Skip to main content
shswh
Ads Block

ျမန္မာႏုိင္ငံတြင္ ေလထုညစ္ညမ္းမႈေၾကာင့္ ႏွစ္စဥ္လူဦးေရ ႏွစ္ေသာင္းေက်ာ္ ေသဆုံးေန

 

 

ျမန္မာႏုိင္ငံတြင္ ေလထုညစ္ညမ္းမႈေၾကာင့္ နွစ္စဥ္ လူဦးေရႏွစ္ေသာင္းေက်ာ္ေသဆုံးေနေၾကာင္း WHO (ကမၻာက်န္းမာေရးအဖြဲ႔)၏ထုတ္ျပန္ခ်က္အရ သိရသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ၏ ေလ့လာေတြ႔ရွိခ်က္မ်ားအရကမာၻတစ္ဝွမ္းတြင္ ေလထုညစ္ညမ္းမႈေၾကာင့္ ႏွစ္စဥ္ လူေပါင္း ၇ သန္းနီးပါးအရြယ္ မတုိင္မီေသဆံုးလ်က္ရွိၿပီး ၄ သန္းခန္႔မွာအာရွပစိဖိတ္ေဒသမွျဖစ္ကာ ျမန္မာႏိုင္ငံတြင္ ေလထုညစ္ညမ္းမႈေၾကာင့္ ႏွစ္စဥ္ လူေပါင္း ၂၂၀၀၀ ခန္႔ေသဆံုးေနေၾကာင္း သိရသည္။

zdher

“ ကြ်န္ေတာ္တို႔အားလံုးဟာဒီေလကိုပဲ ႐ွဴ႐ိႈက္ေနၾကတာျဖစ္ပါတယ္။ ေလထုကညစ္ညမ္းေနတယ္ဆိုရင္ က်န္းမာေရးဆိုးက်ိဳးေတြ အမ်ားႀကီးခံစားရႏိုင္ပါတယ္။ သတင္းေကာင္းကေတာ့ ေလထုညစ္ညမ္းမႈဟာ တားဆီးႏိုင္တယ္ဆိုတာပါပဲ။ ကြ်န္ေတာ္တို႔အားလံုးေလထုညစ္ညမ္းမႈကို အတူတကြပူးေပါင္းၿပီး တိုက္ထုတ္ႏိုင္ပါတယ္။ လူထုအသိပညာေပးမႈကေနစၿပီးသန္႔ရွင္းတဲ့ေလနဲ႔ ပတ္သက္တဲ့ ဥပေဒေတြ၊ စံႏႈန္းေတြ ခ်မွတ္ျပဌာန္းတာေတြအျပင္ ေလထုညစ္ညမ္းမႈကိုေလွ်ာ့ခ်ေပးႏုိင္တဲ့ နည္းပညာေတြကိုအသံုးျပဳၿပီး လုပ္ေဆာင္ႏိုင္ပါတယ္” ဟု ျမန္မာႏိုင္ငံဆိုင္ရာဥေရာပသံအမတ္ႀကီး Kristian Schmidt က ဇြန္လ ၃ ရက္၌ က်င္းပေသာကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးေန႔အႀကိဳ ဓာတ္ပံုျပပြဲတြင္ေျပာၾကားထားသည္။

ကမာၻ႔ပတ္ဝန္းက်င္အညႊန္းကိန္းတြင္ ျမန္မာႏိုင္ငံသည္ ကမာၻေပၚတြင္ ေလထုညစ္ညမ္းမႈအမ်ားဆံုး ႏိုင္ငံ (၁၅) ႏိုင္ငံတြင္ ပါဝင္ေနၿပီး ႏွစ္စဥ္ ဇန္နဝါရီလမွ ဧၿပီလအထိသည္ ေလထုညစ္ညမ္းမႈ အမ်ားဆံုးျဖစ္ပြားေသာ လမ်ားျဖစ္ေၾကာင္း သိရသည္။

အိမ္တြင္းထင္းမီးျဖင့္ခ်က္ျပဳတ္စားေသာက္ျခင္း၊ေရနံဆီမီးထြန္းျခင္းစသည့္အေၾကာင္းအရင္းမ်ားမွာ အိမ္တြင္း ေလထုညစ္ညမ္းမႈကိုသိသိသာသာျမင့္တက္ေစၿပီး အထူးသျဖင့္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ား၏ က်န္းမာေရးကိုထိခိုက္ေစေၾကာင္းသိရသည္။

