Skip to main content
ျပည္တြင္း၌ ငါးျမစ္ခ်င္းေစ်းႏႈန္း စံခ်ိန္တင္ျမင့္တက္ေန
Ads Block

ျပည္တြင္း၌ ငါးျမစ္ခ်င္းေစ်းႏႈန္း စံခ်ိန္တင္ျမင့္တက္ေန

ျပည္တြင္း၌ ငါးျမစ္ခ်င္းထြက္ရွိႏႈန္းႏွင့္၀ယ္လိုအား မမွ်သျဖင့္ စံခ်ိန္တင္ေစ်းႏႈန္းျမင့္တက္ေနေၾကာင္း ငါးေစ်းကြက္မွ သိရသည္။
ျပည္တြင္းငါးေစ်းကြက္အတြင္း ငါးျမစ္ခ်င္း 2F (တစ္ပိႆာ ၂၀ အရြယ္) တစ္ပိႆာလွ်င္ အမ်ားဆံုး က်ပ္ ၃၆၀၀ မွ က်ပ္ ၃၇၀၀ အထိသာေစ်းႏႈန္းျမင့္တက္ေလ့ရွိေသာ္လည္း ယခုေမလေနာက္ဆံုးအပတ္တြင္ က်ပ္ ၄၂၀၀ အထိ ျမင့္တက္ေနေၾကာင္းျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴးဦးဝင္းႀကိဳင္ ေျပာျပခ်က္အရ သိရသည္။
“ ၁၀ လပိုင္း၊ ၁၁ လပိုင္းကစၿပီး တျဖည္းျဖည္း ေစ်းတက္လာတာ။ အခု ငါးျမစ္ခ်င္းတစ္ပိႆာကို ၄၂၀၀ အထိ တက္ေနၿပီ။ ျမန္မာႏိုင္ငံမွာ တစ္ခါမွမျဖစ္ဖူးတဲ႔ေစ်းႏႈန္းျဖစ္ေနတယ္။ ဒီေလာက္ တစ္ခါမွေစ်းမတက္ဖူးဘူး။ ဒါ အျမင့္ဆံုးပဲ” ဟု ဦးဝင္းႀကိဳင္က ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ယခုအခ်ိန္၌ ငါးအစာေစ်းႏႈန္းမ်ား ႀကီးျမင့္ျခင္း၊ ငါးေစ်းႏႈန္းမ်ား ထုတ္လုပ္မႈ ကုန္က်စရိတ္ေအာက္က်ဆင္းေနျခင္းေၾကာင့္ ငါးေမြးျမဴသူမ်ားသည္ ငါးကန္မ်ားတူးေဖာ္ကာေရာင္းခ်ခဲ့ၾကၿပီး ယခုအခါ ငါးထြက္ရွိသည့္ပမာဏႏွင့္ ေစ်းကြက္၀ယ္လိုအားမမွ်တျဖစ္လာသျဖင့္ ေစ်းႏႈန္းျမင့္တက္လာျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
လတ္တေလာတြင္ ငါးအမ်ိဳးအစားအလိုက္ အင္းအိုင္မွ ငါးဖမ္းဆီးျခင္းကိုပိတ္ထားၿပီး လာမည့္ ဇြန္လ ၁ ရက္မွ စကာ ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးဖမ္းဆီးျခင္းကို ပိတ္ပင္မည္ျဖစ္သျဖင့္ ေမြးျမဴေရးငါးတစ္မ်ိဳးတည္းသာ ေစ်းကြက္အတြင္းဝင္ေရာက္ေန၍ ငါးေစ်းႏႈန္းမ်ားျမင့္တက္ေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

ပြည်တွင်း၌ ငါးမြစ်ချင်းထွက်ရှိနှုန်းနှင့်ဝယ်လိုအား မမျှသဖြင့် စံချိန်တင်ဈေးနှုန်းမြင့်တက်နေကြောင်း ငါးဈေးကွက်မှ သိရသည်။
ပြည်တွင်းငါးဈေးကွက်အတွင်း ငါးမြစ်ချင်း 2F (တစ်ပိဿာ ၂၀ အရွယ်) တစ်ပိဿာလျှင် အများဆုံး ကျပ် ၃၆၀၀ မှ ကျပ် ၃၇၀၀ အထိသာဈေးနှုန်းမြင့်တက်လေ့ရှိသော်လည်း ယခုမေလနောက်ဆုံးအပတ်တွင် ကျပ် ၄၂၀၀ အထိ မြင့်တက်နေကြောင်းမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင် ပြောပြချက်အရ သိရသည်။
“ ၁၀ လပိုင်း၊ ၁၁ လပိုင်းကစပြီး တဖြည်းဖြည်း ဈေးတက်လာတာ။ အခု ငါးမြစ်ချင်းတစ်ပိဿာကို ၄၂၀၀ အထိ တက်နေပြီ။ မြန်မာနိုင်ငံမှာ တစ်ခါမှမဖြစ်ဖူးတဲ့ဈေးနှုန်းဖြစ်နေတယ်။ ဒီလောက် တစ်ခါမှဈေးမတက်ဖူးဘူး။ ဒါ အမြင့်ဆုံးပဲ” ဟု ဦးဝင်းကြိုင်က ပြောသည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ယခုအချိန်၌ ငါးအစာဈေးနှုန်းများ ကြီးမြင့်ခြင်း၊ ငါးဈေးနှုန်းများ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်ကျဆင်းနေခြင်းကြောင့် ငါးမွေးမြူသူများသည် ငါးကန်များတူးဖော်ကာရောင်းချခဲ့ကြပြီး ယခုအခါ ငါးထွက်ရှိသည့်ပမာဏနှင့် ဈေးကွက်ဝယ်လိုအားမမျှတဖြစ်လာသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လတ်တလောတွင် ငါးအမျိုးအစားအလိုက် အင်းအိုင်မှ ငါးဖမ်းဆီးခြင်းကိုပိတ်ထားပြီး လာမည့် ဇွန်လ ၁ ရက်မှ စကာ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခြင်းကို ပိတ်ပင်မည်ဖြစ်သဖြင့် မွေးမြူရေးငါးတစ်မျိုးတည်းသာ ဈေးကွက်အတွင်းဝင်ရောက်နေ၍ ငါးဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။