Skip to main content
sb
Ads Block

ဧရာဝတီတုိင္းတြင္ ေဒၚလာ ၅ သန္းႏွင့္ေအာက္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၄၀ ေက်ာ္ခြင့္ျပဳထား

 

ဧရာဝတီတုိင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီဖြဲ႕စည္းၿပီးေနာက္ အေမရိကန္ေေဒၚလာ ၅ သန္းႏွင့္ေအာက္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းေပါင္း ၄၀ ေက်ာ္ခြင့္ျပဳထားေၾကာင္း ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္က ေျပာသည္။

ဧရာဝတီတိုင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီကို ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လတြင္စတင္ဖြဲ႕စည္းခဲ့ၿပီး လက္ရွိကာလအထိ လွ်ပ္စစ္လုပ္ငန္း၊ လယ္ယာလုပ္ငန္း၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း၊ အဆင့္ျမင့္အိမ္ရာ လုပ္ငန္း၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္း၊ စက္မႈလုပ္ငန္းႏွင့္ အျခားေသာလုပ္ငန္းက႑မ်ားအတြင္းျပည္တြင္း၊ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းေပါင္း ၄၀ ေက်ာ္ခြင့္ျပဳထားေၾကာင္း သိရသည္။

“ ရင္းႏွီးျမွဳပ္ႏွံမႈက ႏွစ္ပိုင္းရွိတယ္။ MIC ပိုင္းရွိတယ္။ တုိင္းေဒသႀကီးပိုင္းရွိတယ္။ တိုင္းေဒသႀကီးအပိုင္းမွာ ကၽြန္ေတာ္တာဝန္ယူၿပီးမွခြင့္ျပဳေပးခဲ့တာ၂၉ ခုေလာက္ရွိသြားၿပီ။ ကၽြန္ေတာ့္အရင္ ဝန္ႀကီးခ်ဳပ္လက္ထက္နဲ႔ ေပါင္းလိုက္ရင္ လုပ္ငန္းအခု ၄၀ ေက်ာ္သြားၿပီ” ဟု ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္က ေျပာသည္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ေရနက္ဆိပ္ကမ္းလုပ္ငန္း၊ ငါး၊ ပုစြန္၊ ဂဏန္းစသည့္ ေမြးျမဴေရးလုပ္ငန္း၊ ေရလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္း၊ ယင္းလုပ္ငန္းမ်ားအေပၚအေျခခံသည့္ စက္မႈလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးလုပ္ငန္းစသည့္လုပ္ငန္းမ်ားအတြင္း ရင္းႏွီးျမွဳပ္ႏွံမႈအမ်ားအျပားေဆာင္ရြက္ႏိုင္ေၾကာင္း သိရသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားတိုးျမင့္လာၿပီးလုပ္ငန္းမ်ားပိုမိုခြင့္ျပဳႏိုင္ရန္ အေမရိကန္ေဒၚလာ ၅ သန္းႏွင့္ေအာက္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ားကိုတိုင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီမွ ခြင့္ျပဳႏိုင္ၿပီး ေဒၚလာ ၅ သန္းအထက္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ားကို ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီ(MIC)မွ ခြင့္ျပဳရန္ သတ္မွတ္ထားသည္။

 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

 

 

ဧရာဝတီတိုင်းတွင် ဒေါ်လာ ၅ သန်းနှင့်အောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၀ ကျော်ခွင့်ပြုထား

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်းပြီးနောက် အမေရိကန်ေဒေါ်လာ ၅ သန်းနှင့်အောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၀ ကျော်ခွင့်ပြုထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိကာလအထိ လျှပ်စစ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အဆင့်မြင့်အိမ်ရာ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အခြားသောလုပ်ငန်းကဏ္ဍများအတွင်းပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၀ ကျော်ခွင့်ပြုထားကြောင်း သိရသည်။

“ ရင်းနှီးမြှုပ်နှံမှုက နှစ်ပိုင်းရှိတယ်။ MIC ပိုင်းရှိတယ်။ တိုင်းဒေသကြီးပိုင်းရှိတယ်။ တိုင်းဒေသကြီးအပိုင်းမှာ ကျွန်တော်တာဝန်ယူပြီးမှခွင့်ပြုပေးခဲ့တာ၂၉ ခုလောက်ရှိသွားပြီ။ ကျွန်တော့်အရင် ဝန်ကြီးချုပ်လက်ထက်နဲ့ ပေါင်းလိုက်ရင် လုပ်ငန်းအခု ၄၀ ကျော်သွားပြီ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေနက်ဆိပ်ကမ်းလုပ်ငန်း၊ ငါး၊ ပုစွန်၊ ဂဏန်းစသည့် မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ယင်းလုပ်ငန်းများအပေါ်အခြေခံသည့် စက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းစသည့်လုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံမှုအများအပြားဆောင်ရွက်နိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာပြီးလုပ်ငန်းများပိုမိုခွင့်ပြုနိုင်ရန် အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုနိုင်ပြီး ဒေါ်လာ ၅ သန်းအထက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC)မှ ခွင့်ပြုရန် သတ်မှတ်ထားသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။