Skip to main content
တရုတ္ႏိုင္ငံသို႔ ဆန္တရားဝင္တင္ပို႔ႏုိင္ေရး ပုဂၢလိကဘက္မွဦးေဆာင္လုပ္ကိုင္သြားမည္ဟု ဆို
Ads Block

တရုတ္ႏိုင္ငံသို႔ ဆန္တရားဝင္တင္ပို႔ႏုိင္ေရး ပုဂၢလိကဘက္မွဦးေဆာင္လုပ္ကိုင္သြားမည္ဟု ဆို

တရုတ္ႏိုင္ငံသို႔ တရားဝင္ဆန္တင္ပို႔ႏုိင္ေရးအတြက္လိုအပ္သည္မ်ားကို ပုဂၢလိကဘက္မွဦးေဆာင္၍ လုပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက ေျပာသည္။  
ျမန္မာႏုိင္ငံမွ တရုတ္ႏိုင္ငံသို႔ မူဆယ္လမ္းေၾကာင္းမွတစ္ဆင့္ ဆန္မ်ားတင္ပို႔ေနျခင္းျဖစ္ၿပီး လက္ရွိတြင္ တရုတ္ႏုိင္ငံသည္ တရားမဝင္ဆန္တင္သြင္းမႈစနစ္ကိုတင္းၾကပ္စြာေဆာင္ရြက္ေနၿပီး တရားဝင္နည္းျဖင့္ ဆန္တင္သြင္းျခင္းသာလက္ခံေနသျဖင့္ ျမန္မာ့ဆန္မ်ားတရုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ျခင္းမရွိေသာေၾကာင့္ ျပည္ပဆန္တင္ပို႔မႈက်ဆင္းေနေၾကာင္း သိရသည္။
“တရုတ္ျပည္ကိုတင္သြင္းႏိုင္တဲ့ဆန္စက္ေတြ ဒီေနရာမွာရွိတယ္။ ဒီလိုအရည္အေသြးရွိတယ္။ ႀကိတ္ခြဲႏုိင္တယ္ဆိုတဲ့ သက္ဆုိင္ရာလယ္ယာစိုက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနေအာက္က ပိုးမႊားကာကြယ္ေရး အသိအမွတ္ျပဳတဲ့စာရင္းတရုတ္ႏုိင္ငံကိုပို႔ေပးရမယ္။ ဒီစာရင္းကိုအစိုးရဘက္ကလုပ္ရင္ ေႏွာင့္ေႏွးမွာျဖစ္တဲ့အတြက္ ပုဂၢလိကက႑ကေနဦးေဆာင္ၿပီး ၾကားခံအဖြဲ႕အစည္းအျဖစ္ ေဆာင္ရြက္ေပးမယ္။ ဆန္စက္ေတြကိုစစ္ခိုင္းမယ္။ စစ္ခိုင္းလို႔ ေအာင္တဲ့စာရင္းေတြကိုတရုတ္ျပည္ကိုပို႔မယ္။ ဒီစာရင္းေတြရၿပီးရင္ တရုတ္ျပည္အထိတရားဝင္ပို႔တဲ့စနစ္ကိုဆက္လက္ေဆာင္ရြက္မယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ဦးေအာင္သန္းဦးက ေျပာသည္။    
ၿပီးခဲ့ေသာ ၂၀၁၂ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွ တရုတ္ႏိုင္ငံသို႔ ဆန္အေျမာက္အမ်ား တင္ပို႔ႏိုင္ခဲ့ေသာေၾကာင့္ ျမန္မာ့ဆန္တင္ပို႔မႈ ပမာဏလည္းတုိးျမင့္လာခဲ့ၿပီး ျမန္မာႏိုင္ငံမွတရားဝင္နည္းျဖင့္ တင္ပို႔ေနေသာ္လည္းတရုတ္ႏိုင္ငံမွ တရားဝင္ခြင့္ျပဳထားမႈမရွိျခင္းျဖစ္သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံမွ တရုတ္ႏိုင္ငံသို႔ Quota စနစ္ျဖင့္သာဆန္တင္ပို႔ႏိုင္ေတာ့မည္ျဖစ္ၿပီး ယင္းသို႔ Quato စနစ္ျဖင့္ပမာဏမ်ားမ်ားတင္ပို႔ႏိုင္ရန္ World Trade Organization (ကမာၻ႔ကုန္သြယ္ေရးအဖြဲ႔) မွ သတ္မွတ္ထားသည့္ စံခ်ိန္စံၫႊန္းမ်ားႏွင့္ကိုက္ညီရန္ လိုအပ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ သိရသည္။
