Skip to main content
E စီးကရက္ေသာက္သံုးျခင္းမွာ ေဆးလိပ္ေသာက္သကဲ့သို႔ဒုကၡေပးသည္ကို ကမၻာကတျဖည္းျဖည္းသိလာဟု ဆို
Ads Block

E စီးကရက္ေသာက္သံုးျခင္းမွာ ေဆးလိပ္ေသာက္သကဲ့သို႔ဒုကၡေပးသည္ကို ကမၻာကတျဖည္းျဖည္းသိလာဟု ဆို

E စီးကရက္ေသာက္သံုးျခင္းမွာလည္း ေဆးလိပ္ေသာက္သကဲ့သို႔ ဒုကၡေပးသည္ဆိုျခင္းကို ကမၻာက တျဖည္းျဖည္း သိလာၾကၿပီျဖစ္ေၾကာင္း အဆုတ္နွင့္ရင္ေခါင္းအထူးကုဌာနမွ ဌာနမွဴး ေဆးတကၠသုိလ္ ၂ မွ ပါေမာကၡ ေဒါက္တာရဲထြန္းက ေျပာလုိက္သည္။

E စီးကရက္ေသာက္သံုးျခင္းမွာ ေဆးလိပ္ေသာက္သကဲ့သို႔ဒုကၡေပးသည္ကို ကမၻာကတျဖည္းျဖည္းသိလာဟု ဆို


ေတာ္၀င္ဂါးဒင္းဟုိတယ္တြင္ ေမလ ၂၉ ရက္ကက်င္းပေသာ “ကမၻာ႔ေဆးလိပ္မေသာက္ေရးေန႔” အထိမ္းအမွတ္ အခမ္းအနားတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
“ E စီးကရက္ဆုိတာ အစားထုိးသုံးစြဲတာေပါ့။ ေဆးလိပ္မေသာက္ေအာင္လုပ္တဲ့အခါမွာ နည္းနည္းအစားထုိးရင္ ေကာင္းမလားဆုိတဲ့ပထမပုိင္းက မွန္သလုိလုိရွိေပမဲ့ ေနာက္ပုိင္းမွာ ကမၻာ႔က်န္းမာေရးအဖြဲ႔က ေတြ႔ရွိတာ မဟုတ္ဘူး။ E စီးကရက္ထဲမွာပါတဲ့နီကုိတင္းေတြအေငြ႔ေတြကရႈရႈိက္ရတာပဲ။ သူ႔ကစတုိင္က်ေအာင္ လုပ္ထားတာျဖစ္တဲ့အျပင္ အဲဒီကထြက္ေပၚလာတဲ့ဟာကလည္း ေဆးလိပ္ေသာက္သကဲ့သုိ႔ ဒုကၡေပးတာ ျဖစ္တဲ့အတြက္ အခုဆုိ ကမၻာကတျဖည္းျဖည္းသိလာၾကၿပီ။ E စီးကရက္ေသာက္တာ မေကာင္းတဲ့ဆုိးက်ိဳးေတြ ျဖစ္တယ္ဆုိတာသိလာၾကၿပီ’’ ဟု အဆုတ္နွင့္ရင္ေခါင္းအထူးကုဌာနမွဌာနမွဴး ေဆးတကၠသုိလ္ ၂ မွ ပါေမာကၡ ေဒါက္တာရဲထြန္းက ေျပာသည္။
E စီးကရက္မ်ားသည္ အရည္ႏွင့္တြဲဖက္၍ရႈရႈိက္ေသာက္သုံးရျခင္းျဖစ္ၿပီး က်ပ္ေသာင္းဂဏန္းမွစတင္ကာ ေစ်းႏႈန္းအမ်ိဳးမ်ိဳးရွိေၾကာင္း သိရသည္။
ေဆးလိပ္ေသာက္သုံးျခင္းေၾကာင့္ အဆုတ္ကင္ဆာေရာဂါအဓိကျဖစ္ပြားႏုိင္ၿပီး ကမၻာတြင္ ႏွစ္စဥ္ ေဆးလိပ္ ေသာက္သုံးမႈေၾကာင့္ ေနာက္ဆက္တြဲေရာဂါျဖင့္ေသဆုံးမႈမွာ လူဦးေရ ၆ သန္းရွိေၾကာင္းသိရသည္။
လက္ရွိ ျမန္မာႏုိင္ငံတြင္ေဆးလိပ္ေသာက္သုံးမႈႏွင့္ကြမ္းယာစားသုံးသူနႈန္းမွာ အမ်ိဳးသား ၆၅ ရာခုိင္နႈန္း၊ အမ်ိဳးသမီး ၂၅ ရာခုိင္ႏႈန္းရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

E စီးကရက်သောက်သုံးခြင်းမှာလည်း ဆေးလိပ်သောက်သကဲ့သို့ ဒုက္ခပေးသည်ဆိုခြင်းကို ကမ္ဘာက တဖြည်းဖြည်း သိလာကြပြီဖြစ်ကြောင်း အဆုတ်နှင့်ရင်ခေါင်းအထူးကုဌာနမှ ဌာနမှူး ဆေးတက္ကသိုလ် ၂ မှ ပါမောက္ခ ဒေါက်တာရဲထွန်းက ပြောလိုက်သည်။
တော်ဝင်ဂါးဒင်းဟိုတယ်တွင် မေလ ၂၉ ရက်ကကျင်းပသော “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ E စီးကရက်ဆိုတာ အစားထိုးသုံးစွဲတာပေါ့။ ဆေးလိပ်မသောက်အောင်လုပ်တဲ့အခါမှာ နည်းနည်းအစားထိုးရင် ကောင်းမလားဆိုတဲ့ပထမပိုင်းက မှန်သလိုလိုရှိပေမဲ့ နောက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွေ့ရှိတာ မဟုတ်ဘူး။ E စီးကရက်ထဲမှာပါတဲ့နီကိုတင်းတွေအငွေ့တွေကရှုရှိုက်ရတာပဲ။ သူ့ကစတိုင်ကျအောင် လုပ်ထားတာဖြစ်တဲ့အပြင် အဲဒီကထွက်ပေါ်လာတဲ့ဟာကလည်း ဆေးလိပ်သောက်သကဲ့သို့ ဒုက္ခပေးတာ ဖြစ်တဲ့အတွက် အခုဆို ကမ္ဘာကတဖြည်းဖြည်းသိလာကြပြီ။ E စီးကရက်သောက်တာ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်တယ်ဆိုတာသိလာကြပြီ’’ ဟု အဆုတ်နှင့်ရင်ခေါင်းအထူးကုဌာနမှဌာနမှူး ဆေးတက္ကသိုလ် ၂ မှ ပါမောက္ခ ဒေါက်တာရဲထွန်းက ပြောသည်။
E စီးကရက်များသည် အရည်နှင့်တွဲဖက်၍ရှုရှိုက်သောက်သုံးရခြင်းဖြစ်ပြီး ကျပ်သောင်းဂဏန်းမှစတင်ကာ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။
ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ကင်ဆာရောဂါအဓိကဖြစ်ပွားနိုင်ပြီး ကမ္ဘာတွင် နှစ်စဉ် ဆေးလိပ် သောက်သုံးမှုကြောင့် နောက်ဆက်တွဲရောဂါဖြင့်သေဆုံးမှုမှာ လူဦးရေ ၆ သန်းရှိကြောင်းသိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင်ဆေးလိပ်သောက်သုံးမှုနှင့်ကွမ်းယာစားသုံးသူနှုန်းမှာ အမျိုးသား ၆၅ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။