Skip to main content
ပုဂံေဒသကို ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းရာတြင္ အခက္အခဲမ်ားစြာ ရွိဟုဆို
Ads Block

ပုဂံေဒသကို ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းရာတြင္ အခက္အခဲမ်ားစြာ ရွိဟုဆို

ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ေဒသတစ္ခုျဖစ္သည့္ ပုဂံေဒသကို ကမာၻ႔အေမြအႏွစ္စာရင္းတင္သြင္းရာတြင္ အခက္အခဲမ်ား စြာရွိေၾကာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသိန္းလြင္က ေျပာသည္။
ပုဂံေဒသကို ျမန္မာ့အေမြအႏွစ္မွ ယူနက္စကို ကမာၻ႔အေမြအႏွစ္စာရင္း ၂၀၁၉ ဝင္ေရာက္ရန္ ႀကိဳဆိုပြဲႏွင့္ ေဆြးေႏြးပြဲ အခမ္းအ နား တြင္ ၄င္းကအထက္ပါ အတိုင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ပုဂံေဒသကို ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းရာတြင္ အခက္အခဲမ်ားစြာ ရွိဟုဆို


“ပုဂံကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ဖို႔အတြက္ ၁၉၉၆ ခုႏွစ္ကတည္းက တင္သြင္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ကို ခ်က္ ျခင္း အေၾကာင္းျပန္တယ္။ ေရွးေဟာင္း အေမြအႏွစ္ေတြနဲ႔ ပတ္သက္ၿပီး ဥပေဒမရွိဘူး။ ေဂါက္ကြင္းေတြလုပ္တာ၊ လမ္းေတြ ေဖာက္တာက ပံုရိပ္ကို ထိခိုက္ေစတယ္။ ျပန္ျပင္ဖို႔ ေျပာတယ္။ ပုဂံဟာ ျမန္မာ့အေမြအႏွစ္ကေန ကမာၻ႔အေမြအႏွစ္ကို တက္ လွမ္းသြားႏိုင္ၿပီဆိုရင္ ႏိုင္ငံရဲ႕ယဥ္ေက်းမႈ မ်က္ႏွာစာ ျမင့္တက္သြားမယ္။ ျပည္ပခရီးသြား ဧည့္သည္ေတြက အဓိက ပုဂံကို လာ ၾကတယ္။ အဓိက ခရီးသြားလုပ္ငန္းျမင့္ တက္လာမယ္။ ခရီးသြားလုပ္ငန္းျမင့္ တက္လာတာနဲ႔အမွ် ေဒသခံျပည္သူေတြ အလုပ္ အကိုင္ အခြင့္အလမ္းေတြ ရလာမယ္။ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြလည္း တိုးတက္လာမယ္။ ၿပီးေတာ့ ပုဂံကို ေရွးေဟာင္းအေမြအႏွစ္စာရင္းတင္သြင္းဖို႔အတြက္ ဘုရားေတြကို ျပန္ၿပီးေလ့လာရတယ္။ အေရအတြက္အတိအက်မသိရဘူး။ အခုေတာ့ တိတိက်က်သိရၿပီ။ စုစုေပါင္း ၃၈၂၂ ဆူရွိတယ္”ဟု သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ဒုတိယ ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးသိန္းလြင္က ေျပာသည္။
ပုဂံေဒသကို UNESCO ကမာၻ႕အေမြအႏွစ္စာရင္းဝင္ရန္ ၁၉၉၆ ခုႏွစ္ ကတည္းက တင္သြင္းခဲ့ေသာ္လည္း သတ္မွတ္ထားသည့္ အခ်က္အလက္မ်ား ျပည့္စုံမႈမရွိသည့္အတြက္ တင္သြင္းခြင့္ မရရွိခဲ့ေၾကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ ကမာၻ႕အေမြအႏွစ္တင္သြင္းရန္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီး ဌာနက ျပန္လည္ေဆာင္ရြက္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ သတ္မွတ္ထားသည့္ အ ခ်က္အလက္အျပည့္အစုံျဖင့္ ျပန္လည္တင္သြင္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ပုဂံေဒသ ကမာၻ႔အေမြအႏွစ္စာရင္း ဝင္မ၀င္ကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လတြင္ အဇာဘိုင္ဂ်န္တြင္ က်င္းပမည့္ (၄၃) ႀကိမ္ေျမာက္ UNESCO ညီလာခံတြင္ ဆုံးျဖတ္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ ျမန္မာျပည္၌ ပ်ဴၿမိဳ႕ေဟာင္းသံုးခုမွာ ပထမဦးဆံုး ကမာၻ႔အေမြ အႏွစ္ စာရင္းဝင္ခဲ့ၿပီး ရခိုင္ျပည္နယ္ရွိ ေျမာက္ဦးေဒသကိုလည္း ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းႏိုင္ရန္ ဆက္လက္လုပ္ေဆာင္ေန ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် အခက်အခဲများစွာ ရှိဟုဆို

