Skip to main content
လာမည့္ေအာက္တိုဘာလအထိ ေမြးျမဴေရးငါးေစ်းႏႈန္းဆက္လက္ျမင့္တက္ေနမည္
Ads Block

လာမည့္ေအာက္တိုဘာလအထိ ေမြးျမဴေရးငါးေစ်းႏႈန္းဆက္လက္ျမင့္တက္ေနမည္

အင္းအိုင္မ်ားတြင္ ငါးဖမ္းဆီးမႈပိတ္ပင္ထားျခင္း၊ ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးဖမ္းဆီးမႈပိတ္ပင္ျခင္းတို႔ေၾကာင့္ ေမြးျမဴေရးငါးမ်ား လာမည့္ေအာက္တိုဘာလအထိ ေစ်းႏႈန္းျမင့္တက္ေနဦးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴးဦးဝင္းႀကိဳင္ေျပာျပခ်က္အရ သိရသည္။
ေမြးျမဴေရးငါးမ်ားအနက္ အဓိကအားျဖင့္ ျပည္တြင္းစားသံုးမႈႏွင့္ ျပည္ပတင္ပို႔မႈတြင္အမ်ားဆံုးအသံုးျပဳေနသည့္ ငါးျမစ္ခ်င္း၊ ငါးၾကင္း၊ ငါးေခါင္းပြ၊ ငါးမုတ္ႏွင့္ ငါးတန္မွာ ေစ်းႏႈန္းအျမင့္ဘက္ဦးတည္မည္ျဖစ္ေၾကာင္း သိရသည္။
“အင္းအိုင္ငါးက ရာသီလည္းမဟုတ္ဘူး။ ငါးရစ္ငါးသန္ပ္ိတ္ပင္တဲ့ကာလျဖစ္တယ္။ ပင္လယ္ငါးဖမ္းကလည္း သုညအထိပိတ္ထားေတာ့ ဒီအခ်ိန္မွာေမြးျမဴေရးငါးတစ္မ်ိဳးတည္းဝင္ေတာ့မယ္။ ျပည္တြင္းစားဖိုေရာ၊ ျပည္ပပို႔ဖို႔အတြက္ေရာ၊ ငါးေျခာက္လုပ္ဖို႔ပါ ဒီတစ္မ်ိဳးတည္းသံုးရေတာ့မယ္။ သူကဒီအခ်ိန္မွာအေရးပါတဲ့ငါးပဲ ျဖစ္ေနမယ္။ သူ႔တမယ္ထဲထိန္းရတာျဖစ္တဲ့အတြက္ေစ်းကေတာ့တက္မွာပဲ။ ၁၀ လပိုင္းအထိ ဆက္တက္ေနဦးမွာပဲ” ဟု ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွအေထြေထြအတြင္းေရးမွဴး ဦးဝင္းႀကိဳင္က ေျပာသည္။
ထို႔ေၾကာင့္ ငါးေစ်းႏႈန္းမ်ားတည္ၿငိမ္မႈရွိလာေစရန္ အစိုးရမွစနစ္တက်ကူညီေထာက္ပံ့ေပးသင့္ေၾကာင္းလည္း ၄င္းက ဆက္ေျပာသည္။
ငါးေစ်းကြက္အတြင္း ငါးျမစ္ခ်င္း 2F (တစ္ပိႆာ ၂၀ အရြယ္)တစ္ပိႆာလွ်င္ အမ်ားဆံုး က်ပ္ ၃၆၀၀ မွ က်ပ္ ၃၇၀၀ အထိသာေစ်းႏႈန္းျမင့္တက္ေလ့ရွိေသာ္လည္း ယခုေမလေနာက္ဆံုးအပတ္တြင္ က်ပ္ ၄၂၀၀ အထိ ျမင့္တက္ေနၿပီး အဆိုပါေစ်းႏႈန္းမွာ ငါးျမစ္ခ်င္းေစ်းကြက္အတြင္း စံခ်ိန္တင္ေစ်းနႈန္းျမင့္တက္ျခင္းျဖစ္ေၾကာင္း သိရသည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

အင်းအိုင်များတွင် ငါးဖမ်းဆီးမှုပိတ်ပင်ထားခြင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှုပိတ်ပင်ခြင်းတို့ကြောင့် မွေးမြူရေးငါးများ လာမည့်အောက်တိုဘာလအထိ ဈေးနှုန်းမြင့်တက်နေဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်ပြောပြချက်အရ သိရသည်။
မွေးမြူရေးငါးများအနက် အဓိကအားဖြင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုတွင်အများဆုံးအသုံးပြုနေသည့် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးမုတ်နှင့် ငါးတန်မှာ ဈေးနှုန်းအမြင့်ဘက်ဦးတည်မည်ဖြစ်ကြောင်း သိရသည်။
“အင်းအိုင်ငါးက ရာသီလည်းမဟုတ်ဘူး။ ငါးရစ်ငါးသန်ပိတ်ပင်တဲ့ကာလဖြစ်တယ်။ ပင်လယ်ငါးဖမ်းကလည်း သုညအထိပိတ်ထားတော့ ဒီအချိန်မှာမွေးမြူရေးငါးတစ်မျိုးတည်းဝင်တော့မယ်။ ပြည်တွင်းစားဖိုရော၊ ပြည်ပပို့ဖို့အတွက်ရော၊ ငါးခြောက်လုပ်ဖို့ပါ ဒီတစ်မျိုးတည်းသုံးရတော့မယ်။ သူကဒီအချိန်မှာအရေးပါတဲ့ငါးပဲ ဖြစ်နေမယ်။ သူ့တမယ်ထဲထိန်းရတာဖြစ်တဲ့အတွက်ဈေးကတော့တက်မှာပဲ။ ၁၀ လပိုင်းအထိ ဆက်တက်နေဦးမှာပဲ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ထို့ကြောင့် ငါးဈေးနှုန်းများတည်ငြိမ်မှုရှိလာစေရန် အစိုးရမှစနစ်တကျကူညီထောက်ပံ့ပေးသင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ငါးဈေးကွက်အတွင်း ငါးမြစ်ချင်း 2F (တစ်ပိဿာ ၂၀ အရွယ်)တစ်ပိဿာလျှင် အများဆုံး ကျပ် ၃၆၀၀ မှ ကျပ် ၃၇၀၀ အထိသာဈေးနှုန်းမြင့်တက်လေ့ရှိသော်လည်း ယခုမေလနောက်ဆုံးအပတ်တွင် ကျပ် ၄၂၀၀ အထိ မြင့်တက်နေပြီး အဆိုပါဈေးနှုန်းမှာ ငါးမြစ်ချင်းဈေးကွက်အတွင်း စံချိန်တင်ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။