Skip to main content
ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွ အေထြေထြအတြင္းေရးမွဴးဦးသန္းဦးႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း
Ads Block

ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွ အေထြေထြအတြင္းေရးမွဴးဦးသန္းဦးႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း


လက္ရွိတြင္ ျမန္မာႏိုင္ငံရွိ စပါးအဓိကထြက္ရွိရာေဒသႀကီးမ်ားတြင္ ေႏြစပါးမ်ားလိႈင္လွိႈင္ေပၚေနၾကၿပီျဖစ္သည္။ သို႔ရာတြင္ ျမန္မာႏိုင္ငံ၏ အႀကီးဆံုးဆန္ေဖာက္သည္ျဖစ္ေသာ တရုတ္ႏိုင္ငံသို႔ မူဆယ္နယ္စပ္မွတစ္ဆင့္ ဆန္အလံုးအရင္းျဖင့္ တင္ပို႔ခြင့္မရသည္မွာ အေတာ္ၾကာၿပီျဖစ္သည္။

ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွ အေထြေထြအတြင္းေရးမွဴးဦးသန္းဦးႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း


ထို႔ေၾကာင့္ ယခုႏွစ္ေႏြစပါးေပၚခ်ိန္တြင္မူ ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္သို႔ တစ္ႏိုင္ငံလံုးရွိ ေနရာအႏွံ႔မွ ဆန္မ်ား ပိုမို၀င္ေရာက္လာေၾကာင္း သိရသည္။
ထိုသုိ႔ေျပာင္းလဲေနသည့္ ျမန္မာ့ဆန္ေစ်းကြက္အေျခအေနႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ား အသင္းမွ အေထြေထြအတြင္းေရးမွဴးဦးသန္းဦးႏွင့္ အကုန္သိသတင္းဌာနမွ ယခုကဲ့သို႔ေတြ႕ဆံုေမးျမန္းခဲ့ပါသည္။
ေမး။    ။ ဘုရင့္ေနာင္ကုန္စည္ဒိုင္ရဲ႕ လက္ရွိဆန္အေရာင္းအဝယ္အေျခအေနကို ေျပာျပပါဦး။
ေျဖ။    ။ ကုန္စည္ဒိုင္ကိုဝင္သမွ် ဆန္အကုန္ေန႔တိုင္းေရာင္းရတယ္။ မေရာင္းရတဲ့ဆန္မရွိဘူး။ အမ်ိဳးမ်ိဳး လာခဲ့။ လာသမွ်ဆန္ ေရာင္းလို႔ရတယ္။ အခုလက္ရွိမွာ ျမန္မာတစ္ျပည္လံုးကလာတဲ့ဆန္ေတြက ရန္ကုန္ကို စုပံုေရာက္လာတယ္။ တစ္ေန႔ကို အိတ္ေပါင္း ၅၀,၀၀၀ နဲ႔ ၁၀၀,၀၀၀ အၾကားဝင္ပံုမွန္ဝင္တယ္။ အခုရက္က (ေမလတတိယအပတ္)ဆန္အဝင္ ပိုမ်ားတယ္။ ေႏြဆန္က ထြက္ေပါက္မရွိေတာ့ ဘုရင့္ေနာင္ပဲ လာေနတယ္။ ေနာက္ၿပီး ႏွစ္တုိင္းက တရုတ္ကို အမ်ားဆံုးပို႔ေနရတာ။ ဒီႏွစ္မွ မပို႔ရဘူးဆိုေတာ့ ဘုရင့္ေနာင္ကုန္စည္ဒိုင္ကို ဆန္အမ်ားဆံုးဝင္တဲ့ႏွစ္လုိ႔ ေျပာလို႔ရတယ္။ ဆယ္ႏွစ္ေက်ာ္အတြင္းမွာ အမ်ားဆံုးပဲေလ။ တရုတ္မသြားရင္ ဘုရင့္ေနာင္က ဆရာျဖစ္သြားေရာ။ ဘုရင့္ေနာင္ကိုမလာဘဲ ဘယ္မွသြားလုိ႔မရဘူး။ ရာခုိင္ႏႈန္းအကုန္လံုး လာတယ္။ တရုတ္ကိုမသြားရင္ ဘုရင့္ေနာင္ဆန္ဒိုင္က အက်ိဳးေဆာင္ေတြေပ်ာ္တယ္။ ပြဲခအမ်ားႀကီးရဦးမယ္။
ေမး။    ။ ဘုရင့္ေနာင္ကုန္စည္ဒိုင္ကို လက္ရွိအခ်ိန္မွာ ဘယ္ေဒသေတြက ဆန္ေတြ အ၀င္ရွိေနလဲ။
ေျဖ။    ။ အခုလက္ရွိက ျမန္မာႏိုင္ငံမွာ ေႏြစပါးေပၚတဲ့ရာသီေလ။ ဧရာဝတီတိုင္းေရာ၊ ပဲခူးတိုင္း အေရွ႕၊ အေနာက္ေရာ၊ ေဒသစံု ေအာက္ျမန္မာျပည္မွာ စပါးေတြ လိႈင္လိႈင္ေပၚေနၾကၿပီ။ ေနာက္ မၾကာခင္မွာ ေရႊဘိုတို႔၊ ဘာတို႔အေပၚဘက္မွာလည္း ထပ္ေပၚဖို႔ရွိတယ္။ ေဒသႀကီးေတြျဖစ္တဲ့ ဧရာဝတီ၊ ပဲခူးတိုင္းအေရွ႕၊ အေနာက္မွာ စံုေပၚတဲ့အေျခအေနမွာ ကုန္စည္ဒိုင္ကို ဆန္ဝင္တဲ့အားက ပိုမ်ားတယ္။ အလိႈင္ဆုံးပဲ။ ရာသီဥတုကလည္း ေျခာက္ေသြ႕တယ္။ မိုးမရြာေသးတဲ့အခါက်ေတာ့ ေႏြစပါးက ရာသီဥတုကေပးတဲ့ လက္ေဆာင္တစ္ခုအျဖစ္ ရထားတယ္။
ေမး။    ။  ၿပီးခဲ့တဲ့ ၂၀၁၈ ေႏြစပါးတုန္းကေရာ ဘုရင့္ေနာင္ကုန္စည္ဒိုင္ကို တစ္ရက္ ဆန္ ဘယ္ေလာက္၀င္ခဲ့ပါသလဲ။
