Skip to main content
ဆန္ကြဲတစ္အိတ္လွ်င္ က်ပ္ ၃၀၀၀ ၀န္းက်င္က်ဆင္း
Ads Block

ဆန္ကြဲတစ္အိတ္လွ်င္ က်ပ္ ၃၀၀၀ ၀န္းက်င္က်ဆင္း

လက္ရွိတြင္ ဆန္ကြဲတစ္တင္းခြဲတစ္အိတ္လွ်င္ ယခင္ႏွစ္ကာလတူထက္ ေစ်းႏႈန္းက်ပ္ ၃၀၀၀ ဝန္းက်င္ က်ဆင္းသြားေၾကာင္း ဘုရင့္ေနာင္ဆန္စပါးကုန္စည္ဒိုင္မွ သိရသည္။

ယခင္ႏွစ္၌ ပင္လယ္လမ္းေၾကာင္းအျပင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ တရုတ္ႏိုင္ငံသို႔ ဆန္ကြဲတင္ပို႔မႈ အားေကာင္းခဲ့သျဖင့္ တစ္တင္းခြဲပါ ဆန္ကြဲတစ္အိတ္လွ်င္ က်ပ္ ၁၈၅၀၀ ဝန္းက်င္အထိ ေစ်းႏႈန္း ျမင့္တက္ခဲ့ေသာ္လည္း လက္ရွိေမလကုန္ပိုင္းတြင္ ဆန္ကြဲတစ္တင္းခြဲပါ တစ္အိတ္လွ်င္ က်ပ္ ၁၅၀၀၀ ဝန္းက်င္သာရရွိေၾကာင္းသိရသည္။
“ဆန္ကြဲေစ်းလည္းက်သြားတာပဲ။ ဆန္ကြဲေစ်းကအခုဆန္ကြဲေစ်းကက်ပ္ ၁၅၀၀၀ တစ္ပတ္လည္ပဲ ရွိေတာ့တယ္။ 234 အမ်ိဳးအစားဆိုရင္ က်ပ္ ၁၄၂၀၀ ၊ ၁၄၃၀၀ တစ္ပတ္လည္ပဲရွိေတာ့တယ္။ မႏွစ္ကနဲ႔ဆိုရင္ အမ်ားႀကီးကြာတယ္။ တစ္အိတ္ကိုက်ပ္ ၃၀၀၀ ေလာက္ကြာသြားတယ္။ သၾကၤန္မတိုင္ခင္က ၁၈၀၀၀  ပတ္လည္ရွိတယ္။ သၾကၤန္ၿပီးေနာက္ပိုင္းအခုေစ်းပိုက်သြားတာ”ဘုရင့္ေနာင္ ဆန္စပါးကုန္စည္ဒုိင္မွ အေထြေထြအတြင္းေရးမွဴး ဦးသန္းဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ဆန္နည္းတူဆန္ကြဲကိုပါ ျပည္ပသို႔ တင္ပို႔ေရာင္းခ်ၾကေသာ္လည္းလက္ရွိတြင္ ပင္လယ္လမ္းေၾကာင္း တစ္ခုတည္းမွသာ တင္ပို႔ေနျခင္း၊ ေစ်းကြက္အတြင္းဆန္ကြဲကုန္ၾကမ္းဝင္ေရာက္မႈမ်ားေနျခင္း၊ ယင္းအျပင္ ျပည္တြင္းေျပာင္းေစ်းႏႈန္းမ်ားဆန္ကြဲေစ်းႏႈန္းထက္ က်ဆင္းေန၍ ဆန္ကြဲအစားေျပာင္းကို အစားထုိးအသံုးျပဳလာျခင္းတို႔ေၾကာင့္ ေစ်းႏႈန္းက်ဆင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ဆန္ကြဲကလည္း ျပည္ပလည္းတင္ပို႔တယ္။ ျပည္တြင္းမွာလည္းသံုးတယ္။ ေမြးျမဴေရးအစာနဲ႔ အရက္ခ်က္ စက္ရံုကိုသြားတာ။ဒီႏွစ္ကေျပာင္းအရမ္းထြက္တယ္။ ေျပာင္းကတရုတ္မသြားေတာ့ ျပည္တြင္းမွာ တစ္ပိႆာကိုက်ပ္ ၄၂၀ ပတ္ခ်ာလည္ပဲရွိတယ္။ ဆန္ကြဲေစ်းရဲ႕ ေအာက္ကုိေတာင္ေရာက္ေနၿပီ။ အရက္ခ်က္ စက္ရံုတို႔၊ ေမြးျမဴေရးအစာအတြက္ကေျပာင္းနဲ႔ ဆန္ကြဲဘယ္ဟာသံုးသံုးရတယ္။ အဲဒီအတြက္ သူတို႔က ဆန္ကြဲကို ျပည္ပတင္ပို႔တဲ့သူဆီကဝင္မလုဘူး။ေျပာင္းေစ်းကအရမ္းသက္သာေတာ့ ေျပာင္းသံုးလုိ႔ရတယ္ေလ” ဟု ဦးသန္းဦးကဆက္ေျပာသည္။
ျမန္မာႏုိင္ငံမွ ဆန္ကြဲကို ဘယ္ဂ်ီယံႏိုင္ငံ၊ အင္ဒုိနီးရွားႏုိင္ငံ၊ တရုတ္ႏုိင္ငံ၊ အေမရိကန္ႏိုင္ငံႏွင့္ ပိုလန္ႏိုင္ငံတို႔သို႔ အမ်ားဆံုးတင္ပို႔ေနေၾကာင္း သိရသည္။
၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္မွ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၂၆ ရက္အထိ ႏိုင္ငံေပါင္း ၂၆ ႏိုင္ငံသို႔ ဆန္ကြဲတန္ခ်ိန္ေပါင္း (မတ္ထရစ္) ၂၅၁၂၈၈ တန္တင္ပို႔ထားခဲ့ၿပီး ပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ ၄၁၂ သန္း ရရွိထားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွကိန္းဂဏန္းမ်ားအရ သိရသည္။

