Skip to main content
တိုယိုတာ ကားစက္ရံုတည္ေထာင္မည္ဆိုျခင္းႏွင့္ပတ္သက္၍ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္သို႔ တင္ျပလာမႈ မရွိေသးဟုဆို
Ads Block

တိုယိုတာ ကားစက္ရံုတည္ေထာင္မည္ဆိုျခင္းႏွင့္ပတ္သက္၍ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္သို႔ တင္ျပလာမႈ မရွိေသးဟုဆို


ျမန္မာႏိုင္ငံတြင္ တိုယိုတာကားစက္ရံုတည္ေဆာက္ရံုတည္ေဆာက္မည္ဆိုျခင္းႏွင့္ပတ္သက္၍ လက္ရွိအထိ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္သို႔ တင္ျပထားျခင္းမရွိေသးေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။
တိုယိုတာကားကုမၸဏီမွ ျမန္မာႏုိင္ငံတြင္ စက္ရံုတည္ေဆာက္မည္ဆိုေသာသတင္းမ်ားျပန္႔ႏွံ႔ေနျခင္းႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ေျဖၾကားေပးျခင္းျဖစ္သည္။
“ျမန္မာႏိုင္ငံမွာ တိုယိုတာကားကုမၸဏီက ကားစက္ရံုလာၿပီးတည္ေဆာက္ၿပီးေတာ့ ကားထုတ္မယ္လို႔ေတာ့ ၾကားတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ထိ MIC ကိုတင္ျပထားတာမရွိေသးဘူး။ ၿပီးေတာ့ SEZ နားမွာလုပ္မယ္လို႔ ၾကားတယ္”ဟု ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။
လက္ရွိတြင္ ယာဥ္အစိတ္အပိုင္းမ်ားတင္သြင္းကာ ျမန္မာႏုိင္ငံ၌တပ္ဆင္တည္ေဆာက္ေသာကားစက္ရံု ၉ ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမွပ္ႏွံမႈေကာ္မရွင္မွ ခြင့္ျပဳထားေၾကာင္း သိရသည္။
လက္ရွိထြက္ေပၚေနေသာသတင္းမ်ားအရ တိုယိုတာကားကုမၸဏီမွာ ယန္းေငြ ၁၀ ဘီလ်ံရင္းႏွီးျမွဳပ္ႏွံမည္ျဖစ္ၿပီး တစ္ႏွစ္လွ်င္အစီးေရ ေထာင္ဂဏန္းမွ ေသာင္းဂဏန္းအထိ တပ္ဆင္ထုတ္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္စာရင္းအရ ကားသစ္ေရာင္းအားမွာ ၁၇၅၀၀ စီးရွိခဲ့ၿပီး နံပါတ္တစ္ ေရာင္းအားအေကာင္းဆံုးမွာ ဆူဇူကီးကားမ်ားျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Uncode Version


မြန်မာနိုင်ငံတွင် တိုယိုတာကားစက်ရုံတည်ဆောက်ရုံတည်ဆောက်မည်ဆိုခြင်းနှင့်ပတ်သက်၍ လက်ရှိအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားခြင်းမရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။
တိုယိုတာကားကုမ္ပဏီမှ မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်မည်ဆိုသောသတင်းများပြန့်နှံ့နေခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ တိုယိုတာကားကုမ္ပဏီက ကားစက်ရုံလာပြီးတည်ဆောက်ပြီးတော့ ကားထုတ်မယ်လို့တော့ ကြားတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ MIC ကိုတင်ပြထားတာမရှိသေးဘူး။ ပြီးတော့ SEZ နားမှာလုပ်မယ်လို့ ကြားတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိတွင် ယာဉ်အစိတ်အပိုင်းများတင်သွင်းကာ မြန်မာနိုင်ငံ၌တပ်ဆင်တည်ဆောက်သောကားစက်ရုံ ၉ ခုကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှ ခွင့်ပြုထားကြောင်း သိရသည်။
လက်ရှိထွက်ပေါ်နေသောသတင်းများအရ တိုယိုတာကားကုမ္ပဏီမှာ ယန်းငွေ ၁၀ ဘီလျံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တစ်နှစ်လျှင်အစီးရေ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်စာရင်းအရ ကားသစ်ရောင်းအားမှာ ၁၇၅၀၀ စီးရှိခဲ့ပြီး နံပါတ်တစ် ရောင်းအားအကောင်းဆုံးမှာ ဆူဇူကီးကားများဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။