Skip to main content
မီးဖြားမိခင္ ေသဆံုးမႈႏႈန္း ၂၀၁၁ ခုႏွစ္ စာရင္းထက္ ထက္၀က္နီးပါး ေလ်ာ့နည္းလာေၾကာင္း က်န္းမာေရး၀န္ႀကီးဌာန ေျပာ
Ads Block

မီးဖြားမိခင္ ေသဆံုးမႈႏႈန္း ၂၀၁၁ ခုႏွစ္ စာရင္းထက္ ထက္၀က္နီးပါး ေလ်ာ့နည္းလာေၾကာင္း က်န္းမာေရး၀န္ႀကီးဌာန ေျပာ

၂၀၁၁ ခုနွစ္တြင္ တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ မီးဖြား မိခင္ေသဆုံးမႈနႈန္း ၁၅၀၀ ဦးရိွခဲ့ရာမွ  ၂၀၁၈ ခုႏွစ္တြင္ ၈၀၀ ေက်ာ္အထိ ေလ်ာ့က်ေအာင္ေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ အၿမဲတမ္းအတြင္း၀န္ ပါေမာကၡ ေဒါက္တာ သက္ခုိင္၀င္းက ေျပာသည္။
ေမလ၂၇ ရက္ ေနျပည္တြင္ က်င္းပေသာ ျပည္သူ႔အတြက္ တတိယ(၁)ႏွစ္တာ ကာလအတြင္း ေဆာင္ရြက္ခဲ့မႈမ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္ထဲေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတုိ႔၏ သတင္းစာရွင္းလင္းပြဲတြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ အၿမဲတမ္းအတြင္း၀န္ ပါေမာကၡ ေဒါက္တာသက္ခုိင္၀င္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ကြ်မ္းက်င္တဲ့ ၀န္ထမ္းနဲ႔ ကေလးေမြးဖြားတာဟာ ၂၀၁၆ ခုႏွစ္မွာ ၆.၈ သိန္းရွိရာက ၂၀၁၈ ခုႏွစ္မွာ ၇.၈ သိန္းထိ တုိးတက္ခဲ့ပါ တယ္။ အဲဒီလုိပါပဲ ေဆးရုံ တက္ ကေလးေမြးဖြားနႈန္းဟာလည္း ၂၀၁၆ ခုနွစ္မွာ ၃.၉ သိန္းရွိရာက ၂၀၁၈ ခုႏွစ္မွာ ၄.၅ သိန္းထိ ရွိ လာပါတယ္။ မိခင္ေသဆုံးမႈနႈန္းမွာဆုိလည္း ၂၀၁၁ ခုႏွစ္က ေသဆုံးနႈန္း ၁၅၀၀ ကေန ၂၀၁၈ ခုႏွစ္မွာ ၈၀၀ ေက်ာ္ထိ ေလ်ာ့က် ေအာင္ ေဆာင္ရြက္ႏုိင္ခဲ့ပါတယ္” ဟု ၄င္းက ေျပာသည္။
ျမန္မာႏုိင္ငံသည္ မိခင္ႏွင့္ ကေလးေသဆုံးမႈႏႈန္းတြင္ ႏုိင္ငံတကာ အခ်က္အလက္မ်ားအရ အျမင့္ဆုံးျဖစ္ၿပီး ယင္းကဲ့သို႔ မိခင္ႏွင့္ ကေလး အပါအ၀င္ ေမြးကင္းစ ကေလးမ်ား ေသဆုံးမႈနႈန္း မ်ားျပားရျခင္းမွာ မွန္ကန္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈကုိ ေက်း လက္ေဒသမ်ားတြင္ မရရွိ၍ျဖစ္ေၾကာင္း ပါေမာကၡ ေဒါက္တာေက်ာ္ျမင့္ႏုိင္က ေမလအတြင္း ပါရမီေဆးရုံတြင္ ေျပာၾကားထား သည္။
“မိခင္နဲ႔ကေလး ေသဆုံးမႈနႈန္း ဆက္လက္ျမင့္တက္ေနတာ ကြ်န္ေတာ္တုိ႔ ႏုိ္င္ငံအေနနဲ႔ ရွက္ဖုိ႔ေကာင္းတယ္။ ဒါေတြက ဘယ္မွာ ျပႆနာျဖစ္ေနလဲဆုိေတာ့ နယ္ေတြမွာ အမ်ားဆုံးပဲ။ အခ်င္းကေရွ႕မွာ ေရာက္ေနတယ္။ ဒါကုိသားအိမ္သြားကိုင္ေတာ့ ေသြး ထြက္လြန္ၿပီး မိခင္ကေသဆုံးတယ္။ ဒါေတြက အေစာႀကီးကတည္းက ေဆးရုံကုိတက္ရမယ္။ မွန္ကန္တဲ့ က်န္းမာေရး ေစာင့္ ေရွာက္မႈ ရရင္ မိခင္ကမေသဘူး” ဟု ပါေမာကၡ ေဒါက္တာေက်ာ္ျမင့္ႏုိင္က ေျပာသည္။
ျမန္မာႏုိင္ငံတြင္ ၁၆ ကုတင္ဆံ့နွင့္ ကုတင္ ၂၀၀ ဆံ့ေဆးရုံ ၁၁၀၀ ေက်ာ္၊ ေဆးရုံကုတင္ေပါင္း ၅၀၀၀၀ ေက်ာ္ရွိၿပီး ေက်းလက္ က်န္းမာေရးဌာန ၁၈၄၀ ေက်ာ္၊ ေဒသႏၱရ မိခင္ႏွင့္ ကေလးက်န္းမာေရးဌာန ၄၄၀ ေက်ာ္၊ ဌာနခြဲေပါင္း ၈၆၀၀ ေက်ာ္၊ တုိင္းရင္း ေဆးရုံ ၄၀ေက်ာ္၊ တုိင္းရင္းေဆးခန္း၂၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