ေျဖ။    ။ မႏွစ္က တရုတ္ကိုသြားေနတုန္းကေတာ့ တစ္ႏုိင္ငံလံုးမွာ အိ္တ္ေရတစ္ရက္ငါးေသာင္း ထြက္တယ္ဆိုရင္ သံုးေသာင္းေလာက္ပဲ ဘုရင့္ေနာင္ကုန္စည္ဒိုင္ကိုလာတယ္။ ၆၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္။ က်န္တာစက္ပိုင္ေတြကေန တိုက္ရိုက္ေရာင္းၾကတယ္။ တရုတ္ကမဝယ္တဲ့ဆန္ေတြဆိုရင္ေတာ့ ဘုရင့္ေနာင္ကုိ လာကိုလာရတယ္။ ဧည့္မထထဲက ပခန္း ၊ ရတနာတုိး၊ ရာေက်ာ္လို႔ေခၚတ့ဲ ဆန္လံုးအရွည္ ေတြဆို တရုတ္ကိုသြားတယ္။ တရုတ္က မဝယ္တဲ့ ေရႊဝါထြန္း၊ ေပၚဆန္းတို႔ အဲဒီၾကားဆန္ေတြက ဘုရင့္ေနာင္ကို လာတယ္။ မႏွစ္က တစ္ေန႔ကို ဆန္အိတ္ေရ သံုးေသာင္းေလာက္ပဲ ဝင္တယ္။
ေမး။    ။ လက္ရွိ ဘုရင့္ေနာင္ကုန္စည္ဒုိင္ကို ဝင္တဲ့ဆန္ေတြကိုေရာ ဘယ္သူေတြက ဝယ္ၾကသလဲ။
ေျဖ။    ။ လက္ရွိအေနအထားကေတာ့ Normal Trade (ပင္လယ္ေရေၾကာင္း)က ပို႔တဲ့လူေတြေတာ့ အက်ိဳးအျမတ္ရွိေနပံုရတယ္။ သူတို႔ေတြေတာ့ အင္တိုက္အားတုိက္ဝယ္တယ္။ တစ္ႏုိင္ငံလံုးကလာတဲ့ဆန္က ၁၄ ေယာက္၊ ၁၅ ေယာက္ထက္မပိုတဲ့ ပို႔ကုန္လုပ္ငန္းရွင္ေတြက အေရာင္းအဝယ္လုပ္ေနရတာ။ တစ္ႏိုင္ငံလံုးကလာတဲ့ဆန္က တန္ခ်ိန္သန္းနဲ႔ခ်ီလာတာ။ ဒီလူေတြက ခံဝယ္ေပးေနေတာ့ မေရာင္းရတဲ့ဆန္၊ မေရာင္းရတဲ့ေန႔ေတာ့ မရွိဘူး။ အကုန္လံုးက အေရာင္းျပတ္တယ္။ သူတို႔က အရင္တုန္းက လုပ္ႏိုင္တာထက္ ၅ ဆ ပိုလုပ္တယ္။ အရင္က (ယခင္ႏွစ္) ဆန္တန္ခ်ိန္ တစ္ေသာင္းတင္တဲ့လူက အခုလက္ရွိ တန္ခ်ိန္ ႏွစ္ေသာင္း ေရာင္းမယ္။ သံုးေသာင္းေရာင္းမယ္ျဖစ္ေနၾကတယ္။ သူတို႔က ဘုရင့္ေနာင္ကို ဝင္သမွ်ဆန္အကုန္ ဝယ္ႏိုင္တယ္။ ဒါေပမဲ့ သူတို႔မွာေငြမလံုေလာက္ဘူး။ မလံုေလာက္ေတာ့ ဒီဘက္မွာ ေၾကြးက်တယ္။ သေဘာၤ လာခါနီးမွ ဖုတ္လုိက္၊ ဖုတ္လိုက္နဲ႔ဝယ္ၾကတယ္။ ဒီဘက္မွာ အေၾကြးေတြနဲ႔ဝယ္ၿပီး သေဘာၤခ်တယ္။ သေဘာၤတင္ၿပီး ေငြျပန္ထြက္လာေတာ့မွ ေငြေခ်ၾကတယ္။ အခုက ေငြလက္ငင္းကနည္းၿပီး အေၾကြးထားတဲ့စနစ္က မ်ားေနတယ္။ အနည္းဆံုး တစ္ပတ္၊ ဆယ္ရက္ကေန ႏွစ္ပတ္ေလာက္အထိ အေၾကြးထားတဲ့စနစ္မ်ိဳးနဲ႔ ဝယ္ေနၾကတယ္။ လက္ရွိမွာ သူတို႔မွ မဝယ္ရင္၊ သူတုိ႔ကိုမွ မေရာင္းရင္ ေရာင္းစရာ ေစ်းကြက္လည္း မရွိဘူး။ သူတို႔က ကိုက္ညီတဲ့ေစ်းႏႈန္းတစ္ခုနဲ႔ ေငြေၾကးအတက္အက်ရယ္၊ ႏိုင္ငံျခားကို ေရာင္းလို႔ရတဲ့ေစ်းရယ္တြက္ၿပီး ေစ်းႏွိမ္ၿပီးဝယ္တယ္။ ဒါကိုၿပိဳင္ၿပီး သူ႔ေစ်းကအရမ္းနည္းေနတယ္။ ငါ့ေတာ့ သူထက္ ပိုေပးမယ္၊ ဝယ္မယ္ဆိုတဲ့သူမ်ိဳးက ဒီမွာမရွိဘူး။ အခုလက္ရွိအေျခအေနမွာ သူတို႔ကိုပဲ တည့္ေအာင္ ေရာင္းေနရတယ္။ သူတို႔ကလည္းေစ်းညွိၿပီးဝယ္တယ္။ ေစ်းကြက္ယွဥ္ၿပိဳင္မႈအားနည္းတဲ့အတြက္ ေစ်းကေရာင္းတဲ့ဘက္ကမရဘူး။ ဝယ္သူ႔စိတ္ႀကိတ္၊ ဝယ္သူ႔ေစ်းကြက္ျဖစ္ေနတယ္။
ေမး။    ။ လက္ရွိမွာ ပံုမွန္လမ္းေၾကာင္းကေနပဲဆန္တင္ပို႔ေနရတဲ့အခါ အက်ိဴးသက္ေရာက္မႈက ဘာေတြရွိလာလဲ။  
ေျဖ။    ။ အခုေလာေလာဆယ္ ပံုမွန္လမ္းေၾကာင္းကပဲပို႔လို႔ရေတာ့ ပို႔ကုန္လုပ္ငန္းရွင္ေတြက ဟုိကိုေရာင္းတဲ့ေစ်းက ဘယ္ေစ်းျဖစ္ျဖစ္၊ ဒီမွာကိုက္ေအာင္ဝယ္လို႔ရတယ္။ အရင္တုန္းက (ဆန္တစ္တန္ကို ေဒၚလာ) ၃၀၀ ေက်ာ္ေရာင္းခဲ့တာက အခု ၂၆၀ ေရာင္းရလည္းကိစၥမရွိဘူးေလ။ ဒီမွာ သူတို႔နဲ႔ ၿပိဳင္ဝယ္မယ့္ လူမရွိဘူး။ အရင္တုန္းက ေဒၚလာ ၂၆၀ နဲ႔ေရာင္းၿပီး ဒီမွာ ေဒၚလာ ၃၀၀ ေက်ာ္နဲ႔ ျပန္ဝယ္ရရင္ သူတို႔ ရံႈးေရာ၊ မြဲေရာေလ။အခုက တရုတ္ကိုလံုးဝမသြားဘူး။ ေသခ်ာတယ္။ ဒီတစ္ေပါက္တည္း ရွိတာေလ။ အဲဒီေတာ့ ေစ်းညွိလိုက္ၾကတယ္။ သူလည္းေရာင္းထားတယ္။ ငါလည္းေရာင္းထားတယ္။ ခြဲတမ္းနဲ႔။ ဒီသေဘာၤေပၚမွာ တင္မယ္။ ဒီရက္တင္မယ္။ ေစ်းကြက္မွာ ဒီထက္ပိုမဝယ္နဲ႔ ညွိဝယ္တာေလ။ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းက သုညျဖစ္ေနတဲ့အခါမွာ ပံုမွန္လမ္းေၾကာင္းကိုအားထည့္ၿပီးလုပ္တယ္။ ဒီႏွစ္မွာ ပံုမွန္ကုန္သြယ္ေရးလမ္းေၾကာင္းက အားေကာင္းလာတယ္။ အင္အားအမ်ားႀကီးတုိးခ်ဲ႕ၿပီးလုပ္တယ္။ အက်ိဳးအျမတ္လည္းရွိတယ္။
