Skip to main content
- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)
Ads Block

အမိႈက္ပစ္သူကိုဒဏ္ေပးၿပီး ေတြ႕ရွိတိုင္ၾကားသူအားဆုေပးသည့္စနစ္ကို စမ္းေခ်ာင္းၿမိဳ႕နယ္မွ စတင္ရန္ရွိဟု ဆို

ရန္ကုန္ၿမိဳ႕တြင္ အမႈိက္မ်ားစြန္႔ပစ္သည့္ကိစၥႏွင့္ပတ္သက္ၿပီးဆုေပးဒဏ္ေပးစနစ္ကို စမ္းေခ်ာင္းၿမိဳ႕နယ္မွ စတင္အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ စည္ပင္သာေရးေကာ္မတီ၀င္(၁) ဦးညီညီျမင့္ျမတ္က အကုန္သိသတင္းဌာနကိုေျပာသည္။

အဆိုပါစနစ္ကိုစတင္ႏုိင္ရန္ အသိေပးမႈမ်ားလည္းလုပ္ေဆာင္ေနၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ ကူညီမႈျဖင့္ စတင္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

“ ေျမာင္းေတြထဲအမႈိက္ပစ္တဲ့ကိစၥကေတာ့ အရင္တည္းကမလုပ္ဖို႔ကိုေျပာခဲ့တာေတြမ်ားေနပါၿပီ။ ဒီေရေျမာင္းတို႔၊ ေနာက္ေဖးလမ္းၾကားတို႔ဆိုတာ အမႈိက္ပစ္တဲ့ေနရာမဟုတ္ဘူးဆိုတာကို အဓိကက လူေတြကအသိတရားရွိဖို႔ လိုတာေပါ့ဗ်ာ။ ကၽြန္ေတာ္တို႔ၿမိဳ႕နယ္မွာေတာ့ ဒီအမႈိက္ပစ္တာေတြနဲ႔ပတ္သက္ၿပီး ပစ္ေနတဲ့သူကို တျခားတစ္ေယာက္ကဖုန္းနဲ႕ဓာတ္ပံုရုိက္ၿပီးရုံးကိုလာၿပီးတိုင္ၾကားရင္ လာတိုင္တဲ့သူကို ဆုေၾကးေလးအနည္းငယ္ေပးဖို႔၊ ေနာက္ၿပီးအမႈိက္ပစ္တဲ့သူကိုတစ္ခါတည္းေခၚၿပီးေတာ့ ဒဏ္ေငြလက္ေတြ႕ ေဆာင္ခိုင္တာမ်ိဳးကိုစလုပ္ဖို႔ရွိပါတယ္” ဟုစမ္းေခ်ာင္းၿမိဳ႕နယ္စည္ပင္သာေရးေကာ္မတီ၀င္(၁) ဦးညီညီျမင့္ျမတ္က အကုန္သိသတင္းဌာနသို႔ေျပာသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ မိုးတြင္းမေရာက္မီ ေရေျမာင္းမ်ားရွင္းလင္းမႈမ်ားကို ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္ခ်င္းစီအလိုက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ ကၽြန္ေတာ္တို႔ပညာေပးမႈေတြကိုအရင္လုပ္မယ္။ ပညာေပးကာလကိုသတ္မွတ္ထားတဲ့အတိုင္း ထိထိေရာက္ေရာက္လုပ္မယ္။ ၿပီးမွ အေရးယူမႈေတြကိုလုပ္ပါမယ္။ ျပည္သူေတြကအသိတရားေပါ့ဗ်ာ၊ စည္းကမ္းလိုက္နာတဲ့အက်င့္ရွိဖို႔ေတာ့ အရမ္းလိုအပ္ပါတယ္”ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးဦးေဇာ္၀င္းႏုိင္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိေရေျမာင္းမ်ားအႀကီးစားဆယ္ယူမႈလုပ္ငန္းမ်ားကို ၿပီးခဲ့သည့္ ေမလ ၁၅ ရက္မွ စတင္ခဲ့ျခင္းျဖစ္ၿပီး စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရွမ္းလမ္းမီးပြိဳင့္အနီးရွိ Underground ေျမာင္းကိုဆယ္ယူၿပီးစီးခဲ့ၿပီး မဂၤလာဒံုၿမိဳ႕နယ္ကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

