Skip to main content
ေခြးေလေခြးလြင့္ေတြက အရမ္းသနားစရာေကာင္းတယ္လို႔ ဆိုတဲ့ မ်ိဳးမ်ိဳးခိုင္
Ads Block

ေခြးေလေခြးလြင့္ေတြက အရမ္းသနားစရာေကာင္းတယ္လို႔ ဆိုတဲ့ မ်ိဳးမ်ိဳးခိုင္

ေခြးေလေခြးလြင့္ေတြဟာအရမ္းသနားစရာေကာင္းၿပီး ျမင္ရတာစိတ္မေကာင္းဘူးလို႔ သရုပ္ေဆာင္မ်ိဳးမ်ိဳးခိုင္က ေျပာပါတယ္။
ရန္ကုန္ၿမိဳ႕၊ ေရႊတိဂံုဘုရားမွာ ေမလ ၂၉ ရက္က “ဆူးပန္းေခြသြယ္ဘယက္ႏွင့္ ေပရြက္လိပ္နားေတာ္ဆင္” ကန္ေတာ့ပြဲမွာ အခုလိုေျပာခဲ့တာျဖစ္ပါတယ္။

ေခြးေလေခြးလြင့္ေတြက အရမ္းသနားစရာေကာင္းတယ္လို႔ ဆိုတဲ့ မ်ိဳးမ်ိဳးခိုင္


ေခြးေလေခြးလြင့္ေတြက အရမ္းသနားစရာေကာင္းတယ္။ အစားအေသာက္ေတြ ငတ္ျပတ္္ေနတဲ့ ေခြးေလေခြးလြင့္ေတြကို အစ္မဆိုေန႔တိုင္း ၾကက္ရိုးတို႔ ၊၀က္ရိုး၊ ၾကက္ေသြး၊ ၀က္ေသြး၊ စြပ္ျပဳတ္တ႔ို ျပဳတ္လိုက္တယ္။ သူတို႔က လမ္းေဘးေနတဲ့ေခြးေတြဆိုေတာ့အစ္မက နႏြင္းေလးဘာေလး ထပ္ထည့္ေပးတယ္။ ကိုယ္ေကၽြးတာကိုစားခ်င္လြန္းလို႔္ ထိုင္ေစာင့္ေနတဲ့ေခြးေတြအမ်ားႀကီးပါ။ အခ်ိန္ကိုၾကည့္စရာမလိုဘူး။ ၇ နာရီ ဆိုတာနဲ႔ တန္းေရာက္ေနၿပီ။ ေခြးေလေခြးလင့္ေတြဆို တခ်ိဳ႕ကရက္ရက္စက္စက္ျပဳမူတယ္။ ဟိုတစ္ခါတုန္းက ေဂဟာမွာေတြ႕တဲ့ေခြးေလးဆိုရင္ အရက္သမားတစ္ေယာက္က လက္ကိုျဖတ္ပစ္တာ။ ရက္စက္တယ္။ တခ်ိဳ႕ဆိုကားတိုက္္ခံရတဲ့ေခြးေတြ၊ ေလတစ္ျခမ္းျဖန္းသြားတဲ့ ေခြးေလးျမင္ရတာစိတ္မေကာင္းဘူး” လို႔ မ်ိဳးမ်ိဳးခိုင္က အခုလိုေျပာပါတယ္။
ႏွစ္စဥ္ကမၻာေပၚမွာေခြးရူးျဖစ္တဲ့လူေပါင္း ၂၆၀၀၀ မွ ၅၀၀၀၀ အထိရွိပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ တစ္ႏိုင္ငံလံုးေခြးေကာင္ေရကေတာ့ ၄ သန္းရွိၿပီး ၇၀ ရာခိုင္ႏႈန္းကေတာ့ ေခြးေလးေခြးလြင့္ေတြ ျဖစ္ပါတယ္။
လက္ရွိမွာလည္း ရန္ကုန္ၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ ေခြးေလေခြးလြင့္ေတြကို ေမ့ေဆးေပး ဖမ္းဆီးၿပီး ေဂဟာကို ပို႔ေဆာင္ေပးတာေတြ ေဆာင္ရြက္ေနပါတယ္။

- အိျႏၵာ(အကုန္သိသတင္းဌာန)

Uncode Version

 

ခွေးလေခွေးလွင့်တွေဟာအရမ်းသနားစရာကောင်းပြီး မြင်ရတာစိတ်မကောင်းဘူးလို့ သရုပ်ဆောင်မျိုးမျိုးခိုင်က ပြောပါတယ်။
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမှာ မေလ ၂၉ ရက်က “ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတော်ဆင်” ကန်တော့ပွဲမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။
“ ခွေးလေခွေးလွင့်တွေက အရမ်းသနားစရာကောင်းတယ်။ အစားအသောက်တွေ ငတ်ပြတ်နေတဲ့ ခွေးလေခွေးလွင့်တွေကို အစ်မဆိုနေ့တိုင်း ကြက်ရိုးတို့ ၊ဝက်ရိုး၊ ကြက်သွေး၊ ဝက်သွေး၊ စွပ်ပြုတ်တ့ို ပြုတ်လိုက်တယ်။ သူတို့က လမ်းဘေးနေတဲ့ခွေးတွေဆိုတော့အစ်မက နနွင်းလေးဘာလေး ထပ်ထည့်ပေးတယ်။ ကိုယ်ကျွေးတာကိုစားချင်လွန်းလို့် ထိုင်စောင့်နေတဲ့ခွေးတွေအများကြီးပါ။ အချိန်ကိုကြည့်စရာမလိုဘူး။ ၇ နာရီ ဆိုတာနဲ့ တန်းရောက်နေပြီ။ ခွေးလေခွေးလင့်တွေဆို တချို့ကရက်ရက်စက်စက်ပြုမူတယ်။ ဟိုတစ်ခါတုန်းက ဂေဟာမှာတွေ့တဲ့ခွေးလေးဆိုရင် အရက်သမားတစ်ယောက်က လက်ကိုဖြတ်ပစ်တာ။ ရက်စက်တယ်။ တချို့ဆိုကားတိုက်ခံရတဲ့ခွေးတွေ၊ လေတစ်ခြမ်းဖြန်းသွားတဲ့ ခွေးလေးမြင်ရတာစိတ်မကောင်းဘူး” လို့ မျိုးမျိုးခိုင်က အခုလိုပြောပါတယ်။
နှစ်စဉ်ကမ္ဘာပေါ်မှာခွေးရူးဖြစ်တဲ့လူပေါင်း ၂၆၀၀၀ မှ ၅၀၀၀၀ အထိရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်နိုင်ငံလုံးခွေးကောင်ရေကတော့ ၄ သန်းရှိပြီး ၇၀ ရာခိုင်နှုန်းကတော့ ခွေးလေးခွေးလွင့်တွေ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီအနေနဲ့ ခွေးလေခွေးလွင့်တွေကို မေ့ဆေးပေး ဖမ်းဆီးပြီး ဂေဟာကို ပို့ဆောင်ပေးတာတွေ ဆောင်ရွက်နေပါတယ်။

- အိန္ဒြာ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။