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်သည့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် အခက်အခဲများ စွာရှိကြောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။
ပုဂံဒေသကို မြန်မာ့အမွေအနှစ်မှ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း ၂၀၁၉ ဝင်ရောက်ရန် ကြိုဆိုပွဲနှင့် ဆွေးနွေးပွဲ အခမ်းအ နား တွင် ၎င်းကအထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပုဂံေဒသကို ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းရာတြင္ အခက္အခဲမ်ားစြာ ရွိဟုဆို


“ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် ၁၉၉၆ ခုနှစ်ကတည်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကို ချက် ခြင်း အကြောင်းပြန်တယ်။ ရှေးဟောင်း အမွေအနှစ်တွေနဲ့ ပတ်သက်ပြီး ဥပဒေမရှိဘူး။ ဂေါက်ကွင်းတွေလုပ်တာ၊ လမ်းတွေ ဖောက်တာက ပုံရိပ်ကို ထိခိုက်စေတယ်။ ပြန်ပြင်ဖို့ ပြောတယ်။ ပုဂံဟာ မြန်မာ့အမွေအနှစ်ကနေ ကမ္ဘာ့အမွေအနှစ်ကို တက် လှမ်းသွားနိုင်ပြီဆိုရင် နိုင်ငံရဲ့ယဉ်ကျေးမှု မျက်နှာစာ မြင့်တက်သွားမယ်။ ပြည်ပခရီးသွား ဧည့်သည်တွေက အဓိက ပုဂံကို လာ ကြတယ်။ အဓိက ခရီးသွားလုပ်ငန်းမြင့် တက်လာမယ်။ ခရီးသွားလုပ်ငန်းမြင့် တက်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ အလုပ် အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလည်း တိုးတက်လာမယ်။ ပြီးတော့ ပုဂံကို ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် ဘုရားတွေကို ပြန်ပြီးလေ့လာရတယ်။ အရေအတွက်အတိအကျမသိရဘူး။ အခုတော့ တိတိကျကျသိရပြီ။ စုစုပေါင်း ၃၈၂၂ ဆူရှိတယ်”ဟု သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။
ပုဂံဒေသကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ၁၉၉၆ ခုနှစ် ကတည်းက တင်သွင်းခဲ့သော်လည်း သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှုမရှိသည့်အတွက် တင်သွင်းခွင့် မရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်တင်သွင်းရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက ပြန်လည်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ထားသည့် အ ချက်အလက်အပြည့်အစုံဖြင့် ပြန်လည်တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်မဝင်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အဇာဘိုင်ဂျန်တွင် ကျင်းပမည့် (၄၃) ကြိမ်မြောက် UNESCO ညီလာခံတွင် ဆုံးဖြတ်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာပြည်၌ ပျူမြို့ဟောင်းသုံးခုမှာ ပထမဦးဆုံး ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြောက်ဦးဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် ဆက်လက်လုပ်ဆောင်နေ ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။