Skip to main content
ဘ႑ာႏွစ္ကုန္ရန္ (၄) လသာ က်န္ေတာ့ေသာ္လည္း ဆန္တန္ခ်ိန္ ၁ ဒႆမ ၄ သန္းေက်ာ္မွ်သာ တင္ပို႔ႏိုင္
Ads Block

ဘ႑ာႏွစ္ကုန္ရန္ (၄) လသာ က်န္ေတာ့ေသာ္လည္း ဆန္တန္ခ်ိန္ ၁ ဒႆမ ၄ သန္းေက်ာ္မွ်သာ တင္ပို႔ႏိုင္

လက္ရိွ ၂၀၁၈ - ၁၉ ဘ႑ာႏွစ္ ကုန္ဆံုးရန္ (၄) လခန္႔သာ က်န္ရိွေတာ့ေသာ္လည္း ျမန္မာ့ဆန္ ျပည္ပတင္ပို႔မႈမွာ တန္ခ်ိန္ ၁ ဒႆမ ၄ သန္းေက်ာ္သာ တင္ပို႔ထားႏိုင္ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ ကိန္းဂဏန္းမ်ားအရ သိရသည္။ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ၂၀၁၉ ခုႏွစ္ ေမလ ၁၀ ရက္အထိ ဆန္ႏွင့္ဆန္ကြဲ စုစုေပါင္း တန္ခ်ိန္ ၁ ဒႆမ ၄ သန္း ေက်ာ္ တင္ပို႔ထားၿပီး ပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ ၄၃၆ သန္းေက်ာ္သာ ရရွိထားေၾကာင္း သိရသည္။ နယ္စပ္လမ္းေၾကာင္းျဖင့္ တရုတ္ျပည္သူ႔ သမၼတႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားသို႔ တင္ပို႔မႈမွာ ၃၈ ဒႆမ ၂၉ ရာခိုင္ႏႈန္းျဖစ္ၿပီး တန္ ခ်ိန္အားျဖင့္ ၅ ဒႆမ ၄ သိန္းေက်ာ္ပါဝင္သည္။ ပင္လယ္ေရေၾကာင္းမွ တင္ပို႔မႈမွာ ၆၁ ဒႆမ ၇၁ ရာခိုင္ႏႈန္းျဖစ္ၿပီး တန္ခ်ိန္အားျဖင့္ EU ေစ်းကြက္သို႔ တန္ခ်ိန္ ၂ ဒႆမ ၉ သိန္း ေက်ာ္၊ အာဖရိက ေစ်းကြက္သို႔ တန္ခ်ိန္ ၃ ဒႆမ ၂ သိန္းေက်ာ္ႏွင့္ အျခားႏိုင္ငံမ်ားသို႔ တန္ခ်ိန္ ၂ ဒႆမ ၅၈ သိန္းေက်ာ္ တင္ ပို႔ထားျခင္း ျဖစ္ေၾကာင္း သိရသည္။ “တင္ပို႔တာက ေလာေလာဆယ္ ၂၅ ရာခိုင္ႏႈန္းနဲ႔ ၅ ရာခုိင္ႏႈန္းဆန္ေတြပဲ သြားေနတယ္။ လာမယ့္ႏွစ္မွာ ေႏြစပါးေတြ စိုက္သင့္၊ မစိုက္သင့္ အျခားသီးႏွံကို ေျပာင္းၿပီး စိုက္သင့္၊ မစိုက္သင့္ကို ထည့္ၿပီးစဥ္း စားသင့္တယ္။ အက်ယ္တဝင္ ႏိုင္ငံေတာ္နဲ႔ ပူးေပါင္း ၿပီး ႏိုင္ငံေတာ္က ဒါေတြကို ကိုင္တြယ္မွ ရေတာ့မယ္။ အဲဒီအဆင့္ ေရာက္ေနၿပီ” ဟု ဆန္စပါးလုပ္ငန္းရွင္တစ္ဦးမွ ဆိုသည္။ ယခုႏွစ္တြင္ ပင္လယ္လမ္းေၾကာင္းမွ တင္ပို႔မႈသာမ်ားျပားေနၿပီး တရုတ္ႏုိင္ငံသို႔ ဆန္တင္ပို႔မႈသည္ ရပ္ဆိုင္းလု နီးပါးျဖစ္သည့္ အတြက္ ျမန္မာ့ဆန္ျပည္ပတင္ပို႔မႈ သိသိသာသာက်ဆင္းေနျခင္းျဖစ္သည္။ ယင္းအတြက္ေၾကာင့္ လက္ရွိ ျပည္တြင္း ဆန္ေစ်းကြက္အတြင္း ဆန္တန္ခ်ိန္ ၃ ဒႆမ ၅ သန္းနီးပါး လက္က်န္ရွိေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode Version


လက်ရှိ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် ကုန်ဆုံးရန် (၄) လခန့်သာ ကျန်ရှိတော့သော်လည်း မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ တန်ချိန် ၁ ဒဿမ ၄ သန်းကျော်သာ တင်ပို့ထားနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက် ကိန်းဂဏန်းများအရ သိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်အထိ ဆန်နှင့်ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁ ဒဿမ ၄ သန်း ကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၃၆ သန်းကျော်သာ ရရှိထားကြောင်း သိရသည်။
နယ်စပ်လမ်းကြောင်းဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများသို့ တင်ပို့မှုမှာ ၃၈ ဒဿမ ၂၉ ရာခိုင်နှုန်းဖြစ်ပြီး တန် ချိန်အားဖြင့် ၅ ဒဿမ ၄ သိန်းကျော်ပါဝင်သည်။
ပင်လယ်ရေကြောင်းမှ တင်ပို့မှုမှာ ၆၁ ဒဿမ ၇၁ ရာခိုင်နှုန်းဖြစ်ပြီး တန်ချိန်အားဖြင့် EU ဈေးကွက်သို့ တန်ချိန် ၂ ဒဿမ ၉ သိန်း ကျော်၊ အာဖရိက ဈေးကွက်သို့ တန်ချိန် ၃ ဒဿမ ၂ သိန်းကျော်နှင့် အခြားနိုင်ငံများသို့ တန်ချိန် ၂ ဒဿမ ၅၈ သိန်းကျော် တင် ပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။
“တင်ပို့တာက လောလောဆယ် ၂၅ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းဆန်တွေပဲ သွားနေတယ်။ လာမယ့်နှစ်မှာ နွေစပါးတွေ စိုက်သင့်၊ မစိုက်သင့် အခြားသီးနှံကို ပြောင်းပြီး စိုက်သင့်၊ မစိုက်သင့်ကို ထည့်ပြီးစဉ်း စားသင့်တယ်။ အကျယ်တဝင် နိုင်ငံတော်နဲ့ ပူးပေါင်း ပြီး နိုင်ငံတော်က ဒါတွေကို ကိုင်တွယ်မှ ရတော့မယ်။ အဲဒီအဆင့် ရောက်နေပြီ” ဟု ဆန်စပါးလုပ်ငန်းရှင်တစ်ဦးမှ ဆိုသည်။
ယခုနှစ်တွင် ပင်လယ်လမ်းကြောင်းမှ တင်ပို့မှုသာများပြားနေပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ရပ်ဆိုင်းလု နီးပါးဖြစ်သည့် အတွက် မြန်မာ့ဆန်ပြည်ပတင်ပို့မှု သိသိသာသာကျဆင်းနေခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် လက်ရှိ ပြည်တွင်း ဆန်ဈေးကွက်အတွင်း ဆန်တန်ချိန် ၃ ဒဿမ ၅ သန်းနီးပါး လက်ကျန်ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။