Skip to main content
ျပည္တြင္းရွိစီးကရက္စက္ရုံ ၁၃ ရုံအနက္ ၄ ရုံမွာ ေစ်းကြက္၏ ၉၀ ရာခုိင္ႏႈန္းကုိထိန္းခ်ဳပ္ထားဟု ဆို
Ads Block

ျပည္တြင္းရွိစီးကရက္စက္ရုံ ၁၃ ရုံအနက္ ၄ ရုံမွာ ေစ်းကြက္၏ ၉၀ ရာခုိင္ႏႈန္းကုိထိန္းခ်ဳပ္ထားဟု ဆို

ျမန္မာႏုိင္ငံတြင္ တစ္ႏွစ္လွ်င္ စီးကရက္ ၁၀ မီလ်ံထုတ္လုပ္ေနၿပီး ျပည္တြင္းစီးကရက္ စက္ရုံ ၁၃ ရုံအနက္ ၄ ရုံမွာ ေစ်းကြက္၏ ၉၀ ရာခုိင္ႏႈန္းကုိထိန္းခ်ဳပ္ထားေၾကာင္း ျပည္သူ႔က်န္းမာေရးေဖာင္ေဒးရွင္းမွဥကၠ႒ ေဒါက္တာသန္းစိန္က ေျပာသည္။

ျပည္တြင္းရွိစီးကရက္စက္ရုံ ၁၃ ရုံအနက္ ၄ ရုံမွာ ေစ်းကြက္၏ ၉၀ ရာခုိင္ႏႈန္းကုိထိန္းခ်ဳပ္ထားဟု ဆို


ေမလ၂၉ ရက္ကက်င္းပေသာ “ကမၻာ႔ေဆးလိပ္မေသာက္ေရးေန႔” အထိမ္းအမွတ္အခမ္းအနားတြင္ ယခုကဲ့သို႔ ေျပာျခင္းျဖစ္သည္။
အရင္တုန္းကေတာ့ ၁၉၉၀ တုန္းကေတာ့ေျပာင္းျပန္ေပါ့။ ေဆးေပါ့လိပ္ကထုတ္လုပ္မႈ ၅ မီလ်ံရွိၿပီး စီးကရက္က ၂ မီလ်ံပဲရွိပါတယ္။ ဒီေန႔ေခတ္မွာေတာ့ စီးကရက္ ၁၀ မီလီယံျဖစ္ၿပီးေတာ့ ေဆးေပါ့လိပ္က ၂ မီလီယံျဖစ္ပါတယ္။ ၁၀ မီလ်ံရွိတဲ့ဒီစီးကရက္ေတြကုိထုတ္ေနတဲ့ျမန္မာျပည္မွာစက္ရုံက ၁၃ ရုံပဲရွိပါတယ္။ အဲဒီ ၁၃ ရုံထဲက ၄ ရုံက ျမန္မာတစ္ျပည္လုံးေစ်းကြက္ရဲ႕ ၉၀ ရာခုိင္ႏႈန္းရွိတယ္။ က်န္တဲ့ ၉ ရုံက ျမန္မာျပည္ေစ်းကြက္ မျဖန္႔ပါဘူး။ အိမ္နီးခ်င္းႏုိင္ငံေစ်းကြက္အတြက္ထုတ္လုပ္တာပါ။  အဓိက သူတုိ႔ေစ်းကြက္က တရုတ္ျပည္ျဖစ္ပါတယ္’’ဟု ေဒါက္တာသန္းစိန္ကေျပာသည္။
စီးကရက္ေသာက္သုံးျခင္းသည္ အဆုတ္က်န္းမာေရးကုိဆုိးရြားစြာထိခုိက္ေစႏုိင္ၿပီးအဆုတ္ေရာဂါ၊ ရင္ၾကပ္ေရာဂါ၊ အဆုတ္ကင္ဆာ၊ အသက္ရႈလမ္းေၾကာင္းဆုိင္ရာေရာဂါတုိ႔ အမ်ားဆုံးျဖစ္ပြားႏုိင္ေၾကာင္း သိရသည္။

ျပည္တြင္းရွိစီးကရက္စက္ရုံ ၁၃ ရုံအနက္ ၄ ရုံမွာ ေစ်းကြက္၏ ၉၀ ရာခုိင္ႏႈန္းကုိထိန္းခ်ဳပ္ထားဟု ဆို


ထို႔အျပင္ ေဆးလိပ္ေသာက္ျခင္း၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားေၾကာင့္ ေျခ၊ လက္မ်ား ျဖတ္ပစ္ရသည္အထိ ရွိၿပီး လူမႈေရးျပႆနာမ်ားပါ ရွိေၾကာင္းလည္း ပါေမာကၡေဒါက္တာရဲထြန္း(ရင္ေခါင္းေဆးကုဌာန)မွ သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် စီးကရက် ၁၀ မီလျံထုတ်လုပ်နေပြီး ပြည်တွင်းစီးကရက် စက်ရုံ ၁၃ ရုံအနက် ၄ ရုံမှာ ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကိုထိန်းချုပ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။
မေလ၂၉ ရက်ကကျင်းပသော “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။
အရင်တုန်းကတော့ ၁၉၉၀ တုန်းကတော့ပြောင်းပြန်ပေါ့။ ဆေးပေါ့လိပ်ကထုတ်လုပ်မှု ၅ မီလျံရှိပြီး စီးကရက်က ၂ မီလျံပဲရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ စီးကရက် ၁၀ မီလီယံဖြစ်ပြီးတော့ ဆေးပေါ့လိပ်က ၂ မီလီယံဖြစ်ပါတယ်။ ၁၀ မီလျံရှိတဲ့ဒီစီးကရက်တွေကိုထုတ်နေတဲ့မြန်မာပြည်မှာစက်ရုံက ၁၃ ရုံပဲရှိပါတယ်။ အဲဒီ ၁၃ ရုံထဲက ၄ ရုံက မြန်မာတစ်ပြည်လုံးဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းရှိတယ်။ ကျန်တဲ့ ၉ ရုံက မြန်မာပြည်ဈေးကွက် မဖြန့်ပါဘူး။ အိမ်နီးချင်းနိုင်ငံဈေးကွက်အတွက်ထုတ်လုပ်တာပါ။  အဓိက သူတို့ဈေးကွက်က တရုတ်ပြည်ဖြစ်ပါတယ်’’ဟု ဒေါက်တာသန်းစိန်ကပြောသည်။
စီးကရက်သောက်သုံးခြင်းသည် အဆုတ်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပြီးအဆုတ်ရောဂါ၊ ရင်ကြပ်ရောဂါ၊ အဆုတ်ကင်ဆာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတို့ အများဆုံးဖြစ်ပွားနိုင်ကြောင်း သိရသည်။
ထို့အပြင် ဆေးလိပ်သောက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ခြေ၊ လက်များ ဖြတ်ပစ်ရသည်အထိ ရှိပြီး လူမှုရေးပြဿနာများပါ ရှိကြောင်းလည်း ပါမောက္ခဒေါက်တာရဲထွန်း(ရင်ခေါင်းဆေးကုဌာန)မှ သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။