ေမး။    ။ ဘုရင့္ေနာင္ဆန္ကုန္စည္ဒုိင္က လက္ရွိ ဆန္ေစ်းႏႈန္းအေျခအေနေလး ေျပာျပေပးပါဦး။
ေျဖ။    ။ အခုလက္ရွိေပါက္ေစ်းက ၂၅ ရာခိုင္ႏႈန္းဆန္တစ္အိတ္ကိုက်ပ္ ၁၇၀၀၀ ပတ္ခ်ာလည္ပဲရွိတယ္။ သၾကၤန္မတိုင္ခင္က ဆန္တစ္အိတ္ကိုက်ပ္ ၁၉၀၀၀ တစ္ပတ္လည္ေလာက္ေရာင္းခဲ့ရတယ္။ သၾကၤန္မတိုင္ခင္နဲ႔ သၾကၤန္ၿပီးေႏြဆန္တစ္အိတ္ကိုက်ပ္ ၂၀၀၀ ေလာက္ကြာသြားတယ္။ ေစ်းက်သြားတာ။ ေနာက္ၿပီး ပို႔ကုန္မွာလည္း သၾကၤန္မတိုင္ခင္က ဖိလစ္ပိုင္တို႔၊ ဘာတို႔ကိုဆန္ေရာင္းခဲ့ရတာတစ္တန္ကိုေဒၚလာ ၃၃၀ တုိ႔၊ ဘာတို႔ရတယ္။ အခုဆန္ေစ်းကတစ္တန္ကိုေဒၚလာ ၃၀၀ ေအာက္ကိုေရာက္ေနၿပီ။ ေငြေစ်းႏႈန္းကေတာ့ သိပ္မေျပာင္းဘူး။ ႏိုင္ငံျခားကိုေရာင္းလုိ႔ရတဲ့ေစ်းကက်သြားတယ္။ ေနာက္ဆန္သားကလည္းပိုေပးရတယ္။ ဆန္ကြဲေစ်းလည္းက်သြားတာပဲ။ ဆန္ကြဲေစ်းကသၾကၤန္မတိုင္ခင္ကတစ္တင္းခြဲတစ္အိတ္ကိုက်ပ္ ၁၈၀၀၀ တစ္ပတ္လည္ရွိတယ္။ အခုဆန္ကြဲေစ်းကတစ္တင္းခြဲတစ္အိတ္ကိုက်ပ္ ၁၅၀၀၀ တစ္ပတ္လည္ပဲရွိေတာ့တယ္။ ဆန္ကြဲ234အမ်ိဳးအစားဆိုတစ္အိတ္ကိုက်ပ္ ၁၄၂၀၀၊ ၁၄၃၀၀ ေလာက္ပဲရွိေတာ့တယ္။ မႏွစ္က ဒီအခ်ိန္နဲ႔ဆိုရင္ ဆန္ေရာ၊ ဆန္ကြဲေရာတစ္အိတ္ကိုက်ပ္ ၃၀၀၀ ေလာက္ကြာသြားတယ္။
ေမး။    ။ ျမန္မာ့ဆန္ေတြ ျပည္ပေစ်းကြက္မွာ ေစ်းက်သြားရတဲ့အေပၚ သံုးသပ္ေပးပါဦး။
ေျဖ။    ။ ျမန္မာႏိုင္ငံကေရာင္းတဲ့ဆန္ေတြက ျပည္ပမွာေစ်းမရဘူးေျပာတယ္။ ေစ်းအနိမ့္ေတြ ျဖစ္ေနတယ္။ အခုေရာင္းတဲ့လူက ႀကိဳးစားၿပီးေရာင္းလာၾကေတာ့ တန္းျမင့္ဆန္အေနနဲ႔ ပို႔တယ္။ အရင္ႏွစ္ကဆို ဘုရင့္ေနာင္ကုန္စည္ဒိုင္ကိုဝင္လာတဲ့ဆန္ေတြကိုပံုၿပီး ျပည္ပတင္ပို႔ရင္ တိုက္ရိုက္သြားတာ။ ဒီႏွစ္က အရင္လိုဆန္ျဖစ္ၿပီးေရာဆိုတာမ်ိဳး အာဖရိကႏိုင္ငံေတြကိုေရာင္းလို႔မရဘူး။ အခုက ဖိလစ္ပိုင္တို႔၊ ဘာတုိ႔ကို တင္ပို႔တဲ့အခါ ကုန္စည္ဒိုင္ကိုဝင္လာတဲ့အၾကမ္းထည္ေတြကို ဘယ္ေလာက္ပဲေကာင္းေကာင္း၊ ဖြတ္ၿပီး၊ အေျခာက္ခံတာတို႔၊ အေရာင္တင္တာတုိ႔ အလွျပန္ႀကိတ္ေပးရတယ္။ အရည္အေသြးျမွင့္ထားတဲ့ တန္းျမင့္ဆန္ေတြကိုပဲ ေရာင္းရတယ္။ သေဘာၤကိုတင္ရတယ္။ အဲဒီလိုလုပ္ထားတာေတြေၾကာင့္ လက္ရွိကဆန္အရည္အေသြးျမင့္သြားတယ္။ ျပည္ပမွာေစ်းကြက္ဝင္တဲ့ ဆန္ေတြျဖစ္လာတယ္။ ဆန္ေတြက နယ္စံုကလာေတာ့ အနိမ့္အျမင့္ရွိတယ္။ တစ္ခ်ိဳ႕ကညိဳတယ္။ တစ္ခ်ိဳ႕ကျဖဴတယ္။ မညီမွ်ဘူး။ တိုက္ရိုက္ဝင္ႏိုင္တဲ့ဆန္ေတြလည္းရွိတယ္။ အဲဒါကိုစက္ေပၚျပန္တင္လိုက္ရင္္ တစ္စတည္း (အတန္းအစားတစ္ခုတည္း)၊ တစ္ညီတည္းျပန္ထြက္တယ္။ ဆန္ေတြကို စက္ေပၚျပန္တင္ၿပီး အရည္အေသြးျမင့္ေပးရတယ္။ ဒါေပမဲ့ အရင္ႏွစ္ေတြေလာက္ အၾကမ္းထည္အတိုင္းသြားတာေလာက္ မျမန္ဆန္ဘူး။ အေရအတြက္အမ်ားႀကီးမရဘူး။ ဘာျဖစ္လို႔လဲဆိုရင္ စက္ေတြရဲ႕ ထုတ္လုပ္မႈစြမ္းအားက ရွိေသးတယ္။ စက္ေတြကတန္ ၅၀၀ ဆို ၅၀၀၊ တန္ ၁၀၀၀ ဆိုရင္ ၁၀၀၀ ပဲထုတ္ႏိုင္တာ။ အရင္ကထက္လည္း ႏိုင္ငံတကာကိုဆန္ေရာင္းခ်ရတဲ့ေစ်းကနည္းသြားတယ္။ ေနာက္ၿပီးဆန္ေတြကိုတင္ပို႔ဖို႔ ျပင္ဆင္ရတဲ့ စရိတ္ေတြကလည္း ကုန္လာတယ္။ ဒီလိုေရာင္းရတဲ့ေစ်းကနည္းလာၿပီးထုတ္လုပ္မႈစရိတ္က ျမင့္လာေတာ့ ဒီကဝယ္ယူတဲ့ေစ်းကက်လာတာ။ သူတို႔စရိတ္တက္ေလဆန္ေစ်းမွာ ႏွိမ္ဝယ္ၾကတယ္။ ဒီႏွစ္မွာ နယ္စပ္ကုန္သြယ္မႈက လံုးဝသြားလုိ႔မရဘူး။ မူဆယ္မွာဆိုဆန္အိတ္ေတြပံုေနတာ ၈၀,၀၀၀၊ ၁၀၀,၀၀၀ ေလာက္ ရွိတယ္။ ေစ်းကြက္အေနအထားအရ ၿပီးခဲ့တဲ့ႏွစ္ေတြမွာယွဥ္ၿပိဳင္မႈရိွတယ္။ နယ္စပ္ကေရာ၊ ပင္လယ္ကေရာ လမ္းေၾကာင္းႏွစ္ခုသြားေတာ့ ဘာပဲေျပာေျပာဝယ္တဲ့ဘက္က ႏွစ္ခုရွိရင္ အားၿပိဳင္ၿပီးေတာ့ ေစ်းအျမင့္ဆံုး ေပးဝယ္ၾကတယ္။  တစ္ႏိုင္ငံလံုးကဆန္ကဘုရင့္ေနာင္ ကုန္စည္ဒိုင္ကိုလာေတာ့ ဒီမွာေရာင္းရတဲ့ေစ်းနိမ့္ေလ၊ ေတာင္သူကစပါးေစ်းနည္းနည္းပဲရမယ္။ ဒီမွာလာပို႔တဲ့ စက္ပိုင္တို႔၊ ကုန္သည္တုိ႔ကေတာင္သူဆီက စပါးကိုအနိမ့္ေစ်းနဲ႔ရမွ အေရာင္းအဝယ္ လုပ္ႏုိင္မယ္။ လက္ရွိစပါးေစ်းက်ပ္ ၅ သိန္းေအာက္ကိုေရာက္ေနတာက အရင္တုန္းကအာဖရိကတို႔၊ ဘာတို႔သြားတာဆန္ ဆိုၿပီးေရာသြားတာ။ ဆန္သား၆၀ တို႔၊ ၆၅ တို႔ (မက်ိဳးမေၾကဆန္ ၆၀၊ ၆၅ရာခိုင္ ႏႈန္းပါ၀င္ေသာဆန္) နဲ႔ ပို႔လုိ႔ရတယ္။ သူတို႔လည္းလက္ခံတယ္။ အခုက ၂၅ ရာခိုင္ႏႈန္းဆန္ကိုဆန္သား ၇၀ (မက်ိဳးမေၾကဆန္ ၇၀ ရာခိုင္ႏႈန္း ပါ၀င္ေသာဆန္) ျပည့္မွ ၂၅ ရာခိုင္ႏႈန္းေခၚတယ္။ ဆန္သား ၇၀ ရာခိုင္ႏႈန္းေတာင္းတာကစက္ေပၚတင္ၿပီး ျပန္ထြက္လာရင္ ဆန္သားက ၅၅၊ ၆၀ ရာခိုင္ႏႈန္း ျဖစ္သြားေရာ။ ဆန္ကိုစက္ေပၚတင္ၿပီးအေရာင္တင္ရင္ထပ္က်ိဳးသြားေသးတယ္။ ဆန္ကြဲသား မ်ားရင္ ေစ်းမရဘူး။ ဆန္သားမ်ားမွ ေစ်းရတာ။ သူတုိ႔ကအရည္အေသြးျမွင့္ေတာင္းတာက စက္ေပၚျပန္တင္ၿပီး ႀကိတ္ရတဲ့အခက္အခဲရွိတယ္။ ဆန္သားအရည္အေသြးပိုျမင့္လာေတာ့ စပါးကိုႀကိတ္တဲ့အခါမွာ ဆန္အိတ္ထြက္တာနည္းသြားတယ္။ အရင္တုန္းကအက်ိဳးအေၾကပါရင္ ဆန္အိတ္ ၂၅ အိတ္၊ ၂၇ အိတ္ထြက္ရင္ အခုဆိုရင္ ဆန္အိတ္ ၂၃ အိတ္ပဲရေတာ့တယ္။ ၂၅ ရာခိုင္ႏႈန္းဆန္ကိုဆန္သား ၇၀ ျပည့္ကာမွ တစ္အိတ္ကို က်ပ္ ၁၇၅၀၀ ပဲရတယ္။ ဒါေၾကာင့္ ေရာင္းရတဲ့ စပါးေစ်းကလည္းနိမ့္က်သြားတာ။
ေမး။    ။ အရင္ကမူဆယ္ကိုပို႔တာေရာအၾကမ္းထည္အတိုင္းပဲသြားလို႔ရလား။
ေျဖ။    ။ ရတနာတုိးတို႔၊ ပခန္းတို႔လိုအသြယ္အရွည္ေတြကိုတရုတ္ကအရင္ႏွစ္ေတြကဝယ္တယ္။ အသြယ္အရွည္ေတြကို ဝိတ္ႀကီးနဲ႔ အိတ္ခြန္အထူနဲ႔ ျပန္ထည့္ရတယ္။ ဝိတ္ႀကီးဆိုတာကီလို ၅၀။ ႏိုင္ငံတကာ စံခ်ိန္စံညႊန္းနဲ႔ ညီေအာင္ထည့္တယ္။ အဲဒါေတြကိုစက္ကေနတုိက္ရိုက္သြားၾကတာ။ မူဆယ္ကိုသြားတုန္းက အလွဆံုးႀကိတ္တယ္။ ဆန္သား ၉၀ အထိႀကိတ္တယ္။ အိတ္ခြံထူနဲ႔ထည့္ၿပီးတြဲကားနဲ႔ တုိက္ရိုက္တင္ၿပီး သြားတယ္။ အဲဒီတုန္းကစက္ေတြကိုလာၿပီးေငြပံုေပးၿပီးေတာ့ တြဲတစ္စီး၊ ႏွစ္စီး၊ သံုးစီး၊ ငါးစီးယူမယ္ဆို စရံေပးတယ္။ ေငြေခ်ေပးတယ္။ အဲဒီလိုမ်ိဳးဝယ္ၾကတယ္။
ေမး။    ။ ေနာက္ဆံုးဆန္ေစ်းကြက္ထိခိုက္လာရင္ နစ္နာဆံုးရံႈးသူေတြက ဘယ္သူေတြျဖစ္လာမလဲ။
ေျဖ။    ။ အခုအဲဒီဆန္ေတြ တရုတ္ကမဝယ္ေတာ့ ဘုရင့္ေနာင္ကုန္စည္ဒိုင္ကိုလာေရာင္းရတယ္။ စက္ေတြက ဘုရင့္ေနာင္ကုန္စည္ဒိုင္ကိုလာေရာင္းလို႔ရတဲ့ ေစ်းကြက္ကိုၾကည့္ၿပီးေတာ့ ႀကိတ္ရတယ္။ ဘုရင့္ေနာင္ ကုန္စည္ဒိုင္မွာအဲဒီဆန္ေတြကိုေစ်းမေပးဘူး။ ပို႔ကုန္သမားေတြကလည္း အဲဒီီဆန္ကို စက္ေပၚျပန္တင္ရေသးတယ္ေလ။ ဒီေတာ့ လက္ရွိေပါက္ေစ်းက ဘယ္ေလာက္ပဲလွလွ၊ ပို႔ကုန္သမားကက်ပ္ ၁၈၅၀၀၊ ၁၉၀၀၀ ထက္ပိုမေပးဘူး။ ဒီေတာ့ ေရာင္းတဲ့သူေတြကလည္းသိပ္အရမ္းႀကီးလည္း မလွဘူး။ အရိုးေကာင္းေကာင္းေလးနဲ႔ လာေရာင္းတယ္။ ေနာက္ ဒီမွာလာေရာင္းရင္ အနည္းဆံုးေငြကတစ္ပတ္၊ ဆယ္ရက္ၾကာတယ္။ ကားခ်ဖို႔ကအနည္းဆံုး ႏွစ္ရက္ေလာက္ၾကာတယ္။ ကားခ်ၿပီးရင္ ေဘာင္ခ်ာခ်တာနဲ႔ ေငြသိမ္းတာအနည္းဆံုးတစ္ပတ္ၾကာတယ္။ နယ္ကို ျပန္ေရာက္ဖို႔ တစ္ပတ္၊ ဆယ္ရက္ၾကာတဲ့အေပၚမွာ စက္ပိုင္က ေငြမလွည့္ႏိုင္ေတာ့ ေအာက္ေျခမွာတင္ ေပါက္ေစ်းနဲ႔ေရာင္းရတယ္။ ေပါက္ေစ်းနဲ႔ေရာင္းရေတာ့ ဘုရင့္ေနာင္ကုန္စည္ဒိုင္ေပါက္ေစ်းထက္ ေလ်ာ့နည္းတဲ့ေစ်းနဲ႔ပဲေရာင္းရတယ္။ အရမ္းကို ေငြေၾကးတတ္ႏိုင္တဲ့လူမွ ဘုရင့္ေနာင္ေပါက္ေစ်းနဲ႔ေရာင္းၿပီး ေငြကိုတစ္ပတ္၊ ဆယ္ရက္ ေစာင့္ၿပီးေတာ့ လည္ပတ္ႏိုင္တယ္။ အဲဒီေတာ့နယ္မွာလည္းဒီႏွစ္ကဆန္စက္လုပ္ငန္းရွင္ေတြ မကိုက္ၾကဘူး။ ဆန္စက္သမားေတြလည္း အက်ိဳးအျမတ္မရွိဘူး။
အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version


လက်ရှိတွင် မြန်မာနိုင်ငံရှိ စပါးအဓိကထွက်ရှိရာဒေသကြီးများတွင် နွေစပါးများလှိုင်လှှိုင်ပေါ်နေကြပြီဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးဆန်ဖောက်သည်ဖြစ်သော တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် ဆန်အလုံးအရင်းဖြင့် တင်ပို့ခွင့်မရသည်မှာ အတော်ကြာပြီဖြစ်သည်။
ထို့ကြောင့် ယခုနှစ်နွေစပါးပေါ်ချိန်တွင်မူ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ တစ်နိုင်ငံလုံးရှိ နေရာအနှံ့မှ ဆန်များ ပိုမိုဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ပြောင်းလဲနေသည့် မြန်မာ့ဆန်ဈေးကွက်အခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းမှ အထွေထွေအတွင်းရေးမှူးဦးသန်းဦးနှင့် အကုန်သိသတင်းဌာနမှ ယခုကဲ့သို့တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။    ။ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ လက်ရှိဆန်အရောင်းအဝယ်အခြေအနေကို ပြောပြပါဦး။
ဖြေ။    ။ ကုန်စည်ဒိုင်ကိုဝင်သမျှ ဆန်အကုန်နေ့တိုင်းရောင်းရတယ်။ မရောင်းရတဲ့ဆန်မရှိဘူး။ အမျိုးမျိုး လာခဲ့။ လာသမျှဆန် ရောင်းလို့ရတယ်။ အခုလက်ရှိမှာ မြန်မာတစ်ပြည်လုံးကလာတဲ့ဆန်တွေက ရန်ကုန်ကို စုပုံရောက်လာတယ်။ တစ်နေ့ကို အိတ်ပေါင်း ၅၀,၀၀၀ နဲ့ ၁၀၀,၀၀၀ အကြားဝင်ပုံမှန်ဝင်တယ်။ အခုရက်က (မေလတတိယအပတ်)ဆန်အဝင် ပိုများတယ်။ နွေဆန်က ထွက်ပေါက်မရှိတော့ ဘုရင့်နောင်ပဲ လာနေတယ်။ နောက်ပြီး နှစ်တိုင်းက တရုတ်ကို အများဆုံးပို့နေရတာ။ ဒီနှစ်မှ မပို့ရဘူးဆိုတော့ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆန်အများဆုံးဝင်တဲ့နှစ်လို့ ပြောလို့ရတယ်။ ဆယ်နှစ်ကျော်အတွင်းမှာ အများဆုံးပဲလေ။ တရုတ်မသွားရင် ဘုရင့်နောင်က ဆရာဖြစ်သွားရော။ ဘုရင့်နောင်ကိုမလာဘဲ ဘယ်မှသွားလို့မရဘူး။ ရာခိုင်နှုန်းအကုန်လုံး လာတယ်။ တရုတ်ကိုမသွားရင် ဘုရင့်နောင်ဆန်ဒိုင်က အကျိုးဆောင်တွေပျော်တယ်။ ပွဲခအများကြီးရဦးမယ်။
မေး။    ။ ဘုရင့်နောင်ကုန်စည်ဒိုင်ကို လက်ရှိအချိန်မှာ ဘယ်ဒေသတွေက ဆန်တွေ အဝင်ရှိနေလဲ။
ဖြေ။    ။ အခုလက်ရှိက မြန်မာနိုင်ငံမှာ နွေစပါးပေါ်တဲ့ရာသီလေ။ ဧရာဝတီတိုင်းရော၊ ပဲခူးတိုင်း အရှေ့၊ အနောက်ရော၊ ဒေသစုံ အောက်မြန်မာပြည်မှာ စပါးတွေ လှိုင်လှိုင်ပေါ်နေကြပြီ။ နောက် မကြာခင်မှာ ရွှေဘိုတို့၊ ဘာတို့အပေါ်ဘက်မှာလည်း ထပ်ပေါ်ဖို့ရှိတယ်။ ဒေသကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူးတိုင်းအရှေ့၊ အနောက်မှာ စုံပေါ်တဲ့အခြေအနေမှာ ကုန်စည်ဒိုင်ကို ဆန်ဝင်တဲ့အားက ပိုများတယ်။ အလှိုင်ဆုံးပဲ။ ရာသီဥတုကလည်း ခြောက်သွေ့တယ်။ မိုးမရွာသေးတဲ့အခါကျတော့ နွေစပါးက ရာသီဥတုကပေးတဲ့ လက်ဆောင်တစ်ခုအဖြစ် ရထားတယ်။
မေး။    ။  ပြီးခဲ့တဲ့ ၂၀၁၈ နွေစပါးတုန်းကရော ဘုရင့်နောင်ကုန်စည်ဒိုင်ကို တစ်ရက် ဆန် ဘယ်လောက်ဝင်ခဲ့ပါသလဲ။
ဖြေ။    ။ မနှစ်က တရုတ်ကိုသွားနေတုန်းကတော့ တစ်နိုင်ငံလုံးမှာ အိတ်ရေတစ်ရက်ငါးသောင်း ထွက်တယ်ဆိုရင် သုံးသောင်းလောက်ပဲ ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလာတယ်။ ၆၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်တာစက်ပိုင်တွေကနေ တိုက်ရိုက်ရောင်းကြတယ်။ တရုတ်ကမဝယ်တဲ့ဆန်တွေဆိုရင်တော့ ဘုရင့်နောင်ကို လာကိုလာရတယ်။ ဧည့်မထထဲက ပခန်း ၊ ရတနာတိုး၊ ရာကျော်လို့ခေါ်တဲ့ ဆန်လုံးအရှည် တွေဆို တရုတ်ကိုသွားတယ်။ တရုတ်က မဝယ်တဲ့ ရွှေဝါထွန်း၊ ပေါ်ဆန်းတို့ အဲဒီကြားဆန်တွေက ဘုရင့်နောင်ကို လာတယ်။ မနှစ်က တစ်နေ့ကို ဆန်အိတ်ရေ သုံးသောင်းလောက်ပဲ ဝင်တယ်။
