Skip to main content
ေအာင္ဆန္းကြင္းျပန္လည္ျပဳျပင္ရန္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက ထိထိေရာက္ေရာက္ မေဆာင္ရြက္ေသးဟု ဆို
Ads Block

ေအာင္ဆန္းကြင္းျပန္လည္ျပဳျပင္ရန္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက ထိထိေရာက္ေရာက္ မေဆာင္ရြက္ေသးဟု ဆို

ရန္ကုန္ၿမိဳ႕ရွိ ေအာင္ဆန္းအားကစားကြင္းျပန္လည္ျပဳျပင္ရန္တင္ျပထားသည္မွာ ၂ ႏွစ္ခန္႔ရွိၿပီျဖစ္ေသာ္လည္း လက္ရွိအထိ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ထိထိေရာက္ေရာက္ကိုင္တြယ္မႈမရွိေသးေၾကာင္း မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ တိ္ုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးလွေဌးက ေျပာသည္။

ေအာင္ဆန္းကြင္းျပန္လည္ျပဳျပင္ရန္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက ထိထိေရာက္ေရာက္ မေဆာင္ရြက္ေသးဟု ဆို


ေအာင္ဆန္းအားကစားကြင္း၏ ၇၀ ရာခိုင္ႏႈန္းကိုၿဖိဳခ်ျပဳျပင္မည္ဟု ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
“ ကၽြန္ေတာ္ ၿပီးခဲ့တဲ့ ၂၀၁၇ ကတည္းက လႊတ္ေတာ္မွာ ဒီကြင္းႀကီးကအဘက္ဘက္ကပ်က္စီးေနတဲ့အတြက္ ျပဳျပင္ဖို႔လိုအပ္ေနတယ္။ ဒါေၾကာင့္ ေဘာလံုးအဖြဲ႕ခ်ဳပ္ကလည္း ၀န္ႀကီးဌာနကိုျပန္အပ္ထားတာ တစ္ႏွစ္ရွိေနၿပီလည္း ျဖစ္တယ္။ ဒါေပမဲ့ ျပန္ျပင္မယ္လို႔သာေျပာထားတာ အခုထိေတာ့ ၀န္ႀကီးဌာနက ညႊန္မွဴးတစ္ေယာက္ထားၿပီးရုံးထိုင္ေနတာပဲရွိတယ္။ ဘာမွညႊန္ၾကားခ်က္မက်ေသးလို႔ေတာ့ ေျပာတာပါပဲ။ အခုအခ်ိန္ထိေတာ့ ထိထိေရာက္ေရာက္ကိုင္တြယ္တာမရွိေသးပါဘူး” ဟု မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္မဲဆႏၵနယ္ တိ္ုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက အကုန္သိသတင္းဌာနသို႔ေျပာသည္။
လက္ရွိတြင္ ေအာင္ဆန္းအားကစားကြင္း၌ ၿပိဳင္ပြဲမ်ားက်င္းပမႈရပ္နားထားၿပီး ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္မွ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနသို႔ျပန္လည္ အပ္ႏွံထားျခင္းျဖစ္သည္။
“ ဒီကြင္းနဲ႔ပတ္သက္လို႔ကေတာ့ ကၽြန္ေတာ္တို႔က ၀န္ႀကီးဌာနကို ျပန္ၿပီးအပ္ထားၿပီးပါၿပီ။ အဖြဲ႕ခ်ဳပ္နဲ႔ မဆိုင္ေတာ့ပါဘူး။ သူတို႔ဘက္က ျပဳျပင္ေရးေတြကိုျပဳလုပ္ပါလိမ့္မယ္” ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုသိန္းက ေျပာသည္။
ေအာင္ဆန္းအားကစားကြင္းသည္ ၁၉၆၅ ခုႏွစ္ အေရွ႕ေတာင္အာရွ ကၽြန္းဆြယ္အားကစားၿပိဳင္ပြဲကို လက္ခံက်င္းပခဲ့ၿပီး ကြင္း၏သက္တမ္းမွာ ႏွစ္ေပါင္း ၆၀ ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ကာ ေဘာလံုးအျပင္ အားကစားနည္း (၁၀)မ်ိဳးေက်ာ္တို႔အတြက္ ၿပိဳင္ပြဲမ်ားက်င္းပႏုိင္ေၾကာင္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းပြန်လည်ပြုပြင်ရန်တင်ပြထားသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သော်လည်း လက်ရှိအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထိထိရောက်ရောက်ကိုင်တွယ်မှုမရှိသေးကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောသည်။
အောင်ဆန်းအားကစားကွင်း၏ ၇၀ ရာခိုင်နှုန်းကိုဖြိုချပြုပြင်မည်ဟု ပြီးခဲ့သော ရက်ပိုင်းအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
“ ကျွန်တော် ပြီးခဲ့တဲ့ ၂၀၁၇ ကတည်းက လွှတ်တော်မှာ ဒီကွင်းကြီးကအဘက်ဘက်ကပျက်စီးနေတဲ့အတွက် ပြုပြင်ဖို့လိုအပ်နေတယ်။ ဒါကြောင့် ဘောလုံးအဖွဲ့ချုပ်ကလည်း ဝန်ကြီးဌာနကိုပြန်အပ်ထားတာ တစ်နှစ်ရှိနေပြီလည်း ဖြစ်တယ်။ ဒါပေမဲ့ ပြန်ပြင်မယ်လို့သာပြောထားတာ အခုထိတော့ ဝန်ကြီးဌာနက ညွှန်မှူးတစ်ယောက်ထားပြီးရုံးထိုင်နေတာပဲရှိတယ်။ ဘာမှညွှန်ကြားချက်မကျသေးလို့တော့ ပြောတာပါပဲ။ အခုအချိန်ထိတော့ ထိထိရောက်ရောက်ကိုင်တွယ်တာမရှိသေးပါဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အကုန်သိသတင်းဌာနသို့ပြောသည်။
လက်ရှိတွင် အောင်ဆန်းအားကစားကွင်း၌ ပြိုင်ပွဲများကျင်းပမှုရပ်နားထားပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ပြန်လည် အပ်နှံထားခြင်းဖြစ်သည်။
“ ဒီကွင်းနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့က ဝန်ကြီးဌာနကို ပြန်ပြီးအပ်ထားပြီးပါပြီ။ အဖွဲ့ချုပ်နဲ့ မဆိုင်တော့ပါဘူး။ သူတို့ဘက်က ပြုပြင်ရေးတွေကိုပြုလုပ်ပါလိမ့်မယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
အောင်ဆန်းအားကစားကွင်းသည် ၁၉၆၅ ခုနှစ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ကွင်း၏သက်တမ်းမှာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီဖြစ်ကာ ဘောလုံးအပြင် အားကစားနည်း (၁၀)မျိုးကျော်တို့အတွက် ပြိုင်ပွဲများကျင်းပနိုင်ကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။