အမှိုက်ပစ်သူကိုဒဏ်ပေးပြီး တွေ့ရှိတိုင်ကြားသူအားဆုပေးသည့်စနစ်ကို စမ်းချောင်းမြို့နယ်မှ စတင်ရန်ရှိဟု ဆို

ရန်ကုန်မြို့တွင် အမှိုက်များစွန့်ပစ်သည့်ကိစ္စနှင့်ပတ်သက်ပြီးဆုပေးဒဏ်ပေးစနစ်ကို စမ်းချောင်းမြို့နယ်မှ စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် စည်ပင်သာရေးကော်မတီဝင်(၁) ဦးညီညီမြင့်မြတ်က အကုန်သိသတင်းဌာနကိုပြောသည်။

အဆိုပါစနစ်ကိုစတင်နိုင်ရန် အသိပေးမှုများလည်းလုပ်ဆောင်နေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ကူညီမှုဖြင့် စတင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ မြောင်းတွေထဲအမှိုက်ပစ်တဲ့ကိစ္စကတော့ အရင်တည်းကမလုပ်ဖို့ကိုပြောခဲ့တာတွေများနေပါပြီ။ ဒီရေမြောင်းတို့၊ နောက်ဖေးလမ်းကြားတို့ဆိုတာ အမှိုက်ပစ်တဲ့နေရာမဟုတ်ဘူးဆိုတာကို အဓိကက လူတွေကအသိတရားရှိဖို့ လိုတာပေါ့ဗျာ။ ကျွန်တော်တို့မြို့နယ်မှာတော့ ဒီအမှိုက်ပစ်တာတွေနဲ့ပတ်သက်ပြီး ပစ်နေတဲ့သူကို တခြားတစ်ယောက်ကဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးရုံးကိုလာပြီးတိုင်ကြားရင် လာတိုင်တဲ့သူကို ဆုကြေးလေးအနည်းငယ်ပေးဖို့၊ နောက်ပြီးအမှိုက်ပစ်တဲ့သူကိုတစ်ခါတည်းခေါ်ပြီးတော့ ဒဏ်ငွေလက်တွေ့ ဆောင်ခိုင်တာမျိုးကိုစလုပ်ဖို့ရှိပါတယ်” ဟုစမ်းချောင်းမြို့နယ်စည်ပင်သာရေးကော်မတီဝင်(၁) ဦးညီညီမြင့်မြတ်က အကုန်သိသတင်းဌာနသို့ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မိုးတွင်းမရောက်မီ ရေမြောင်းများရှင်းလင်းမှုများကို မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် လုပ်ဆောင်နေကြောင်း သိရသည်။

“ ကျွန်တော်တို့ပညာပေးမှုတွေကိုအရင်လုပ်မယ်။ ပညာပေးကာလကိုသတ်မှတ်ထားတဲ့အတိုင်း ထိထိရောက်ရောက်လုပ်မယ်။ ပြီးမှ အရေးယူမှုတွေကိုလုပ်ပါမယ်။ ပြည်သူတွေကအသိတရားပေါ့ဗျာ၊ စည်းကမ်းလိုက်နာတဲ့အကျင့်ရှိဖို့တော့ အရမ်းလိုအပ်ပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဇော်ဝင်းနိုင်က ပြောသည်။

ရန်ကုန်မြို့ရှိရေမြောင်းများအကြီးစားဆယ်ယူမှုလုပ်ငန်းများကို ပြီးခဲ့သည့် မေလ ၁၅ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းမီးပွိုင့်အနီးရှိ Underground မြောင်းကိုဆယ်ယူပြီးစီးခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။