Skip to main content
ယခုႏွစ္အတြင္း အထည္ခ်ဳပ္ပို႔ကုန္က႑မွ ကန္ေဒၚလာ ၇ ဘီလ်ံေက်ာ္ရရွိႏိုင္မည္ဟု ခန္႔မွန္း
Ads Block

ယခုႏွစ္အတြင္း အထည္ခ်ဳပ္ပို႔ကုန္က႑မွ ကန္ေဒၚလာ ၇ ဘီလ်ံေက်ာ္ရရွိႏိုင္မည္ဟု ခန္႔မွန္း


အတည္မျပဳရေသးေသာသတင္းမ်ားအရ အထည္ခ်ဳပ္က႑မွ ယခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၇ ဒႆမ ၄ ဘီလ်ံအထိရရွိႏိုင္မည္ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီးဦးေအာင္ထူးက ေျပာသည္။

အတည္မျပဳရေသးေသာသတင္းမ်ားအရ ယခုႏွစ္အတြင္း အထည္ခ်ဳပ္ပို႔ကုန္က႑မွ ကန္ေဒၚလာ ၇ ဘီလ်ံေက်ာ္ရရွိႏိုင္မည္ဟု ဆို


ေနျပည္ေတာ္တြင္ ေမလ ၂၉ ရက္ကက်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ ေျပာခဲ့ျခင္း ျဖစ္သည္။
“ ပုိ႔ကုန္က႑မွာ CAT လုိ႔ေခၚတဲ့ အထည္ခ်ဳပ္က႑မွာ ၂၀၁၅-၂၀၁၆ ခုနွစ္က အေမရိကန္ ေဒၚလာ သန္း ၈၀၀ ေက်ာ္ကေန ၂၀၁၈-၂၀၁၉ ေမလ ၁၀ ရက္ေန႔အထိ အေမရိကန္ေဒၚလာ ၂ ဒႆမ ၅၆ ဘီလ်ံထိ သုံးဆနီးပါး ျမင့္တက္ခဲ့ပါတယ္။ အတည္မျပဳရေသးတဲ့သတင္းေတြအရ ယခုႏွစ္အတြင္းမွာအထည္ခ်ဳပ္က႑ပုိ႔ကုန္ဟာ ဆုိလုိ႔ရွိရင္ အေမရိကန္ေဒၚလာ ၇ ဒႆမ ၄ ဘီလ်ံအထိေရာက္ရွိမယ္လုိ႔သိရွိရပါတယ္’’ ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီးဦးေအာင္ထူးက ေျပာသည္။
ျမန္မာႏုိင္ငံတြင္ ၂၀၁၃ ခုနွစ္၌ အထည္ခ်ဳပ္စက္ရုံ ၂၀၀ နီးပါးရွိၿပီး လက္ရွိတြင္ ၅၀၀ နီးပါးရွိကာ အမ်ားစုမွာ တရုတ္ႏုိင္ငံသားပုိင္(သုိ႔မဟုတ္)တရုတ္ႏုိင္ငံမွ လာေရာက္လုပ္ကုိင္ၾကသည့္ စက္ရုံအမ်ားစုျဖစ္ေၾကာင္း သိရသည္။
အထည္ခ်ဳပ္လုပ္ငန္းတြင္ အလုပ္သမားငါးသိန္းေက်ာ္လုပ္ကုိင္ေနၾကၿပီး အထည္ခ်ဳပ္စက္ရုံအမ်ားစုမွာ လႈိင္သာယာစက္မႈဇုန္၊ ေရႊျပည္သာစက္မႈဇုန္ႏွင့္ ေတာင္ဒဂုံစက္မႈဇုန္တုိ႔တြင္တည္ရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version


အတည်မပြုရသေးသောသတင်းများအရ အထည်ချုပ်ကဏ္ဍမှ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒဿမ ၄ ဘီလျံအထိရရှိနိုင်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောသည်။
နေပြည်တော်တွင် မေလ ၂၉ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
“ ပို့ကုန်ကဏ္ဍမှာ CAT လို့ခေါ်တဲ့ အထည်ချုပ်ကဏ္ဍမှာ ၂၀၁၅-၂၀၁၆ ခုနှစ်က အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ကနေ ၂၀၁၈-၂၀၁၉ မေလ ၁၀ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅၆ ဘီလျံထိ သုံးဆနီးပါး မြင့်တက်ခဲ့ပါတယ်။ အတည်မပြုရသေးတဲ့သတင်းတွေအရ ယခုနှစ်အတွင်းမှာအထည်ချုပ်ကဏ္ဍပို့ကုန်ဟာ ဆိုလို့ရှိရင် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၄ ဘီလျံအထိရောက်ရှိမယ်လို့သိရှိရပါတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ အထည်ချုပ်စက်ရုံ ၂၀၀ နီးပါးရှိပြီး လက်ရှိတွင် ၅၀၀ နီးပါးရှိကာ အများစုမှာ တရုတ်နိုင်ငံသားပိုင်(သို့မဟုတ်)တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်ကြသည့် စက်ရုံအများစုဖြစ်ကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းတွင် အလုပ်သမားငါးသိန်းကျော်လုပ်ကိုင်နေကြပြီး အထည်ချုပ်စက်ရုံအများစုမှာ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်နှင့် တောင်ဒဂုံစက်မှုဇုန်တို့တွင်တည်ရှိကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။