မေး။    ။ လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဝင်တဲ့ဆန်တွေကိုရော ဘယ်သူတွေက ဝယ်ကြသလဲ။
ဖြေ။    ။ လက်ရှိအနေအထားကတော့ Normal Trade (ပင်လယ်ရေကြောင်း)က ပို့တဲ့လူတွေတော့ အကျိုးအမြတ်ရှိနေပုံရတယ်။ သူတို့တွေတော့ အင်တိုက်အားတိုက်ဝယ်တယ်။ တစ်နိုင်ငံလုံးကလာတဲ့ဆန်က ၁၄ ယောက်၊ ၁၅ ယောက်ထက်မပိုတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက အရောင်းအဝယ်လုပ်နေရတာ။ တစ်နိုင်ငံလုံးကလာတဲ့ဆန်က တန်ချိန်သန်းနဲ့ချီလာတာ။ ဒီလူတွေက ခံဝယ်ပေးနေတော့ မရောင်းရတဲ့ဆန်၊ မရောင်းရတဲ့နေ့တော့ မရှိဘူး။ အကုန်လုံးက အရောင်းပြတ်တယ်။ သူတို့က အရင်တုန်းက လုပ်နိုင်တာထက် ၅ ဆ ပိုလုပ်တယ်။ အရင်က (ယခင်နှစ်) ဆန်တန်ချိန် တစ်သောင်းတင်တဲ့လူက အခုလက်ရှိ တန်ချိန် နှစ်သောင်း ရောင်းမယ်။ သုံးသောင်းရောင်းမယ်ဖြစ်နေကြတယ်။ သူတို့က ဘုရင့်နောင်ကို ဝင်သမျှဆန်အကုန် ဝယ်နိုင်တယ်။ ဒါပေမဲ့ သူတို့မှာငွေမလုံလောက်ဘူး။ မလုံလောက်တော့ ဒီဘက်မှာ ကြွေးကျတယ်။ သဘောၤ လာခါနီးမှ ဖုတ်လိုက်၊ ဖုတ်လိုက်နဲ့ဝယ်ကြတယ်။ ဒီဘက်မှာ အကြွေးတွေနဲ့ဝယ်ပြီး သဘောၤချတယ်။ သဘောၤတင်ပြီး ငွေပြန်ထွက်လာတော့မှ ငွေချေကြတယ်။ အခုက ငွေလက်ငင်းကနည်းပြီး အကြွေးထားတဲ့စနစ်က များနေတယ်။ အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်ကနေ နှစ်ပတ်လောက်အထိ အကြွေးထားတဲ့စနစ်မျိုးနဲ့ ဝယ်နေကြတယ်။ လက်ရှိမှာ သူတို့မှ မဝယ်ရင်၊ သူတို့ကိုမှ မရောင်းရင် ရောင်းစရာ ဈေးကွက်လည်း မရှိဘူး။ သူတို့က ကိုက်ညီတဲ့ဈေးနှုန်းတစ်ခုနဲ့ ငွေကြေးအတက်အကျရယ်၊ နိုင်ငံခြားကို ရောင်းလို့ရတဲ့ဈေးရယ်တွက်ပြီး ဈေးနှိမ်ပြီးဝယ်တယ်။ ဒါကိုပြိုင်ပြီး သူ့ဈေးကအရမ်းနည်းနေတယ်။ ငါ့တော့ သူထက် ပိုပေးမယ်၊ ဝယ်မယ်ဆိုတဲ့သူမျိုးက ဒီမှာမရှိဘူး။ အခုလက်ရှိအခြေအနေမှာ သူတို့ကိုပဲ တည့်အောင် ရောင်းနေရတယ်။ သူတို့ကလည်းဈေးညှိပြီးဝယ်တယ်။ ဈေးကွက်ယှဉ်ပြိုင်မှုအားနည်းတဲ့အတွက် ဈေးကရောင်းတဲ့ဘက်ကမရဘူး။ ဝယ်သူ့စိတ်ကြိတ်၊ ဝယ်သူ့ဈေးကွက်ဖြစ်နေတယ်။
မေး။    ။ လက်ရှိမှာ ပုံမှန်လမ်းကြောင်းကနေပဲဆန်တင်ပို့နေရတဲ့အခါ အကျိူးသက်ရောက်မှုက ဘာတွေရှိလာလဲ။  
ဖြေ။    ။ အခုလောလောဆယ် ပုံမှန်လမ်းကြောင်းကပဲပို့လို့ရတော့ ပို့ကုန်လုပ်ငန်းရှင်တွေက ဟိုကိုရောင်းတဲ့ဈေးက ဘယ်ဈေးဖြစ်ဖြစ်၊ ဒီမှာကိုက်အောင်ဝယ်လို့ရတယ်။ အရင်တုန်းက (ဆန်တစ်တန်ကို ဒေါ်လာ) ၃၀၀ ကျော်ရောင်းခဲ့တာက အခု ၂၆၀ ရောင်းရလည်းကိစ္စမရှိဘူးလေ။ ဒီမှာ သူတို့နဲ့ ပြိုင်ဝယ်မယ့် လူမရှိဘူး။ အရင်တုန်းက ဒေါ်လာ ၂၆၀ နဲ့ရောင်းပြီး ဒီမှာ ဒေါ်လာ ၃၀၀ ကျော်နဲ့ ပြန်ဝယ်ရရင် သူတို့ ရှုံးရော၊ မွဲရောလေ။အခုက တရုတ်ကိုလုံးဝမသွားဘူး။ သေချာတယ်။ ဒီတစ်ပေါက်တည်း ရှိတာလေ။ အဲဒီတော့ ဈေးညှိလိုက်ကြတယ်။ သူလည်းရောင်းထားတယ်။ ငါလည်းရောင်းထားတယ်။ ခွဲတမ်းနဲ့။ ဒီသဘောၤပေါ်မှာ တင်မယ်။ ဒီရက်တင်မယ်။ ဈေးကွက်မှာ ဒီထက်ပိုမဝယ်နဲ့ ညှိဝယ်တာလေ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက သုညဖြစ်နေတဲ့အခါမှာ ပုံမှန်လမ်းကြောင်းကိုအားထည့်ပြီးလုပ်တယ်။ ဒီနှစ်မှာ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းက အားကောင်းလာတယ်။ အင်အားအများကြီးတိုးချဲ့ပြီးလုပ်တယ်။ အကျိုးအမြတ်လည်းရှိတယ်။
မေး။    ။ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က လက်ရှိ ဆန်ဈေးနှုန်းအခြေအနေလေး ပြောပြပေးပါဦး။
