ဖုံးလွှမ်းမှု ကန့်သတ်ချက်များအပြင် စိမ်းလန်းမြေဧရိယာ အနည်းဆုံး ၂၀ ရာခိုင်နှုန်းအထိ တည့်သွင်းတည်ဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။