Skip to main content
သန္႔စင္သၾကားထုတ္လုပ္ႏိုင္ေသာစက္ရုံမ်ား ထပ္မံတည္ေဆာက္ႏိုင္မည္ဆိုပါက ျပည္ပမွ သၾကားတင္သြင္းမႈ မလိုအပ္ေတာ့ဟုဆို
Ads Block

သန္႔စင္သၾကားထုတ္လုပ္ႏိုင္ေသာစက္ရုံမ်ား ထပ္မံတည္ေဆာက္ႏိုင္မည္ဆိုပါက ျပည္ပမွ သၾကားတင္သြင္းမႈ မလိုအပ္ေတာ့ဟုဆို

ျပည္တြင္း စားသုံးမႈမ်ားသည့္ သန္႔စင္သၾကား(Refine Sugar)ထုတ္လုပ္ႏိုင္မည့္ စက္ရုံမ်ား ထပ္မံတည္ေဆာက္ႏိုင္မည္ဆိုပါက ျပည္ပမွ သၾကားတင္သြင္းမႈ မလိုအပ္ေတာ့ေၾကာင္း ျမန္မာႏိုင္ငံသၾကားႏွင့္ၾကံထြက္ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။ လက္႐ွိတြင္ ျပည္တြင္း၌ Refine Sugar ထုတ္လုပ္ႏိုင္သည့္ စက္႐ုံ ၂ ႐ုံသာ႐ွိေနသျဖင့္ Refine Sugar ထုတ္လုပ္ႏိုင္သည့္ စက္႐ုံ ၃ ႐ုံ ၊ ၄ ႐ုံခန္႔ ထပ္မံေဖာ္ေဆာင္ေပးျခင္း(သို႔မဟုတ္)လည္ပတ္ေနဆဲ သၾကားစက္႐ုံမ်ားကို Refine Sugar ထုတ္လုပ္ႏိုင္ရန္ စက္မ်ား တပ္ဆင္ေပးသင့္ေၾကာင္း သိရသည္။ “ ႐ွိၿပီးသားသၾကားစက္႐ုံေတြမွာပဲ Refine Sugar ထုတ္လုပ္ႏိုင္ေအာင္လုပ္မယ္ဆိုရင္ ကုန္က်စရိတ္က သိပ္မ႐ွိပါဘူး။ အစိုးရက ေခ်းေငြထုတ္ေပးရင္အေကာင္းဆုံးေပါ့။ လိုခ်င္တာေပါ့။ ဒါမွမဟုတ္ ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈဖိတ္ေခၚေပးေစခ်င္တယ္။ ျပည္တြင္းသၾကားစားသုံးမႈႏႈန္းနဲ႔ သၾကားထြက္ႏႈန္းယွဥ္ရင္လည္း ပိုလွ်ံတာေၾကာင့္ ျပည္ပကေနတင္သြင္းရေလာက္တဲ့အထိမလိုဘူး”ဟု ျမန္မာႏိုင္ငံ သၾကားႏွင့္ၾကံထြက္ပစၥည္း လုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးစိန္ထြန္းကေျပာသည္။ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ျပည္တြင္းတြင္ ထုတ္လုပ္မႈနည္းသည့္ Refine Sugar ကို အသုံးျပဳရန္ တကယ္လိုအပ္သည့္လုပ္ငန္းမ်ားအတြက္ ျပည္ပမွတင္သြင္းခြင့္ေပးထားသည့္အေပၚ လုပ္ငန္း႐ွင္အခ်ိဳ႕က အခြင့္ေကာင္းယူၿပီး ျပန္လည္ေရာင္းခ်ေနျခင္းမ်ိဳးရွိေနေၾကာင္း သိရသည္။ Refine Sugar ဆိုသည္မွာ ၾကံႀကိတ္ရာသီမဟုတ္သည့္အခ်ိန္တြင္ သၾကားအၾကမ္းထုတ္ထားျခင္းကို အရည္ေဖာ္ၿပီး Refine လုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။ လက္႐ွိျပည္တြင္း၌ Refine Sugar ထုတ္လုပ္ႏိုင္သည့္ စက္႐ုံ ၂ ႐ုံမွာ နဝေဒးႏွင့္ကန္႔ဘလူၿမိဳ႕တို႔တြင္ရွိေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version



ပြည်တွင်း စားသုံးမှုများသည့် သန့်စင်သကြား(Refine Sugar)ထုတ်လုပ်နိုင်မည့် စက်ရုံများ ထပ်မံတည်ဆောက်နိုင်မည်ဆိုပါက ပြည်ပမှ သကြားတင်သွင်းမှု မလိုအပ်တော့ကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ Refine Sugar ထုတ်လုပ်နိုင်သည့် စက်ရုံ ၂ ရုံသာရှိနေသဖြင့် Refine Sugar ထုတ်လုပ်နိုင်သည့် စက်ရုံ ၃ ရုံ ၊ ၄ ရုံခန့် ထပ်မံဖော်ဆောင်ပေးခြင်း(သို့မဟုတ်)လည်ပတ်နေဆဲ သကြားစက်ရုံများကို Refine Sugar ထုတ်လုပ်နိုင်ရန် စက်များ တပ်ဆင်ပေးသင့်ကြောင်း သိရသည်။
“ ရှိပြီးသားသကြားစက်ရုံတွေမှာပဲ Refine Sugar ထုတ်လုပ်နိုင်အောင်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က သိပ်မရှိပါဘူး။ အစိုးရက ချေးငွေထုတ်ပေးရင်အကောင်းဆုံးပေါ့။ လိုချင်တာပေါ့။ ဒါမှမဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပေးစေချင်တယ်။ ပြည်တွင်းသကြားစားသုံးမှုနှုန်းနဲ့ သကြားထွက်နှုန်းယှဉ်ရင်လည်း ပိုလျှံတာကြောင့် ပြည်ပကနေတင်သွင်းရလောက်တဲ့အထိမလိုဘူး”ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးစိန်ထွန်းကပြောသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်တွင်းတွင် ထုတ်လုပ်မှုနည်းသည့် Refine Sugar ကို အသုံးပြုရန် တကယ်လိုအပ်သည့်လုပ်ငန်းများအတွက် ပြည်ပမှတင်သွင်းခွင့်ပေးထားသည့်အပေါ် လုပ်ငန်းရှင်အချို့က အခွင့်ကောင်းယူပြီး ပြန်လည်ရောင်းချနေခြင်းမျိုးရှိနေကြောင်း သိရသည်။
Refine Sugar ဆိုသည်မှာ ကြံကြိတ်ရာသီမဟုတ်သည့်အချိန်တွင် သကြားအကြမ်းထုတ်ထားခြင်းကို အရည်ဖော်ပြီး Refine လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိပြည်တွင်း၌ Refine Sugar ထုတ်လုပ်နိုင်သည့် စက်ရုံ ၂ ရုံမှာ နဝဒေးနှင့်ကန့်ဘလူမြို့တို့တွင်ရှိကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။