Skip to main content
တရုတ္ေစ်းကြက္ရပ္ဆိုင္းလုျဖစ္ေနသည့္ ျမန္မာ့ဆန္မ်ားျပည္တြင္း၌တန္ခ်ိန္ ၃ သန္းေက်ာ္က်န္ရွိေန
Ads Block

တရုတ္ေစ်းကြက္ရပ္ဆိုင္းလုျဖစ္ေနသည့္ ျမန္မာ့ဆန္မ်ားျပည္တြင္း၌တန္ခ်ိန္ ၃ သန္းေက်ာ္က်န္ရွိေန

တရုတ္ႏုိင္ငံသို႔ အဓိကတင္ပို႔ေနရေသာျမန္မာ့ဆန္ေစ်းကြက္မွာ ရပ္ဆိုင္းလုျဖစ္ေနေသာေၾကာင့္ ျပည္တြင္း၌ ဆန္တန္ခ်ိန္ ၃ သန္းေက်ာ္ က်န္ရွိေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္မွ မိုးစပါးဆန္လက္က်န္မ်ားက်န္ရွိေနသည့္အျပင္ လက္ရွိတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတုိင္းေဒသႀကီးႏွင့္ ရန္ကုန္တုိင္းေဒသႀကီးတို႔တြင္ ေႏြစပါးမ်ားလိႈင္လိႈင္ေပၚလာသည့္အတြက္ ဆန္လက္က်န္မ်ားစြာက်န္ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။
၂၀၁၂ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ တရုတ္ျပည္ကို ဆန္တင္ပို႔ခဲ့တာ။ ဒီဘက္က တရားဝင္ေပမဲ့ သူတုိ႔ဘက္က တရားမဝင္တင္သြင္းမႈလုပ္ခဲ့တာ။ ဒီေန႔တရုတ္ျပည္ရဲ႕စီးပြားေရးစနစ္က တရားမဝင္နည္းေတြကို တင္းတင္းၾကပ္ၾကပ္နဲ႔ ေဆာင္ရြက္တဲ့အတြက္ အခုရပ္ေနတယ္။ ျပည္တြင္းဆန္လက္က်န္ကေတာ့ ဒီႏွစ္မွာ အမ်ားႀကီးရွိတယ္။ အနည္းဆံုးေတာ့ တန္ခ်ိန္သံုးသန္းနဲ႔သံုးသန္းခြဲၾကားမွာ ရွိေနတယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက ေျပာသည္။
ျမန္မာႏိုင္ငံမွျပည္ပသို႔ဆန္တင္ပို႔မႈအနက္ တရုတ္ႏုိင္ငံတစ္ခုတည္းသို႔တင္ပို႔ေနျခင္းမွာ ထက္ဝက္နီးပါးရွိေနခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွစတင္၍ ၂၀၁၈ ခုႏွစ္အထိ တရုတ္ႏုိင္ငံသို႔ ဆန္တင္ပို႔မႈျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
“ မႏွစ္က ၃ ဒႆမ ၆ သန္းပို႔ထားတယ္ဆိုတာက နယ္စပ္ကပို႔တာက ၂ သန္းပို႔တယ္။ ၿပီးခဲ့တဲ့ႏွစ္က တစ္ေန႔ကို ပ်မ္းမွ်တန္ခ်ိန္ေပါင္း ၅၅၀၀ မူဆယ္ဘက္ကို သြားတယ္။ အဲဒီ ၅၅၀၀ ေက်ာ္ေန႔တိုင္းထြက္ေနလို႔ ျမန္မာႏိုင္ငံရဲ႕ ဆန္စီးဆင္းမႈအလုပ္က မွန္ေနတာ။ အခုမူဆယ္ဘက္ကလည္း ပိတ္ထားေရာ၊ လံုးဝကို ခက္ခဲေနတယ္။ အခု အဲဒီကိုမသြားတဲ့အတြက္ ျပည္တြင္းမွာ စပါးေတြ၊ ဆန္ေတြလက္က်န္ျဖစ္ေနတယ္။ ပံုမွန္လမ္းေၾကာင္းက ဘယ္ေလာက္ပဲဝယ္ေနဝယ္ေန ျမန္မာျပည္မွာရွိတဲ့ဆန္ေတြကိုခြဲမထုတ္ႏိုင္ေသးဘူး” ဟု ဆန္ကုန္သည္တစ္ဦးက ေျပာသည္။
၂၀၁၈ ခုႏွစ္မုိးစပါးေပၚခ်ိန္တြင္ တရုတ္ႏုိင္ငံမွ တရားဝင္ဆန္တင္ပို႔မႈကိုသာ လက္ခံေတာ့မည္ျဖစ္ေၾကာင္း ေၾကျငာလိုက္ၿပီးေနာက္ ကိုယ္တာစနစ္ျဖင့္သာဆန္တင္ပို႔ႏိုင္ၿပီး နယ္စပ္လမ္းေၾကာင္းမွတင္ပို႔ျခင္းမွာ သိသိသာသာေလ်ာ့နည္းလာခဲ့ျခင္းျဖစ္သည္။
၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္မူ ျမန္မာ့ဆန္ျပည္ပတင္ပို႔မႈသည္ ၃ ဒႆမ ၆ သန္းျဖင့္ ဆန္တင္ပို႔မႈ သက္တမ္းတစ္ေလွ်ာက္ အျမင့္ဆံုးျဖစ္ခဲ့ၿပီး ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္မူ တရုတ္ႏိုင္ငံသို႔ ဆန္တန္ခ်ိန္ ၂ သန္းေက်ာ္သာ တင္ပို႔ႏိုင္ခဲ့သည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရသောမြန်မာ့ဆန်ဈေးကွက်မှာ ရပ်ဆိုင်းလုဖြစ်နေသောကြောင့် ပြည်တွင်း၌ ဆန်တန်ချိန် ၃ သန်းကျော် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ မိုးစပါးဆန်လက်ကျန်များကျန်ရှိနေသည့်အပြင် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နွေစပါးများလှိုင်လှိုင်ပေါ်လာသည့်အတွက် ဆန်လက်ကျန်များစွာကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တရုတ်ပြည်ကို ဆန်တင်ပို့ခဲ့တာ။ ဒီဘက်က တရားဝင်ပေမဲ့ သူတို့ဘက်က တရားမဝင်တင်သွင်းမှုလုပ်ခဲ့တာ။ ဒီနေ့တရုတ်ပြည်ရဲ့စီးပွားရေးစနစ်က တရားမဝင်နည်းတွေကို တင်းတင်းကြပ်ကြပ်နဲ့ ဆောင်ရွက်တဲ့အတွက် အခုရပ်နေတယ်။ ပြည်တွင်းဆန်လက်ကျန်ကတော့ ဒီနှစ်မှာ အများကြီးရှိတယ်။ အနည်းဆုံးတော့ တန်ချိန်သုံးသန်းနဲ့သုံးသန်းခွဲကြားမှာ ရှိနေတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
မြန်မာနိုင်ငံမှပြည်ပသို့ဆန်တင်ပို့မှုအနက် တရုတ်နိုင်ငံတစ်ခုတည်းသို့တင်ပို့နေခြင်းမှာ ထက်ဝက်နီးပါးရှိနေခဲ့ပြီး ၂၀၁၂ ခုနှစ်မှစတင်၍ ၂၀၁၈ ခုနှစ်အထိ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ မနှစ်က ၃ ဒဿမ ၆ သန်းပို့ထားတယ်ဆိုတာက နယ်စပ်ကပို့တာက ၂ သန်းပို့တယ်။ ပြီးခဲ့တဲ့နှစ်က တစ်နေ့ကို ပျမ်းမျှတန်ချိန်ပေါင်း ၅၅၀၀ မူဆယ်ဘက်ကို သွားတယ်။ အဲဒီ ၅၅၀၀ ကျော်နေ့တိုင်းထွက်နေလို့ မြန်မာနိုင်ငံရဲ့ ဆန်စီးဆင်းမှုအလုပ်က မှန်နေတာ။ အခုမူဆယ်ဘက်ကလည်း ပိတ်ထားရော၊ လုံးဝကို ခက်ခဲနေတယ်။ အခု အဲဒီကိုမသွားတဲ့အတွက် ပြည်တွင်းမှာ စပါးတွေ၊ ဆန်တွေလက်ကျန်ဖြစ်နေတယ်။ ပုံမှန်လမ်းကြောင်းက ဘယ်လောက်ပဲဝယ်နေဝယ်နေ မြန်မာပြည်မှာရှိတဲ့ဆန်တွေကိုခွဲမထုတ်နိုင်သေးဘူး” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
၂၀၁၈ ခုနှစ်မိုးစပါးပေါ်ချိန်တွင် တရုတ်နိုင်ငံမှ တရားဝင်ဆန်တင်ပို့မှုကိုသာ လက်ခံတော့မည်ဖြစ်ကြောင်း ကြေငြာလိုက်ပြီးနောက် ကိုယ်တာစနစ်ဖြင့်သာဆန်တင်ပို့နိုင်ပြီး နယ်စပ်လမ်းကြောင်းမှတင်ပို့ခြင်းမှာ သိသိသာသာလျော့နည်းလာခဲ့ခြင်းဖြစ်သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်မူ မြန်မာ့ဆန်ပြည်ပတင်ပို့မှုသည် ၃ ဒဿမ ၆ သန်းဖြင့် ဆန်တင်ပို့မှု သက်တမ်းတစ်လျှောက် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့သည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။