မီးဖွားမိခင် သေဆုံးမှုနှုန်း ၂၀၁၁ ခုနှစ် စာရင်းထက် ထက်ဝက်နီးပါး လျော့နည်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြော

၂၀၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးဖွား မိခင်သေဆုံးမှုနှုန်း ၁၅၀၀ ဦးရှိခဲ့ရာမှ  ၂၀၁၈ ခုနှစ်တွင် ၈၀၀ ကျော်အထိ လျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
မေလ၂၇ ရက် နေပြည်တွင် ကျင်းပသော ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွမ်းကျင်တဲ့ ဝန်ထမ်းနဲ့ ကလေးမွေးဖွားတာဟာ ၂၀၁၆ ခုနှစ်မှာ ၆.၈ သိန်းရှိရာက ၂၀၁၈ ခုနှစ်မှာ ၇.၈ သိန်းထိ တိုးတက်ခဲ့ပါ တယ်။ အဲဒီလိုပါပဲ ဆေးရုံ တက် ကလေးမွေးဖွားနှုန်းဟာလည်း ၂၀၁၆ ခုနှစ်မှာ ၃.၉ သိန်းရှိရာက ၂၀၁၈ ခုနှစ်မှာ ၄.၅ သိန်းထိ ရှိ လာပါတယ်။ မိခင်သေဆုံးမှုနှုန်းမှာဆိုလည်း ၂၀၁၁ ခုနှစ်က သေဆုံးနှုန်း ၁၅၀၀ ကနေ ၂၀၁၈ ခုနှစ်မှာ ၈၀၀ ကျော်ထိ လျော့ကျ အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် မိခင်နှင့် ကလေးသေဆုံးမှုနှုန်းတွင် နိုင်ငံတကာ အချက်အလက်များအရ အမြင့်ဆုံးဖြစ်ပြီး ယင်းကဲ့သို့ မိခင်နှင့် ကလေး အပါအဝင် မွေးကင်းစ ကလေးများ သေဆုံးမှုနှုန်း များပြားရခြင်းမှာ မှန်ကန်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ကျေး လက်ဒေသများတွင် မရရှိ၍ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က မေလအတွင်း ပါရမီဆေးရုံတွင် ပြောကြားထား သည်။
“မိခင်နဲ့ကလေး သေဆုံးမှုနှုန်း ဆက်လက်မြင့်တက်နေတာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ရှက်ဖို့ကောင်းတယ်။ ဒါတွေက ဘယ်မှာ ပြဿနာဖြစ်နေလဲဆိုတော့ နယ်တွေမှာ အများဆုံးပဲ။ အချင်းကရှေ့မှာ ရောက်နေတယ်။ ဒါကိုသားအိမ်သွားကိုင်တော့ သွေး ထွက်လွန်ပြီး မိခင်ကသေဆုံးတယ်။ ဒါတွေက အစောကြီးကတည်းက ဆေးရုံကိုတက်ရမယ်။ မှန်ကန်တဲ့ ကျန်းမာရေး စောင့် ရှောက်မှု ရရင် မိခင်ကမသေဘူး” ဟု ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၁၆ ကုတင်ဆံ့နှင့် ကုတင် ၂၀၀ ဆံ့ဆေးရုံ ၁၁၀၀ ကျော်၊ ဆေးရုံကုတင်ပေါင်း ၅၀၀၀၀ ကျော်ရှိပြီး ကျေးလက် ကျန်းမာရေးဌာန ၁၈၄၀ ကျော်၊ ဒေသန္တရ မိခင်နှင့် ကလေးကျန်းမာရေးဌာန ၄၄၀ ကျော်၊ ဌာနခွဲပေါင်း ၈၆၀၀ ကျော်၊ တိုင်းရင်း ဆေးရုံ ၄၀ကျော်၊ တိုင်းရင်းဆေးခန်း၂၀၀ ကျော်ရှိကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။