ဖြေ။    ။ အခုလက်ရှိပေါက်ဈေးက ၂၅ ရာခိုင်နှုန်းဆန်တစ်အိတ်ကိုကျပ် ၁၇၀၀၀ ပတ်ချာလည်ပဲရှိတယ်။ သြင်္ကန်မတိုင်ခင်က ဆန်တစ်အိတ်ကိုကျပ် ၁၉၀၀၀ တစ်ပတ်လည်လောက်ရောင်းခဲ့ရတယ်။ သြင်္ကန်မတိုင်ခင်နဲ့ သြင်္ကန်ပြီးနွေဆန်တစ်အိတ်ကိုကျပ် ၂၀၀၀ လောက်ကွာသွားတယ်။ ဈေးကျသွားတာ။ နောက်ပြီး ပို့ကုန်မှာလည်း သြင်္ကန်မတိုင်ခင်က ဖိလစ်ပိုင်တို့၊ ဘာတို့ကိုဆန်ရောင်းခဲ့ရတာတစ်တန်ကိုဒေါ်လာ ၃၃၀ တို့၊ ဘာတို့ရတယ်။ အခုဆန်ဈေးကတစ်တန်ကိုဒေါ်လာ ၃၀၀ အောက်ကိုရောက်နေပြီ။ ငွေဈေးနှုန်းကတော့ သိပ်မပြောင်းဘူး။ နိုင်ငံခြားကိုရောင်းလို့ရတဲ့ဈေးကကျသွားတယ်။ နောက်ဆန်သားကလည်းပိုပေးရတယ်။ ဆန်ကွဲဈေးလည်းကျသွားတာပဲ။ ဆန်ကွဲဈေးကသြင်္ကန်မတိုင်ခင်ကတစ်တင်းခွဲတစ်အိတ်ကိုကျပ် ၁၈၀၀၀ တစ်ပတ်လည်ရှိတယ်။ အခုဆန်ကွဲဈေးကတစ်တင်းခွဲတစ်အိတ်ကိုကျပ် ၁၅၀၀၀ တစ်ပတ်လည်ပဲရှိတော့တယ်။ ဆန်ကွဲ234အမျိုးအစားဆိုတစ်အိတ်ကိုကျပ် ၁၄၂၀၀၊ ၁၄၃၀၀ လောက်ပဲရှိတော့တယ်။ မနှစ်က ဒီအချိန်နဲ့ဆိုရင် ဆန်ရော၊ ဆန်ကွဲရောတစ်အိတ်ကိုကျပ် ၃၀၀၀ လောက်ကွာသွားတယ်။
မေး။    ။ မြန်မာ့ဆန်တွေ ပြည်ပဈေးကွက်မှာ ဈေးကျသွားရတဲ့အပေါ် သုံးသပ်ပေးပါဦး။
ဖြေ။    ။ မြန်မာနိုင်ငံကရောင်းတဲ့ဆန်တွေက ပြည်ပမှာဈေးမရဘူးပြောတယ်။ ဈေးအနိမ့်တွေ ဖြစ်နေတယ်။ အခုရောင်းတဲ့လူက ကြိုးစားပြီးရောင်းလာကြတော့ တန်းမြင့်ဆန်အနေနဲ့ ပို့တယ်။ အရင်နှစ်ကဆို ဘုရင့်နောင်ကုန်စည်ဒိုင်ကိုဝင်လာတဲ့ဆန်တွေကိုပုံပြီး ပြည်ပတင်ပို့ရင် တိုက်ရိုက်သွားတာ။ ဒီနှစ်က အရင်လိုဆန်ဖြစ်ပြီးရောဆိုတာမျိုး အာဖရိကနိုင်ငံတွေကိုရောင်းလို့မရဘူး။ အခုက ဖိလစ်ပိုင်တို့၊ ဘာတို့ကို တင်ပို့တဲ့အခါ ကုန်စည်ဒိုင်ကိုဝင်လာတဲ့အကြမ်းထည်တွေကို ဘယ်လောက်ပဲကောင်းကောင်း၊ ဖွတ်ပြီး၊ အခြောက်ခံတာတို့၊ အရောင်တင်တာတို့ အလှပြန်ကြိတ်ပေးရတယ်။ အရည်အသွေးမြှင့်ထားတဲ့ တန်းမြင့်ဆန်တွေကိုပဲ ရောင်းရတယ်။ သဘောၤကိုတင်ရတယ်။ အဲဒီလိုလုပ်ထားတာတွေကြောင့် လက်ရှိကဆန်အရည်အသွေးမြင့်သွားတယ်။ ပြည်ပမှာဈေးကွက်ဝင်တဲ့ ဆန်တွေဖြစ်လာတယ်။ ဆန်တွေက နယ်စုံကလာတော့ အနိမ့်အမြင့်ရှိတယ်။ တစ်ချို့ကညိုတယ်။ တစ်ချို့ကဖြူတယ်။ မညီမျှဘူး။ တိုက်ရိုက်ဝင်နိုင်တဲ့ဆန်တွေလည်းရှိတယ်။ အဲဒါကိုစက်ပေါ်ပြန်တင်လိုက်ရင် တစ်စတည်း (အတန်းအစားတစ်ခုတည်း)၊ တစ်ညီတည်းပြန်ထွက်တယ်။ ဆန်တွေကို စက်ပေါ်ပြန်တင်ပြီး အရည်အသွေးမြင့်ပေးရတယ်။ ဒါပေမဲ့ အရင်နှစ်တွေလောက် အကြမ်းထည်အတိုင်းသွားတာလောက် မမြန်ဆန်ဘူး။ အရေအတွက်အများကြီးမရဘူး။ ဘာဖြစ်လို့လဲဆိုရင် စက်တွေရဲ့ ထုတ်လုပ်မှုစွမ်းအားက ရှိသေးတယ်။ စက်တွေကတန် ၅၀၀ ဆို ၅၀၀၊ တန် ၁၀၀၀ ဆိုရင် ၁၀၀၀ ပဲထုတ်နိုင်တာ။ အရင်ကထက်လည်း နိုင်ငံတကာကိုဆန်ရောင်းချရတဲ့ဈေးကနည်းသွားတယ်။ နောက်ပြီးဆန်တွေကိုတင်ပို့ဖို့ ပြင်ဆင်ရတဲ့ စရိတ်တွေကလည်း ကုန်လာတယ်။ ဒီလိုရောင်းရတဲ့ဈေးကနည်းလာပြီးထုတ်လုပ်မှုစရိတ်က မြင့်လာတော့ ဒီကဝယ်ယူတဲ့ဈေးကကျလာတာ။ သူတို့စရိတ်တက်လေဆန်ဈေးမှာ နှိမ်ဝယ်ကြတယ်။ ဒီနှစ်မှာ နယ်စပ်ကုန်သွယ်မှုက လုံးဝသွားလို့မရဘူး။ မူဆယ်မှာဆိုဆန်အိတ်တွေပုံနေတာ ၈၀,၀၀၀၊ ၁၀၀,၀၀၀ လောက် ရှိတယ်။ ဈေးကွက်အနေအထားအရ ပြီးခဲ့တဲ့နှစ်တွေမှာယှဉ်ပြိုင်မှုရှိတယ်။ နယ်စပ်ကရော၊ ပင်လယ်ကရော လမ်းကြောင်းနှစ်ခုသွားတော့ ဘာပဲပြောပြောဝယ်တဲ့ဘက်က နှစ်ခုရှိရင် အားပြိုင်ပြီးတော့ ဈေးအမြင့်ဆုံး ပေးဝယ်ကြတယ်။  တစ်နိုင်ငံလုံးကဆန်ကဘုရင့်နောင် ကုန်စည်ဒိုင်ကိုလာတော့ ဒီမှာရောင်းရတဲ့ဈေးနိမ့်လေ၊ တောင်သူကစပါးဈေးနည်းနည်းပဲရမယ်။ ဒီမှာလာပို့တဲ့ စက်ပိုင်တို့၊ ကုန်သည်တို့ကတောင်သူဆီက