- သင္းလင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

လက်ရှိတွင် ဆန်ကွဲတစ်တင်းခွဲတစ်အိတ်လျှင် ယခင်နှစ်ကာလတူထက် ဈေးနှုန်းကျပ် ၃၀၀၀ ဝန်းကျင် ကျဆင်းသွားကြောင်း ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
ယခင်နှစ်၌ ပင်လယ်လမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့မှု အားကောင်းခဲ့သဖြင့် တစ်တင်းခွဲပါ ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၁၈၅၀၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်ခဲ့သော်လည်း လက်ရှိမေလကုန်ပိုင်းတွင် ဆန်ကွဲတစ်တင်းခွဲပါ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာရရှိကြောင်းသိရသည်။
“ဆန်ကွဲဈေးလည်းကျသွားတာပဲ။ ဆန်ကွဲဈေးကအခုဆန်ကွဲဈေးကကျပ် ၁၅၀၀၀ တစ်ပတ်လည်ပဲ ရှိတော့တယ်။ 234 အမျိုးအစားဆိုရင် ကျပ် ၁၄၂၀၀ ၊ ၁၄၃၀၀ တစ်ပတ်လည်ပဲရှိတော့တယ်။ မနှစ်ကနဲ့ဆိုရင် အများကြီးကွာတယ်။ တစ်အိတ်ကိုကျပ် ၃၀၀၀ လောက်ကွာသွားတယ်။ သြင်္ကန်မတိုင်ခင်က ၁၈၀၀၀  ပတ်လည်ရှိတယ်။ သြင်္ကန်ပြီးနောက်ပိုင်းအခုဈေးပိုကျသွားတာ”ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ အထွေထွေအတွင်းရေးမှူး ဦးသန်းဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ဆန်နည်းတူဆန်ကွဲကိုပါ ပြည်ပသို့ တင်ပို့ရောင်းချကြသော်လည်းလက်ရှိတွင် ပင်လယ်လမ်းကြောင်း တစ်ခုတည်းမှသာ တင်ပို့နေခြင်း၊ ဈေးကွက်အတွင်းဆန်ကွဲကုန်ကြမ်းဝင်ရောက်မှုများနေခြင်း၊ ယင်းအပြင် ပြည်တွင်းပြောင်းဈေးနှုန်းများဆန်ကွဲဈေးနှုန်းထက် ကျဆင်းနေ၍ ဆန်ကွဲအစားပြောင်းကို အစားထိုးအသုံးပြုလာခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“ဆန်ကွဲကလည်း ပြည်ပလည်းတင်ပို့တယ်။ ပြည်တွင်းမှာလည်းသုံးတယ်။ မွေးမြူရေးအစာနဲ့ အရက်ချက် စက်ရုံကိုသွားတာ။ဒီနှစ်ကပြောင်းအရမ်းထွက်တယ်။ ပြောင်းကတရုတ်မသွားတော့ ပြည်တွင်းမှာ တစ်ပိဿာကိုကျပ် ၄၂၀ ပတ်ချာလည်ပဲရှိတယ်။ ဆန်ကွဲဈေးရဲ့ အောက်ကိုတောင်ရောက်နေပြီ။ အရက်ချက် စက်ရုံတို့၊ မွေးမြူရေးအစာအတွက်ကပြောင်းနဲ့ ဆန်ကွဲဘယ်ဟာသုံးသုံးရတယ်။ အဲဒီအတွက် သူတို့က ဆန်ကွဲကို ပြည်ပတင်ပို့တဲ့သူဆီကဝင်မလုဘူး။ပြောင်းဈေးကအရမ်းသက်သာတော့ ပြောင်းသုံးလို့ရတယ်လေ” ဟု ဦးသန်းဦးကဆက်ပြောသည်။
မြန်မာနိုင်ငံမှ ဆန်ကွဲကို ဘယ်ဂျီယံနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ အများဆုံးတင်ပို့နေကြောင်း သိရသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်အထိ နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ဆန်ကွဲတန်ချိန်ပေါင်း (မတ်ထရစ်) ၂၅၁၂၈၈ တန်တင်ပို့ထားခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁၂ သန်း ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှကိန်းဂဏန်းများအရ သိရသည်။

- သင်းလင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။