Skip to main content
စပါးတုိးျမွင့္ ဝယ္ယူႏိုင္ေရး ဗဟိုဘဏ္မွ ေခ်းေငြထပ္မံထုတ္ေပးရန္ စီမံေဆာင္ရြက္ေန
Ads Block

စပါးတုိးျမွင့္ ဝယ္ယူႏိုင္ေရး ဗဟိုဘဏ္မွ ေခ်းေငြထပ္မံထုတ္ေပးရန္ စီမံေဆာင္ရြက္ေန

ေတာင္သူမ်ားထံမွ စပါးမ်ား တုိးျမင့္ဝယ္ယူႏိုင္ေရးအတြက္ ႏိုင္ငံေတာ္ဗဟိုဘဏ္မွ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္သို႔ ေခ်းေငြ ထပ္မံ ထုတ္ေပးရန္ ေဆာင္ရြက္ေနေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္း သိမ္းေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးတင္ေအာင္ဝင္း၏ ေျပာၾကားခ်က္အရ သိရသည္။
၂၀၁၈ ခုႏွစ္၌ သတ္မွတ္ထားသည့္ ေစ်းႏႈန္းအတိုင္း စပါးတင္း ၁၀၀ လွ်င္ အေျခခံၾကမ္းခင္းေစ်းႏႈန္း က်ပ္ ၅၀၀,၀၀၀ ျဖင့္ ဝယ္ ယူရန္ ၿပီးခဲ့သည့္လအတြင္းက ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ေၾကညာခ်က္ ထပ္မံထုတ္ျပန္ခဲ့ေသာ္လည္း လက္ရွိ ေစ်းကြက္ အတြင္း အခ်ိဳ႕ေသာ စပါးမ်ားမွာ အေျခခံၾကမ္း ခင္းေစ်းႏႈန္းေအာက္ ေရာက္ရွိေနသည့္အတြက္ အသင္းမွ စပါးမ်ားဝယ္ယူႏုိင္ရန္ ေခ်းေငြ ထုတ္ေပးေရး စီမံျခင္းျဖစ္ေၾကာင္း ၄င္းကဆိုသည္။
“စပါးေစ်းက လယ္သမားရဲ႕ ဆန္အေရအေသြးနဲ႔ စက္ပိုင္ေတြရဲ႕ ႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ေစ်း အေနအထား ျဖစ္တယ္။ စပါး တင္း ၁၀၀ ရဲ႕ ေစ်းႏႈန္းက ၅ သိန္းေအာက္ကို က်တယ္ဆုိရင္ ႏိုင္ငံေတာ္ အဆင့္က စီမံေနပါတယ္။ ေနာက္ထပ္ စိစစ္ေနတာ ကေတာ့ ဆန္စပါးအသင္းခ်ဳပ္က စပါးေတြတုိးၿပီး ဝယ္ႏုိင္ေအာင္တစ္ ဖက္ကလည္း ဆန္ေစ်းကဆက္ၿပီး က်မယ္ဆိုရင္ ဝယ္ႏုိင္ ေအာင္ ႏိုင္ငံေတာ္ဗဟိုဘဏ္ ကေနဝယ္ႏုိင္ေအာင္ အသင္းခ်ဳပ္ကို ေခ်းေငြေတြ ထပ္ခ်ေပးဖို႔ ပံ့ပိုးေပးေနတာ ေဆာင္ရြက္ေန တာရွိပါ တယ္” ဟု ဝန္ႀကီး ဦးတင္ေအာင္ဝင္းက ေျပာသည္။
စပါးစိုက္ေတာင္သူမ်ားအေနျဖင့္ ရိတ္သိမ္းေျခႊေလွ႔စက္ႀကီးမ်ားျဖင့္ ရိတ္သိမ္းၿပီး စက္ျဖင့္ ျဖစ္ေစ၊ တလင္းျဖင့္ျဖစ္ေစ အေျခာက္ မခံဘဲ ေရာင္းခ်ၾကသျဖင့္ အစိုဓါတ္မ်ားကာ သတ္မွတ္အရည္အေသြးျဖင့္ မကိုက္ညီျခင္း၊ ယင္းစပါးမ်ားကို ျပန္လည္ျပဳျပင္ရျခင္း တုိ႔ေၾကာင့္ အေျခခံၾကမ္းခင္းေစ်းႏႈန္း ေအာက္က်ေရာက္ေနရျခင္းျဖစ္ေၾကာင္း၊ သတ္မွတ္ အရည္အေသြးျဖင့္ ကိုက္ညီေအာင္ ထုတ္လုပ္ႏိုင္ပါက ေစ်းေကာင္းရႏုိင္မည္ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။
“ေတာင္သူလယ္သမားကလည္း ခ်က္ခ်င္းရိတ္၊ ခ်က္ခ်င္းေရာင္းခ်င္တယ္။ စက္ပိုင္ကလည္း မဝယ္ႏိုင္တဲ့ အခါမွာ စပါးေစ်းက က်သင့္တာထက္ ပိုက်တယ္။ ဆန္စက္ေတြမွာက လယ္သမားေတြ လာေရာင္းတဲ့စပါးေတြကို ႏွစ္ရက္၊ သံုးရက္ေတာင္ထား လို႔ မရဘူး။ ထားရင္ စပါးက အူလာမယ္။ ဝါလာမယ္။ ဆန္အရည္အေသြးက်လာတယ္။ ႀကိတ္တဲ့ေနရာမွာ အေျခာက္ခံရမယ္။ အေျခာက္ခံရင္ စပါးေတြက ထပ္ေလ်ာ့တာနဲဲ႔ အေျခာက္ခံ စရိတ္နဲ႔ဆိုရင္ တင္း ၁၀၀ ကို ငါးသိန္းႏွစ္ေသာင္း၊ သံုး ေသာင္း ေလာက္က်တယ္။ တကယ္ဆို ငါးသိန္းေစ်းေအာက္ မေရာက္ပါဘူး။ အေျခာက္ခံစက္ေတြကလည္း ေစ်းႀကီးတယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက ေျပာသည္။
ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတုိင္းေဒသႀကီး အေရွ႕ႏွင့္ အေနာက္ဘက္တို႔၌ လက္ရွိထြက္ေပၚေနသည့္ ေႏြစပါးမ်ားကိုု တင္း ၁၀၀ လွ်င္ က်ပ္ ၄၆၀,၀၀၀ ဝန္းက်င္ျဖင့္ စပါးတင္း ၁၂၀,၀၀၀ အထိ ဝယ္ယူေပးထားေၾကာင္း ၄င္းကဆိုသည္။