စပါးကိုအနိမ့်ဈေးနဲ့ရမှ အရောင်းအဝယ် လုပ်နိုင်မယ်။ လက်ရှိစပါးဈေးကျပ် ၅ သိန်းအောက်ကိုရောက်နေတာက အရင်တုန်းကအာဖရိကတို့၊ ဘာတို့သွားတာဆန် ဆိုပြီးရောသွားတာ။ ဆန်သား၆၀ တို့၊ ၆၅ တို့ (မကျိုးမကြေဆန် ၆၀၊ ၆၅ရာခိုင် နှုန်းပါဝင်သောဆန်) နဲ့ ပို့လို့ရတယ်။ သူတို့လည်းလက်ခံတယ်။ အခုက ၂၅ ရာခိုင်နှုန်းဆန်ကိုဆန်သား ၇၀ (မကျိုးမကြေဆန် ၇၀ ရာခိုင်နှုန်း ပါဝင်သောဆန်) ပြည့်မှ ၂၅ ရာခိုင်နှုန်းခေါ်တယ်။ ဆန်သား ၇၀ ရာခိုင်နှုန်းတောင်းတာကစက်ပေါ်တင်ပြီး ပြန်ထွက်လာရင် ဆန်သားက ၅၅၊ ၆၀ ရာခိုင်နှုန်း ဖြစ်သွားရော။ ဆန်ကိုစက်ပေါ်တင်ပြီးအရောင်တင်ရင်ထပ်ကျိုးသွားသေးတယ်။ ဆန်ကွဲသား များရင် ဈေးမရဘူး။ ဆန်သားများမှ ဈေးရတာ။ သူတို့ကအရည်အသွေးမြှင့်တောင်းတာက စက်ပေါ်ပြန်တင်ပြီး ကြိတ်ရတဲ့အခက်အခဲရှိတယ်။ ဆန်သားအရည်အသွေးပိုမြင့်လာတော့ စပါးကိုကြိတ်တဲ့အခါမှာ ဆန်အိတ်ထွက်တာနည်းသွားတယ်။ အရင်တုန်းကအကျိုးအကြေပါရင် ဆန်အိတ် ၂၅ အိတ်၊ ၂၇ အိတ်ထွက်ရင် အခုဆိုရင် ဆန်အိတ် ၂၃ အိတ်ပဲရတော့တယ်။ ၂၅ ရာခိုင်နှုန်းဆန်ကိုဆန်သား ၇၀ ပြည့်ကာမှ တစ်အိတ်ကို ကျပ် ၁၇၅၀၀ ပဲရတယ်။ ဒါကြောင့် ရောင်းရတဲ့ စပါးဈေးကလည်းနိမ့်ကျသွားတာ။
မေး။    ။ အရင်ကမူဆယ်ကိုပို့တာရောအကြမ်းထည်အတိုင်းပဲသွားလို့ရလား။
ဖြေ။    ။ ရတနာတိုးတို့၊ ပခန်းတို့လိုအသွယ်အရှည်တွေကိုတရုတ်ကအရင်နှစ်တွေကဝယ်တယ်။ အသွယ်အရှည်တွေကို ဝိတ်ကြီးနဲ့ အိတ်ခွန်အထူနဲ့ ပြန်ထည့်ရတယ်။ ဝိတ်ကြီးဆိုတာကီလို ၅၀။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီအောင်ထည့်တယ်။ အဲဒါတွေကိုစက်ကနေတိုက်ရိုက်သွားကြတာ။ မူဆယ်ကိုသွားတုန်းက အလှဆုံးကြိတ်တယ်။ ဆန်သား ၉၀ အထိကြိတ်တယ်။ အိတ်ခွံထူနဲ့ထည့်ပြီးတွဲကားနဲ့ တိုက်ရိုက်တင်ပြီး သွားတယ်။ အဲဒီတုန်းကစက်တွေကိုလာပြီးငွေပုံပေးပြီးတော့ တွဲတစ်စီး၊ နှစ်စီး၊ သုံးစီး၊ ငါးစီးယူမယ်ဆို စရံပေးတယ်။ ငွေချေပေးတယ်။ အဲဒီလိုမျိုးဝယ်ကြတယ်။
မေး။    ။ နောက်ဆုံးဆန်ဈေးကွက်ထိခိုက်လာရင် နစ်နာဆုံးရှုံးသူတွေက ဘယ်သူတွေဖြစ်လာမလဲ။
ဖြေ။    ။ အခုအဲဒီဆန်တွေ တရုတ်ကမဝယ်တော့ ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလာရောင်းရတယ်။ စက်တွေက ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလာရောင်းလို့ရတဲ့ ဈေးကွက်ကိုကြည့်ပြီးတော့ ကြိတ်ရတယ်။ ဘုရင့်နောင် ကုန်စည်ဒိုင်မှာအဲဒီဆန်တွေကိုဈေးမပေးဘူး။ ပို့ကုန်သမားတွေကလည်း အဲဒီဆန်ကို စက်ပေါ်ပြန်တင်ရသေးတယ်လေ။ ဒီတော့ လက်ရှိပေါက်ဈေးက ဘယ်လောက်ပဲလှလှ၊ ပို့ကုန်သမားကကျပ် ၁၈၅၀၀၊ ၁၉၀၀၀ ထက်ပိုမပေးဘူး။ ဒီတော့ ရောင်းတဲ့သူတွေကလည်းသိပ်အရမ်းကြီးလည်း မလှဘူး။ အရိုးကောင်းကောင်းလေးနဲ့ လာရောင်းတယ်။ နောက် ဒီမှာလာရောင်းရင် အနည်းဆုံးငွေကတစ်ပတ်၊ ဆယ်ရက်ကြာတယ်။ ကားချဖို့ကအနည်းဆုံး နှစ်ရက်လောက်ကြာတယ်။ ကားချပြီးရင် ဘောင်ချာချတာနဲ့ ငွေသိမ်းတာအနည်းဆုံးတစ်ပတ်ကြာတယ်။ နယ်ကို ပြန်ရောက်ဖို့ တစ်ပတ်၊ ဆယ်ရက်ကြာတဲ့အပေါ်မှာ စက်ပိုင်က ငွေမလှည့်နိုင်တော့ အောက်ခြေမှာတင် ပေါက်ဈေးနဲ့ရောင်းရတယ်။ ပေါက်ဈေးနဲ့ရောင်းရတော့ ဘုရင့်နောင်ကုန်စည်ဒိုင်ပေါက်ဈေးထက် လျော့နည်းတဲ့ဈေးနဲ့ပဲရောင်းရတယ်။ အရမ်းကို ငွေကြေးတတ်နိုင်တဲ့လူမှ ဘုရင့်နောင်ပေါက်ဈေးနဲ့ရောင်းပြီး ငွေကိုတစ်ပတ်၊ ဆယ်ရက် စောင့်ပြီးတော့ လည်ပတ်နိုင်တယ်။ အဲဒီတော့နယ်မှာလည်းဒီနှစ်ကဆန်စက်လုပ်ငန်းရှင်တွေ မကိုက်ကြဘူး။ ဆန်စက်သမားတွေလည်း အကျိုးအမြတ်မရှိဘူး။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။