ျမန္မာႏိုင္ငံမွ ျပည္ပဆန္တင္ပို႔မႈပမာဏသည္ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ မတ္ထရစ္တန္ခ်ိန္ ၃ ဒႆမ ၆ သန္း နီးပါးတင္ပို႔ႏိုင္ခဲ့ၿပီး ၂၀၁၈-၁၉ ဘ႑ာႏွစ္ (ဧၿပီလ ၁ ရက္မွ မတ္လ ၃၁ ရက္) တြင္ ဆန္တန္ခ်ိန္ ၂ သန္းေက်ာ္သာ တင္ပုိ႔ႏိုင္ခဲ့သည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့နိုင်ရေးအတွက်လိုအပ်သည်များကို ပုဂ္ဂလိကဘက်မှဦးဆောင်၍ လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။  
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မူဆယ်လမ်းကြောင်းမှတစ်ဆင့် ဆန်များတင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသည် တရားမဝင်ဆန်တင်သွင်းမှုစနစ်ကိုတင်းကြပ်စွာဆောင်ရွက်နေပြီး တရားဝင်နည်းဖြင့် ဆန်တင်သွင်းခြင်းသာလက်ခံနေသဖြင့် မြန်မာ့ဆန်များတရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသောကြောင့် ပြည်ပဆန်တင်ပို့မှုကျဆင်းနေကြောင်း သိရသည်။
“တရုတ်ပြည်ကိုတင်သွင်းနိုင်တဲ့ဆန်စက်တွေ ဒီနေရာမှာရှိတယ်။ ဒီလိုအရည်အသွေးရှိတယ်။ ကြိတ်ခွဲနိုင်တယ်ဆိုတဲ့ သက်ဆိုင်ရာလယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက်က ပိုးမွှားကာကွယ်ရေး အသိအမှတ်ပြုတဲ့စာရင်းတရုတ်နိုင်ငံကိုပို့ပေးရမယ်။ ဒီစာရင်းကိုအစိုးရဘက်ကလုပ်ရင် နှောင့်နှေးမှာဖြစ်တဲ့အတွက် ပုဂ္ဂလိကကဏ္ဍကနေဦးဆောင်ပြီး ကြားခံအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ပေးမယ်။ ဆန်စက်တွေကိုစစ်ခိုင်းမယ်။ စစ်ခိုင်းလို့ အောင်တဲ့စာရင်းတွေကိုတရုတ်ပြည်ကိုပို့မယ်။ ဒီစာရင်းတွေရပြီးရင် တရုတ်ပြည်အထိတရားဝင်ပို့တဲ့စနစ်ကိုဆက်လက်ဆောင်ရွက်မယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောသည်။    
ပြီးခဲ့သော ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်အမြောက်အများ တင်ပို့နိုင်ခဲ့သောကြောင့် မြန်မာ့ဆန်တင်ပို့မှု ပမာဏလည်းတိုးမြင့်လာခဲ့ပြီး မြန်မာနိုင်ငံမှတရားဝင်နည်းဖြင့် တင်ပို့နေသော်လည်းတရုတ်နိုင်ငံမှ တရားဝင်ခွင့်ပြုထားမှုမရှိခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ Quota စနစ်ဖြင့်သာဆန်တင်ပို့နိုင်တော့မည်ဖြစ်ပြီး ယင်းသို့ Quato စနစ်ဖြင့်ပမာဏများများတင်ပို့နိုင်ရန် World Trade Organization (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့) မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုပမာဏသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မတ်ထရစ်တန်ချိန် ၃ ဒဿမ ၆ သန်း နီးပါးတင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်) တွင် ဆန်တန်ချိန် ၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့သည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။