ထို႔အျပင္ အႀကီးစားေတာင္ယာမီးရိႈ႕စိုက္ပ်ိဳးမႈမ်ားမွ ထြက္ရွိေသာအဆိပ္အေတာက္အေငြ႔မ်ားႏွင့္ ေက်းလက္ေဒသမ်ားတြင္ အမိႈက္သရိုက္မ်ားမီးရိႈ႕ျခင္းတို႔သည္ ႏုိင္ငံအဝန္းရွိ ျပင္ပေလထုအား ညစ္ညမ္းေစသည့္ အႀကီးမားဆံုးအေၾကာင္းရင္းမ်ား ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံရွိကေလးသူငယ္ေသဆံုးမႈမ်ား၏ ၆၂% သည္ အိမ္တြင္းေလထုညစ္ညမ္းမႈမွတစ္ဆင့္ အသက္ရႈလမ္းေၾကာင္းပိုးဝင္ကာ ေသဆံုးျခင္းျဖစ္သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

 

မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ နှစ်သောင်းကျော် သေဆုံးနေ


မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေနှစ်သောင်းကျော်သေဆုံးနေကြောင်း WHO (ကမ္ဘာကျန်းမာရေးအဖွဲ့)၏ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာတွေ့ရှိချက်များအရကမ္ဘာတစ်ဝှမ်းတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၇ သန်းနီးပါးအရွယ် မတိုင်မီသေဆုံးလျက်ရှိပြီး ၄ သန်းခန့်မှာအာရှပစိဖိတ်ဒေသမှဖြစ်ကာ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၂၂၀၀၀ ခန့်သေဆုံးနေကြောင်း သိရသည်။

“ ကျွန်တော်တို့အားလုံးဟာဒီလေကိုပဲ ရှူရှိုက်နေကြတာဖြစ်ပါတယ်။ လေထုကညစ်ညမ်းနေတယ်ဆိုရင် ကျန်းမာရေးဆိုးကျိုးတွေ အများကြီးခံစားရနိုင်ပါတယ်။ သတင်းကောင်းကတော့ လေထုညစ်ညမ်းမှုဟာ တားဆီးနိုင်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့အားလုံးလေထုညစ်ညမ်းမှုကို အတူတကွပူးပေါင်းပြီး တိုက်ထုတ်နိုင်ပါတယ်။ လူထုအသိပညာပေးမှုကနေစပြီးသန့်ရှင်းတဲ့လေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ စံနှုန်းတွေ ချမှတ်ပြဌာန်းတာတွေအပြင် လေထုညစ်ညမ်းမှုကိုလျှော့ချပေးနိုင်တဲ့ နည်းပညာတွေကိုအသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာဥရောပသံအမတ်ကြီး Kristian Schmidt က ဇွန်လ ၃ ရက်၌ ကျင်းပသောကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ဓာတ်ပုံပြပွဲတွင်ပြောကြားထားသည်။

ကမ္ဘာ့ပတ်ဝန်းကျင်အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအများဆုံး နိုင်ငံ (၁၅) နိုင်ငံတွင် ပါဝင်နေပြီး နှစ်စဉ် ဇန်နဝါရီလမှ ဧပြီလအထိသည် လေထုညစ်ညမ်းမှု အများဆုံးဖြစ်ပွားသော လများဖြစ်ကြောင်း သိရသည်။

အိမ်တွင်းထင်းမီးဖြင့်ချက်ပြုတ်စားသောက်ခြင်း၊ရေနံဆီမီးထွန်းခြင်းစသည့်အကြောင်းအရင်းများမှာ အိမ်တွင်း လေထုညစ်ညမ်းမှုကိုသိသိသာသာမြင့်တက်စေပြီး အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေးကိုထိခိုက်စေကြောင်းသိရသည်။

ထို့အပြင် အကြီးစားတောင်ယာမီးရှို့စိုက်ပျိုးမှုများမှ ထွက်ရှိသောအဆိပ်အတောက်အငွေ့များနှင့် ကျေးလက်ဒေသများတွင် အမှိုက်သရိုက်များမီးရှို့ခြင်းတို့သည် နိုင်ငံအဝန်းရှိ ပြင်ပလေထုအား ညစ်ညမ်းစေသည့် အကြီးမားဆုံးအကြောင်းရင်းများ ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိကလေးသူငယ်သေဆုံးမှုများ၏ ၆၂% သည် အိမ်တွင်းလေထုညစ်ညမ်းမှုမှတစ်ဆင့် အသက်ရှုလမ်းကြောင်းပိုးဝင်ကာ သေဆုံးခြင်းဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။