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode Version

 

တောင်သူများထံမှ စပါးများ တိုးမြင့်ဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်ဗဟိုဘဏ်မှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ချေးငွေ ထပ်မံ ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
၂၀၁၈ ခုနှစ်၌ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း စပါးတင်း ၁၀၀ လျှင် အခြေခံကြမ်းခင်းဈေးနှုန်း ကျပ် ၅၀၀,၀၀၀ ဖြင့် ဝယ် ယူရန် ပြီးခဲ့သည့်လအတွင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့သော်လည်း လက်ရှိ ဈေးကွက် အတွင်း အချို့သော စပါးများမှာ အခြေခံကြမ်း ခင်းဈေးနှုန်းအောက် ရောက်ရှိနေသည့်အတွက် အသင်းမှ စပါးများဝယ်ယူနိုင်ရန် ချေးငွေ ထုတ်ပေးရေး စီမံခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“စပါးဈေးက လယ်သမားရဲ့ ဆန်အရေအသွေးနဲ့ စက်ပိုင်တွေရဲ့ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေး အနေအထား ဖြစ်တယ်။ စပါး တင်း ၁၀၀ ရဲ့ ဈေးနှုန်းက ၅ သိန်းအောက်ကို ကျတယ်ဆိုရင် နိုင်ငံတော် အဆင့်က စီမံနေပါတယ်။ နောက်ထပ် စိစစ်နေတာ ကတော့ ဆန်စပါးအသင်းချုပ်က စပါးတွေတိုးပြီး ဝယ်နိုင်အောင်တစ် ဖက်ကလည်း ဆန်ဈေးကဆက်ပြီး ကျမယ်ဆိုရင် ဝယ်နိုင် အောင် နိုင်ငံတော်ဗဟိုဘဏ် ကနေဝယ်နိုင်အောင် အသင်းချုပ်ကို ချေးငွေတွေ ထပ်ချပေးဖို့ ပံ့ပိုးပေးနေတာ ဆောင်ရွက်နေ တာရှိပါ တယ်” ဟု ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။
စပါးစိုက်တောင်သူများအနေဖြင့် ရိတ်သိမ်းခြွှေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းပြီး စက်ဖြင့် ဖြစ်စေ၊ တလင်းဖြင့်ဖြစ်စေ အခြောက် မခံဘဲ ရောင်းချကြသဖြင့် အစိုဓါတ်များကာ သတ်မှတ်အရည်အသွေးဖြင့် မကိုက်ညီခြင်း၊ ယင်းစပါးများကို ပြန်လည်ပြုပြင်ရခြင်း တို့ကြောင့် အခြေခံကြမ်းခင်းဈေးနှုန်း အောက်ကျရောက်နေရခြင်းဖြစ်ကြောင်း၊ သတ်မှတ် အရည်အသွေးဖြင့် ကိုက်ညီအောင် ထုတ်လုပ်နိုင်ပါက ဈေးကောင်းရနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တောင်သူလယ်သမားကလည်း ချက်ချင်းရိတ်၊ ချက်ချင်းရောင်းချင်တယ်။ စက်ပိုင်ကလည်း မဝယ်နိုင်တဲ့ အခါမှာ စပါးဈေးက ကျသင့်တာထက် ပိုကျတယ်။ ဆန်စက်တွေမှာက လယ်သမားတွေ လာရောင်းတဲ့စပါးတွေကို နှစ်ရက်၊ သုံးရက်တောင်ထား လို့ မရဘူး။ ထားရင် စပါးက အူလာမယ်။ ဝါလာမယ်။ ဆန်အရည်အသွေးကျလာတယ်။ ကြိတ်တဲ့နေရာမှာ အခြောက်ခံရမယ်။ အခြောက်ခံရင် စပါးတွေက ထပ်လျော့တာနဲ့ အခြောက်ခံ စရိတ်နဲ့ဆိုရင် တင်း ၁၀၀ ကို ငါးသိန်းနှစ်သောင်း၊ သုံး သောင်း လောက်ကျတယ်။ တကယ်ဆို ငါးသိန်းဈေးအောက် မရောက်ပါဘူး။ အခြောက်ခံစက်တွေကလည်း ဈေးကြီးတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့နှင့် အနောက်ဘက်တို့၌ လက်ရှိထွက်ပေါ်နေသည့် နွေစပါးများကို တင်း ၁၀၀ လျှင် ကျပ် ၄၆၀,၀၀၀ ဝန်းကျင်ဖြင့် စပါးတင်း ၁၂၀,၀၀၀ အထိ ဝယ်ယူပေးထားကြောင်း ၎င်းကဆိုသည်။

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။