Skip to main content
ဝယ္လိုအားမရွိေသာစပါးစိုက္ပ်ိဳးေနမည့္အစား ဝယ္လိုအားမ်ားသည္ကို ေျပာင္းလဲေဆာင္ရြက္သင့္ဟု ဆို
Ads Block

ဝယ္လိုအားမရွိေသာစပါးစိုက္ပ်ိဳးေနမည့္အစား ဝယ္လိုအားမ်ားသည္ကို ေျပာင္းလဲေဆာင္ရြက္သင့္ဟု ဆို

ဆန္၀ယ္လိုအားမရွိဘဲစပါးစိုက္ပ်ိဳးေနမည့္အစား ဗီယက္နမ္ႏိုင္ငံကဲ့သို႔ ဦးစားေပးအေနအထားကို ေျပာင္းလဲေဆာင္ရြက္သင့္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက သံုးသပ္ေျပာၾကားသည္။ ယခင္က ဗီယက္နမ္ႏိုင္ငံသည္ တိုင္းျပည္စီးပြားေရးအတြက္ စပါးစိုက္ပ်ဳိးေရးလုပ္ငန္းကိုပထဦးစားေပးႏွင့္ ေမြးျမဴေရးလုပ္ငန္းကိုဒုတိယဦးစားေပးအျဖစ္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ကမၻာ့ဆန္၀ယ္လိုအားက်ဆင္းလာသည့္ေနာက္ပိုင္း ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းကို ပထမဦးစားေပးအဆင့္၊ သစ္သီးဝလံႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္မႈကိုဒုတိယဦးစားေပးႏွင့္ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္မႈကိုတတိယဦးစားေပးအဆင့္သို႔ ေျပာင္းလဲေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။ “ကမာၻ႕ဆန္ေစ်းကြက္ထဲမွာဆန္ဝယ္လိုအားကနည္းလာတယ္။ နည္းလာေတာ့ ဗီယက္နမ္ကအခုသူတို႔ရဲ႕ စီးပြားေရးကိုပံုစံေျပာင္းလိုက္တယ္။ ဒီႏိုင္ငံမွာလည္းစပါးစိုက္မယ္။ စုိက္မယ္နဲ႔ ေစ်းကြက္မရွိဘဲ စပါးႀကီးပဲ မဲစိုက္ေနရင္ ေရရွည္မွာကိုယ့္ေစ်းကြက္ကိုကိုယ္ျပန္သတ္သလိုခံစားရမယ္။ ဒါေၾကာင့္ ျပည္ပမွာ ေစ်းကြက္ ဘယ္ေလာက္ရွိေနလဲ။ ဘယ္အမ်ိဳးအစာေတြကိုတင္ပို႔ႏိုင္မလဲ။ဒါနဲ႔ ပတ္သက္ၿပီး ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္မႈနဲ႔ စီးပြားေရးေပၚလစီကို ႏုိင္ငံေတာ္အစိုးရေရာ၊ အားလံုးကမ်က္ေျခမပ်က္ဖို႔လိုတယ္” ဟု ဦးေအာင္သန္းဦးက ေျပာသည္။ ကမာၻေပၚတြင္သာမက ျမန္မာႏိုင္ငံတြင္ပါ လူအမ်ားစုမွာ ဟင္းသီးဟင္းရြက္၊ အသားငါး၊ မုန္႔ စသည့္ အျခားအစားအစာမ်ားကို အစားထိုးျဖည့္စြက္စားသံုးလာျခင္းေၾကာင့္ လူတစ္ဦးခ်င္း၏ ဆန္စားသံုးမႈ တျဖည္းျဖည္းက်ဆင္းလာေၾကာင္း သိရသည္။ လက္ရွိတြင္ တရုတ္ႏုိင္ငံသို႔ အဓိကတင္ပို႔ေနရေသာျမန္မာ့ဆန္ေစ်းကြက္မွာ ရပ္ဆိုင္းလုျဖစ္ေနေသာေၾကာင့္ ျပည္တြင္း၌ ဆန္တန္ခ်ိန္ ၃ သန္းေက်ာ္က်န္ရွိေနေၾကာင္း သိရသည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

ဆန်ဝယ်လိုအားမရှိဘဲစပါးစိုက်ပျိုးနေမည့်အစား ဗီယက်နမ်နိုင်ငံကဲ့သို့ ဦးစားပေးအနေအထားကို ပြောင်းလဲဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက သုံးသပ်ပြောကြားသည်။
ယခင်က ဗီယက်နမ်နိုင်ငံသည် တိုင်းပြည်စီးပွားရေးအတွက် စပါးစိုက်ပျိုးရေးလုပ်ငန်းကိုပထဦးစားပေးနှင့် မွေးမြူရေးလုပ်ငန်းကိုဒုတိယဦးစားပေးအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့သော် ကမ္ဘာ့ဆန်ဝယ်လိုအားကျဆင်းလာသည့်နောက်ပိုင်း ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကို ပထမဦးစားပေးအဆင့်၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုကိုဒုတိယဦးစားပေးနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကိုတတိယဦးစားပေးအဆင့်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကမ္ဘာ့ဆန်ဈေးကွက်ထဲမှာဆန်ဝယ်လိုအားကနည်းလာတယ်။ နည်းလာတော့ ဗီယက်နမ်ကအခုသူတို့ရဲ့ စီးပွားရေးကိုပုံစံပြောင်းလိုက်တယ်။ ဒီနိုင်ငံမှာလည်းစပါးစိုက်မယ်။ စိုက်မယ်နဲ့ ဈေးကွက်မရှိဘဲ စပါးကြီးပဲ မဲစိုက်နေရင် ရေရှည်မှာကိုယ့်ဈေးကွက်ကိုကိုယ်ပြန်သတ်သလိုခံစားရမယ်။ ဒါကြောင့် ပြည်ပမှာ ဈေးကွက် ဘယ်လောက်ရှိနေလဲ။ ဘယ်အမျိုးအစာတွေကိုတင်ပို့နိုင်မလဲ။ဒါနဲ့ ပတ်သက်ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရေးပေါ်လစီကို နိုင်ငံတော်အစိုးရရော၊ အားလုံးကမျက်ခြေမပျက်ဖို့လိုတယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။
ကမ္ဘာပေါ်တွင်သာမက မြန်မာနိုင်ငံတွင်ပါ လူအများစုမှာ ဟင်းသီးဟင်းရွက်၊ အသားငါး၊ မုန့် စသည့် အခြားအစားအစာများကို အစားထိုးဖြည့်စွက်စားသုံးလာခြင်းကြောင့် လူတစ်ဦးချင်း၏ ဆန်စားသုံးမှု တဖြည်းဖြည်းကျဆင်းလာကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရသောမြန်မာ့ဆန်ဈေးကွက်မှာ ရပ်ဆိုင်းလုဖြစ်နေသောကြောင့် ပြည်တွင်း၌ ဆန်တန်ချိန် ၃ သန်းကျော်ကျန်ရှိနေကြောင်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။