Skip to main content
shb
Ads Block

တကၠသိုလ္ ၄ ခုတြင္ Mini Shuttle Bus မ်ားေျပးဆြဲရန္ တင္ျပထားမႈ အေၾကာင္းမျပန္ေသးဟု ဆို

 

ေက်ာင္းသူ/သားမ်ားအဆင္ေျပေစရန္ တကၠသိုလ္ ၄ ခုတြင္ ေခါက္တိုယာဥ္လိုင္း(Mini Shuttle Bus) ေျပးဆြဲရန္ အာဏာပိုင္အဖြဲ႔ထံတင္ျပထားေသာ္လည္း အေၾကာင္းမျပန္ေသးေၾကာင္း Omni Focus ကုမၸဏီလီမိတက္မွ သိရသည္။

တကၠသိုလ္ ၄ ခုျဖစ္သည့္ လိႈင္သာယာနည္းပညာတကၠသိုလ္၊ ေျမာက္ဥကၠလာေဆးတကၠသိုလ္(၂)၊ ဒဂံုတကၠသိုလ္ႏွင့္ စီးပြားေရးတကၠသိုလ္တို႔တြင္ေျပးဆြဲရန္ ၿပီးခဲ့သည့္ေမလတြင္ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ယာဥ္လိုင္းသစ္ေတြ တိုးခ်ဲ႕ေျပးဆြဲဖို႔အတြက္ တင္ျပထားတာေတြရွိတယ္။ ၿပီးေတာ့ တကၠသိုလ္ ၄ ခုမွာ Shuttle Bus ေျပးဆြဲဖို႔အတြက္ တင္ျပထားတယ္။ ဒါေပမယ့္ သူတို႔ဘက္က ဘာမွအေၾကာင္းမျပန္ေသးဘူး။ ယာဥ္အစီးေရေတြ ထပ္တိုးဖို႔လည္းရွိပါတယ္”ဟု Omni Focus ကုမၸဏီလီမိတက္မွ မန္းေနးဂ်င္းဒါရိုက္တာ ကိုထြန္းေတာက္ဝင္းက ေျပာသည္။

ကနဦးစတင္ေျပးဆြဲခ်ိန္တြင္ ယာဥ္အစီးေရ ၅၀ ျဖင့္စတင္မည္ျဖစ္ၿပီး ယာဥ္စီးခႏွင့္ပတ္သက္၍ လက္ရွိတြင္ သတ္မွတ္ထားျခင္းမရွိေသးေၾကာင္း သိရသည္။

Omni Focus ကုမၸဏီလက္ေအာက္တြင္ YBS ၂၀၊ YBS ၈၃၊ YBS ၉၈၊ YBS ၅၆ ယာဥ္လို္င္း အပါအဝင္ ရန္ကုန္ဘူတာႀကီးမွ ေလဆိပ္သို႔ ေျပးဆြဲေပးေနသည့္ Shuttle Bus ယာဥ္လိုင္းတို႔မွာ ၂၄ နာရီ ဝန္ေဆာင္မႈေပးေနေၾကာင္း သိရသည္။

ယင္းအျပင္ ၂၄ နာရီယာဥ္လိုင္းဝန္ေဆာင္မႈေပးရာတြင္ ေန႔စဥ္ခရီးသည္ ၃၀၀၀ ဝန္းက်င္ စီးနင္းေနေၾကာင္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

တက္ကသိုလ် ၄ ခုတွင် Mini Shuttle Bus များပြေးဆွဲရန် တင်ပြထားမှု အကြောင်းမပြန်သေးဟု ဆို

ကျောင်းသူ/သားများအဆင်ပြေစေရန် တက္ကသိုလ် ၄ ခုတွင် ခေါက်တိုယာဉ်လိုင်း(Mini Shuttle Bus) ပြေးဆွဲရန် အာဏာပိုင်အဖွဲ့ထံတင်ပြထားသော်လည်း အကြောင်းမပြန်သေးကြောင်း Omni Focus ကုမ္ပဏီလီမိတက်မှ သိရသည်။

တက္ကသိုလ် ၄ ခုဖြစ်သည့် လှိုင်သာယာနည်းပညာတက္ကသိုလ်၊ မြောက်ဥက္ကလာဆေးတက္ကသိုလ်(၂)၊ ဒဂုံတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့တွင်ပြေးဆွဲရန် ပြီးခဲ့သည့်မေလတွင် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ယာဉ်လိုင်းသစ်တွေ တိုးချဲ့ပြေးဆွဲဖို့အတွက် တင်ပြထားတာတွေရှိတယ်။ ပြီးတော့ တက္ကသိုလ် ၄ ခုမှာ Shuttle Bus ပြေးဆွဲဖို့အတွက် တင်ပြထားတယ်။ ဒါပေမယ့် သူတို့ဘက်က ဘာမှအကြောင်းမပြန်သေးဘူး။ ယာဉ်အစီးရေတွေ ထပ်တိုးဖို့လည်းရှိပါတယ်”ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။

ကနဦးစတင်ပြေးဆွဲချိန်တွင် ယာဉ်အစီးရေ ၅၀ ဖြင့်စတင်မည်ဖြစ်ပြီး ယာဉ်စီးခနှင့်ပတ်သက်၍ လက်ရှိတွင် သတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

Omni Focus ကုမ္ပဏီလက်အောက်တွင် YBS ၂၀၊ YBS ၈၃၊ YBS ၉၈၊ YBS ၅၆ ယာဉ်လိုင်း အပါအဝင် ရန်ကုန်ဘူတာကြီးမှ လေဆိပ်သို့ ပြေးဆွဲပေးနေသည့် Shuttle Bus ယာဉ်လိုင်းတို့မှာ ၂၄ နာရီ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

ယင်းအပြင် ၂၄ နာရီယာဉ်လိုင်းဝန်ဆောင်မှုပေးရာတွင် နေ့စဉ်ခရီးသည် ၃၀၀၀ ဝန်းကျင် စီးနင်းနေကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။