Skip to main content
တစ္ႏိုင္ငံလံုးရိွ တရားမဝင္ စက္သုံးဆီအေရာင္းဆိုင္မ်ားကို အေရးယူေတာ့မည္
Ads Block

တစ္ႏိုင္ငံလံုးရိွ တရားမဝင္ စက္သုံးဆီအေရာင္းဆိုင္မ်ားကို အေရးယူေတာ့မည္

တရားမဝင္ဖြင့္လွစ္ေရာင္းခ်ေနသည့္ တစ္ႏိုင္ငံလံုးမွ စက္သုံးဆီအေရာင္းဆိုင္မ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူသြား မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။ 
ထိုသို႔ အေရးယူ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံ ေဒသအသီးသီး႐ွိ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႔အစည္းမ်ားထံ အ ေၾကာင္းၾကားစာမ်ား ေပးပို႔ထားေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ဆီက ခြင့္ျပဳခ်က္မရဘဲ ဖြင့္တဲ့ဆိုင္မွန္သမွ်ကို ရွင္းလင္းေပးပါလို႔ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းေတြကို အေၾကာင္းၾကားထားပါတယ္။ မၾကာခင္စစ္ေဆးအေရးယူ ေဆာင္ရြက္သြားမယ္။ အခုေတာ့ ညႊန္ၾကားထားတယ္” ဟု ျမန္မာ့ ေရနံထြက္ ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္းမွ ၫႊန္ၾကားေရးမွဴး ဦးသိန္းထြန္းက ေျပာသည္။
စက္သုံးဆီလုပ္ငန္း လုပ္ကိုင္ေနၾကသူမ်ားအေနျဖင့္ မီးေဘးအႏၲရာယ္ကင္းရွင္းေစေရးအတြက္ ဂ႐ုျပဳလိုက္နာ ေဆာင္႐ြက္ၾကရန္ သက္ဆိုင္ရာ လုပ္ငန္းတာဝန္ရွိသူမ်ားအေနျဖင့္ စစ္ေဆးၾကပ္မတ္ေဆာင္႐ြက္ေရးအျပင္ ဝန္ႀကီးဌာန၏ တရားဝင္ Website မ်ား ၊ႏိုင္ငံပိုင္သတင္းစာမ်ား ၌လည္းအသိေပးႏႈိးေဆာ္ထားေၾကာင္း သိရသည္။ 
ပုဂၢလိကစက္သုံးဆီ လုပ္ငန္းလုပ္ကိုင္သူအခ်ိဳ႕တြင္ လုပ္ငန္းေဆာင္႐ြက္ရာ၌ ဝန္ထမ္းမ်ား၏ ေပါ့ဆမႈ၊ စည္းကမ္းမလိုက္နာမႈ၊ တားျမစ္ထားသည့္ ပစၥည္းမ်ားသုံးစြဲမႈ၊ ကားသမားမ်ား၏ မဆင္မျခင္ေမာင္းႏွင္မႈမ်ားေၾကာင့္ စက္သုံးဆီဆိုင္ မီးမေတာ္တဆ မီး ေလာင္မႈ၊ ဆီတင္ဆီခ်စဥ္ မီးေလာင္မႈ၊ ဆီသယ္ယာဥ္တိုက္မႈ၊ တိမ္းေမွာက္မႈ၊ မီးေလာင္မႈျဖစ္စဥ္မ်ား မၾကာခဏျဖစ္ ပြားေန ေၾကာင္း သိရသည္။ 
လက္႐ွိတြင္ တစ္ႏိုင္ငံလုံး အတိုင္းအတာအရ စက္သုံးဆီဆိုင္ေပါင္း ၂၅၀၀ ခန္႔ကို ခြင့္ျပဳထားၿပီး စက္သံုးဆီအရည္အေသြး ျပည့္မီ ျခင္း ရွိမရွိကို ေရႊ႕လ်ားယာဥ္မ်ားျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

- စုသက္ႏွန္း(အကုန္သိသတင္းဌာန)

Unicode version

တစ်နိုင်ငံလုံးရှိ တရားမဝင် စက်သုံးဆီအရောင်းဆိုင်များကို အရေးယူတော့မည်

တရားမဝင်ဖွင့်လှစ်ရောင်းချနေသည့် တစ်နိုင်ငံလုံးမှ စက်သုံးဆီအရောင်းဆိုင်များကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ 
ထိုသို့ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံ အ ကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။
“ကျွန်တော်တို့ ဆီက ခွင့်ပြုချက်မရဘဲ ဖွင့်တဲ့ဆိုင်မှန်သမျှကို ရှင်းလင်းပေးပါလို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို အကြောင်းကြားထားပါတယ်။ မကြာခင်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမယ်။ အခုတော့ ညွှန်ကြားထားတယ်” ဟု မြန်မာ့ ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ပြောသည်။
စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေကြသူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဂရုပြုလိုက်နာ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ လုပ်ငန်းတာဝန်ရှိသူများအနေဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေးအပြင် ဝန်ကြီးဌာန၏ တရားဝင် Website များ ၊နိုင်ငံပိုင်သတင်းစာများ ၌လည်းအသိပေးနှိုးဆော်ထားကြောင်း သိရသည်။ 
ပုဂ္ဂလိကစက်သုံးဆီ လုပ်ငန်းလုပ်ကိုင်သူအချို့တွင် လုပ်ငန်းဆောင်ရွက်ရာ၌ ဝန်ထမ်းများ၏ ပေါ့ဆမှု၊ စည်းကမ်းမလိုက်နာမှု၊ တားမြစ်ထားသည့် ပစ္စည်းများသုံးစွဲမှု၊ ကားသမားများ၏ မဆင်မခြင်မောင်းနှင်မှုများကြောင့် စက်သုံးဆီဆိုင် မီးမတော်တဆ မီး လောင်မှု၊ ဆီတင်ဆီချစဉ် မီးလောင်မှု၊ ဆီသယ်ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု၊ မီးလောင်မှုဖြစ်စဉ်များ မကြာခဏဖြစ် ပွားနေ ကြောင်း သိရသည်။ 
လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ စက်သုံးဆီဆိုင်ပေါင်း ၂၅၀၀ ခန့်ကို ခွင့်ပြုထားပြီး စက်သုံးဆီအရည်အသွေး ပြည့်မီ ခြင်း ရှိမရှိကို ရွှေ့လျားယာဉ်များဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

- စုသက်နှန်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။