Skip to main content
လူ႔အဖြဲ႔အစည္းတြင္ စိတ္ကစဥ့္ကလ်ားေရာဂါခံစားေနရသူ ၁ ရာခုိင္ႏႈန္းရွိေနဟု ဆို
Ads Block

လူ႔အဖြဲ႔အစည္းတြင္ စိတ္ကစဥ့္ကလ်ားေရာဂါခံစားေနရသူ ၁ ရာခုိင္ႏႈန္းရွိေနဟု ဆို

 

လူ႔အဖြဲ႔အစည္းတြင္ စိတ္ကစဥ္႔ကလ်ားေရာဂါခံစားေနရသူ ၁ ရာခုိင္ႏႈန္းရွိေနၿပီး အသက္ ၁၅ ႏွစ္ေက်ာ္မွ ၃၀ ေက်ာ္အတြင္း ေ၀ဒနာခံစားရႏုိင္ကာမကုသပါကနာတာရွည္ေရာဂါျဖစ္သြားႏုိင္ေၾကာင္း စိတ္ေရာဂါ အထူးကုဆရာ၀န္ႀကီးပါေမာကၡ ေဒါက္တာခင္ေမာင္ႀကီးက ေျပာသည္။

လူ႔အဖြဲ႔အစည္းတြင္ စိတ္ကစဥ့္ကလ်ားေရာဂါခံစားေနရသူ ၁ ရာခုိင္ႏႈန္းရွိေနဟု ဆို


ေတာ္၀င္ဂါးဒင္းဟုိတယ္တြင္ ေမလ ၂၉ ရက္၌ အကုန္သိသတင္းဌာနႏွင့္ ေတြ႕ဆံုေမးျမန္းရာတြင္ ယခုကဲ့သို႔ေျဖၾကားေပးျခင္းျဖစ္သည္။
“ စိတ္ကစဥ္ကလ်ားကေတာ့ အၾကမ္းအားျဖင့္ လူ႔အဖြဲ႔အစည္းထဲမွာ ၁ ရာခိုင္ႏႈန္းေပါ့။  ၁ ရာခိုင္ႏႈန္းရွိတယ္လုိ႔ ႏုိင္ငံတကာကသုေတသနေတြကေျပာပါတယ္။ သူကေတာ့ တစ္ခ်ိန္တုန္းကေတာ့ အင္မတန္ျပင္းထန္တဲ့ စိတ္ေရာဂါအျပင္းစားလုိ႔သက္မွတ္တယ္။ အခုခါေတာ့ ကြ်န္ေတာ္တုိ႔ကေဆးေတြအရမ္းပဲေကာင္းလာတယ္။ တုိးတက္ျမင့္မားလာတဲ့ေဆး၀ါးေတြေတြ႔တဲ့အခါက်ေတာ့ အမ်ားႀကီးသက္သာလာတာကုိေတြ႔တယ္။ တစ္ခုေတာ့ရွိတယ္။ ဒီစိတ္ကကစဥ္ကလ်ားေရာဂါက အမ်ားေသာအားျဖင့္ ၁၅ ၊ ၁၆၊ ၁၇၊ ၂၅ ၊ ၃၅ အထိေပါ့ေလ။ အဲဒီမွာစျဖစ္တယ္။ သူကနာတာရွည္အေနနဲ႔ျဖစ္တတ္တယ္။ ေဆးကုိေစာေစာစီးစီးမကုရင္ ၾကာရွည္ျဖစ္သြားႏုိင္တယ္’’ဟု ပါေမာကၡ ေဒါက္တာခင္ေမာင္ႀကီးကေ ျပာသည္။

