Skip to main content
တရုတ်လုပ်ရပ်ဟာ အိမ်နီချင်းနိုင်ငံတွေကို ကြောက်လန့်အောင် လုပ်ဆောင်တာလို့ အမေရိကန် ပြော
Ads Block

တရုတ်လုပ်ရပ်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ကြောက်လန့်အောင် လုပ်ဆောင်တာလို့ အမေရိကန် ပြော

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိန်းမက်တစ် က အငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက ဒုံးကျည်တွေ ဖြန့်ကြတ်ချထားမှု ဟာ အိမ်နီချင်းနိုင်ငံတွေအပေါ် ကြောက်လန့်စိုးရိမ်မှုတွေဖြစ်အောင် လုပ်ဆောင်တာဖြစ်ကြောင်း ပြစ်တင်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေ ဟာ ၄င်းတို့ နယ်စပ် ဒေသရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ၀န်ကြီး ကပြောခဲ့ပါတယ်။ တရုတ်နိုင်ငံ ဟာ အငြင်းပွားနေတဲ့တောင်တရုတ်ပင်လယ် အတွင်းမှာ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်၊ သင်္ဘောပစ် ဒုံးကျည်၊ အပါအ၀င် စစ်ဘက်ဆိုင်ရာအသုံးပြုတဲ့ အဆင့်မြင့် ပစ္စည်းတွေ ဖြန့်ကြတ်ချထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အဆိုပါ လက်နက်တွေချထားတာဟာ အိမ်နီချင်း တွေကို ကြောက်လန့်အောင် ရည်ရွယ်ကာ စစ်ရေးဆိုင်ရာ အသုံးချတာဖြစ်တယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ဟာ ဒေသအတွင်း မှာ အဓိက အခန်းဏ္ဍမှာပါဝင်နေတာကို အသိမှတ်ပြုကြောင်း ၊တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အမေရိကန်အစိုးရ အဖွဲ့က လိုလားနေပေမယ့် လိုအပ်လာမယ်ဆိုရင် အင်အားသုံးသွားမှာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိန်းမက်တစ်ကပြောဆိုခဲ့ပါတယ်။ တောင်တရုတ် ပင်လယ်ဟာ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ပြီး ပိုင်နက်နယ်မြေအတွက် နိုင်ငံပေါင်း ၆ နိုင်ငံ အငြင်းပွားနေတယ်လို့ သိရပါတယ်။

  • သားဖိုးကောင်း (အကုန်သိ သတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။