Skip to main content
တစ်နှစ်မှာ အများဆုံး ၂ ကားပဲရိုက်တော့မယ်ဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်
Ads Block

တစ်နှစ်မှာ အများဆုံး ၂ ကားပဲရိုက်တော့မယ်ဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်


တစ်နှစ်မှာ အများဆုံး ၂ ကားပဲရိုက်တော့မယ်ဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်



တစ်နှစ်မှာ အများဆုံး ၂ ကားပဲရိုက်တော့မယ်ဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်



တစ်နှစ်မှာ အများဆုံး ၂ ကားပဲရိုက်တော့မယ်ဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်




Unicode Version

 

လက်ရှိရိုက်ကူးနေတဲ့ဇာတ်ကားတွေဟာ အရင်ကတည်းကလက်ခံထားတာဖြစ်ပြီး တစ်နှစ်ကို အများဆုံး ၂ ကားပဲ ရိုက်တော့မယ်လို့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
ရန်ကုန်မြို့၊ My Garden စားသောက်ဆိုင်မှာ မေလ ၃၀ ရက်ကကျင်းပခဲ့တဲ့ “ဆူပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲကန်တော့ပေးပွဲနဲ့စာနယ်ဇင်းမိတ်ဆက်ပွဲမှာ အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။
ကျွန်မအခုရိုက်နေတဲ့ဇာတ်ကားတွေက အရင်ကတည်းကလက်ခံထားတဲ့ဇာတ်ကားတွေပဲဖြစ်တယ်။ အရင်က အလုပ်တွေကိုဖြတ်ပေးနေတာပါ။ ကျွန်မရဲ့အစီအစဉ်ကတော့ တစ်နှစ်ကို အများဆုံး ၂ ကားအထိရိုက်ဖို့ စဉ်းစားထားပါတယ်။ နောက်ပိုင်းတွေမှာ စိတ်ကြိုက်ရွေးပြီးမှရိုက်ပါမယ်။ စိတ်ကြိုက်မတွေ့ရင်တော့လည်း အသက်အရွယ်အရ သိပ်ရိုက်ဖို့လည်းမလွယ်တော့ဘူးပေါ့နော်” လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ လတ်တလောမှာတော့ စာရေးဆရာမကြီး ဒေါ်ခင်ခင်ထူးရေးသားထားတဲ့ ဆူပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်ဝတ္ထုကို ပြန်လည်ရိုက်ကူးမှာဖြစ်ပါတယ်။
သူမဟာ အဲဒီဇာတ်လမ်းတွဲမှာ အကယ်ဒမီခန့်စည်သူ၊ အောင်ရေချမ်း၊ အကယ်ဒမီ ခိုင်သင်းကြည်တို့အပြင်  အခြားသောအနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

- မျိုးကေခိုင်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။