လူ႔အဖြဲ႔အစည္းတြင္ စိတ္ကစဥ့္ကလ်ားေရာဂါခံစားေနရသူ ၁ ရာခုိင္ႏႈန္းရွိေနဟု ဆို


စကီဇုိဖကီးနီးယားေခၚ စိတ္ကစဥ္ကလ်ားေရာဂါသည္ မူမွန္ေသာ အျပဳအမူမရွိျခင္း၊ ထူးဆန္းေသာစကားမ်ား အျပဳအမူမ်ားေျပာဆုိျပဳမူျခင္း၊ မိမိယုံၾကည္ခ်က္မွအပ အျခားယုံၾကည္ခ်က္မ်ားလက္မခံဘဲကိုင္စြဲထားျခင္း၊ အအိပ္ပ်က္၊ အစားပ်က္ျဖစ္လာကာ နားထဲတြင္ အသံမ်ားၾကားေယာင္ျခင္း၊ လူအမ်ားႏွင့္ အဆင္မေျပျဖစ္ကာ အဆုံးတြင္ သတ္ေသလုိစိတ္မ်ားျဖစ္ေပၚလာျခင္းတုိ႔ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တုိင္းေဒသႀကီး၊ ရြာသာႀကီးစိတ္က်န္းမာေရးေဆးရုံတြင္လက္ရွိ ေ၀ဒနာသည္ေပါင္း ၁၀၀၀ ေက်ာ္ ကုသေနေၾကာင္း သိရၿပီး အမ်ားစုမွာ အရက္စြဲကပ္ျခင္းေၾကာင့္ ေနာက္ဆက္တြဲျဖစ္ေပၚလာသည့္ စိတ္ေ၀ဒနာကုိ ကုသရျခင္းျဖစ္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

လူ့အဖွဲ့အစည်းတွင် စိတ်ကစဉ့်ကလျားရောဂါခံစားနေရသူ ၁ ရာခိုင်နှုန်းရှိနေပြီး အသက် ၁၅ နှစ်ကျော်မှ ၃၀ ကျော်အတွင်း ဝေဒနာခံစားရနိုင်ကာမကုသပါကနာတာရှည်ရောဂါဖြစ်သွားနိုင်ကြောင်း စိတ်ရောဂါ အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်ကြီးက ပြောသည်။
တော်ဝင်ဂါးဒင်းဟိုတယ်တွင် မေလ ၂၉ ရက်၌ အကုန်သိသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။
“ စိတ်ကစဉ်ကလျားကတော့ အကြမ်းအားဖြင့် လူ့အဖွဲ့အစည်းထဲမှာ ၁ ရာခိုင်နှုန်းပေါ့။  ၁ ရာခိုင်နှုန်းရှိတယ်လို့ နိုင်ငံတကာကသုတေသနတွေကပြောပါတယ်။ သူကတော့ တစ်ချိန်တုန်းကတော့ အင်မတန်ပြင်းထန်တဲ့ စိတ်ရောဂါအပြင်းစားလို့သက်မှတ်တယ်။ အခုခါတော့ ကျွန်တော်တို့ကဆေးတွေအရမ်းပဲကောင်းလာတယ်။ တိုးတက်မြင့်မားလာတဲ့ဆေးဝါးတွေတွေ့တဲ့အခါကျတော့ အများကြီးသက်သာလာတာကိုတွေ့တယ်။ တစ်ခုတော့ရှိတယ်။ ဒီစိတ်ကကစဉ်ကလျားရောဂါက အများသောအားဖြင့် ၁၅ ၊ ၁၆၊ ၁၇၊ ၂၅ ၊ ၃၅ အထိပေါ့လေ။ အဲဒီမှာစဖြစ်တယ်။ သူကနာတာရှည်အနေနဲ့ဖြစ်တတ်တယ်။ ဆေးကိုစောစောစီးစီးမကုရင် ကြာရှည်ဖြစ်သွားနိုင်တယ်’’ဟု ပါမောက္ခ ဒေါက်တာခင်မောင်ကြီးကေ ပြာသည်။
စကီဇိုဖကီးနီးယားခေါ် စိတ်ကစဉ်ကလျားရောဂါသည် မူမှန်သော အပြုအမူမရှိခြင်း၊ ထူးဆန်းသောစကားများ အပြုအမူများပြောဆိုပြုမူခြင်း၊ မိမိယုံကြည်ချက်မှအပ အခြားယုံကြည်ချက်များလက်မခံဘဲကိုင်စွဲထားခြင်း၊ အအိပ်ပျက်၊ အစားပျက်ဖြစ်လာကာ နားထဲတွင် အသံများကြားယောင်ခြင်း၊ လူအများနှင့် အဆင်မပြေဖြစ်ကာ အဆုံးတွင် သတ်သေလိုစိတ်များဖြစ်ပေါ်လာခြင်းတို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံတွင်လက်ရှိ ဝေဒနာသည်ပေါင်း ၁၀၀၀ ကျော် ကုသနေကြောင်း သိရပြီး အများစုမှာ အရက်စွဲကပ်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် စိတ်ဝေဒနာကို ကုသရခြင်းဖြစ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။